ဟယ်ရီကိန်းရဲ့နေရာမှာ အစားထိုးရမယ့်သူမရှိဘူးလို့ မော်ရင်ဟိုဝန်ခံ

Photo- Internet

စပါးအသင်းနည်းပြ မော်ရင်ဟိုက ဒဏ်ရာရနေတဲ့တိုက်စစ်မှူ း ဟယ်ရီကိန်းရဲ့နေရာမှာအစားထိုးရမယ့်သူမရှိဘူးလို့ ပြောလိုက်ပါတယ်။ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟယ်ရီကိန်းဟာ ဘယ်ဘက်တံကောက်ကြောဒဏ်ရာ ရရှိလို့ မတ်လအထိအနားယူရမယ့်သူဖြစ်ပါတယ်။

သူဟာဒီဒဏ်ရာကို နှစ်သစ်ကူးနေ့က ဆောက်သမ်တန်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာကအစောပိုင်းထင်ထားတာထက်ပိုပြီးပြင်းထန်လို့ ၈ ပတ်အထိအနားယူရဖို့ရှိနေတာကြောင့် မတ်လရောက်မှသူ ပြန်ကစားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

Photo- Internet

စပါးဟာအက်ဖ်အေဖလားတတိယအဆင့် ပွဲစဉ်အဖြစ်မစ်ဒယ်ဘရော့နဲ့အဝေးကွင်းယှဉ်ပြိုင်ခဲ့ရာမှာ ပြိုင်ဘက်ရဲ့ဦးဆောင်ဂိုးသွင်းယူမှုကို ခံခဲ့ရပြီး ဒုတိယပိုင်းမှာ လူးကက်စ်မိုရာကချေပဂိုးကိုခေါင်းတိုက် သွင်းယူပေးခဲ့လို့ နောက်တစ်ဆင့်တက်ရေးအတွက် အိမ်ကွင်းမှာပြန်ကန်ပွဲစဉ်ကစားရတော့မှာဖြစ်ပါတယ်။

Photo- Internet

ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၃ ပွဲမှာအနိုင်မရခဲ့တဲ့ စပါးမှာ ဟယ်ရီကိန်းအပြင် ဒမ်ဘီလီ၊ လိုရစ်နဲ့ ဒန်နီရို့စ်တို့လို အဓိက ကစားသမားတွေဒဏ်ရာရရှိနေကြတာပါ။ ဒါကြောင့် မော်ရင်ဟိုဟာ မစ်ဒယ်ဘရော့နဲ့ပွဲမှာ ဆွန်ဟောင်မင်ကိုအထောင်တိုက်စစ်မှူ းအဖြစ် ကစားစေခဲ့ပြီး နောက်ပိုင်းမှသာ မိုရာနဲ့တွဲဖက်ကစားစေခဲ့တာပါ။

Photo- Internet

မော်ရင်ဟိုက”ကျွန်တော်တို့ဟာ ရှိတဲ့သူတွေနဲ့ဘဲပွဲထွက်ခဲ့ရပြီး ကစားသမားတွေကလည်းသူတို့လုပ်နိုင်သလောက်ဘဲ လုပ်ပြခဲ့ကြတာပါ။ ခင်ဗျားအနေနဲ့ ဆွန်ဟောင်မင်နဲ့ မိုရာ တို့ကိုကျောနံပါတ် ၉ ဟယ်ရီကိန်းအဖြစ်ပြောင်းလဲကစားစေလို့မရပါဘူး။ဒါကြောင့် အပြောင်းအလဲလုပ်ပြီး စွန့်စားခဲ့ရတာပါ။ နောက်ပိုင်းမိနစ် ၃၀ မှာဆိုရင်ကျွန်တော့်အသင်းမှာ ကွင်းလယ်လူတစ်ဦးတောင်မရှိခဲ့ပါဘူး” လို့ပြောသွားပါတယ်။ ကွင်းလယ်လူမရှိဘူးဆိုတာက ဟယ်ရီဝင့်ခ်နဲ့ ဆက်ဆီနွန်တို့ကို လိုဆယ်လ်ဆို၊ လာမီလာတို့နဲ့ လူစားထိုးခဲ့တာကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။

Photo- Internet

Zawgyi

ဟယ္ရီကိန္းရဲ႕ေနရာမွာ အစားထိုးရမယ္႔သူမရွိဘူးလို႔ ေမာ္ရင္ဟို၀န္ခံ

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက ဒဏ္ရာရေနတဲ႔တိုက္စစ္မွဴ း ဟယ္ရီကိန္းရဲ႕ေနရာမွာအစားထိုးရမယ္႔သူမရွိဘူးလို႔ ေျပာလိုက္ပါတယ္။ အသင္းေခါင္းေဆာင္ျဖစ္တဲ႔ ဟယ္ရီကိန္းဟာ ဘယ္ဘက္တံေကာက္ေၾကာဒဏ္ရာ ရရွိလို႔ မတ္လအထိအနားယူရမယ္႔သူျဖစ္ပါတယ္။

သူဟာဒီဒဏ္ရာကို ႏွစ္သစ္ကူးေန႔က ေဆာက္သမ္တန္ကို ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ႔ပြဲစဥ္မွာရရွိခဲ့တာျဖစ္ၿပီး ဒဏ္ရာကအေစာပိုင္းထင္ထားတာထက္ပိုၿပီးျပင္းထန္လို႔ ၈ ပတ္အထိအနားယူရဖို႔ရွိေနတာေၾကာင့္ မတ္လေရာက္မွသူ ျပန္ကစားႏိုင္ဖို႔ရွိေနတာျဖစ္ပါတယ္။

စပါးဟာအက္ဖ္ေအဖလားတတိယအဆင့္ ပြဲစဥ္အျဖစ္မစ္ဒယ္ဘေရာ႕နဲ႔အေ၀းကြင္းယွဥ္ၿပိဳင္ခဲ့ရာမွာ ၿပိဳင္ဘက္ရဲ႕ဦးေဆာင္ဂိုးသြင္းယူမႈကို ခံခဲ့ရၿပီး ဒုတိယပိုင္းမွာ လူးကက္စ္မိုရာကေခ်ပဂိုးကိုေခါင္းတိုက္ သြင္းယူေပးခဲ့လို႔ ေနာက္တစ္ဆင့္တက္ေရးအတြက္ အိမ္ကြင္းမွာျပန္ကန္ပြဲစဥ္ကစားရေတာ႔မွာျဖစ္ပါတယ္။

ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၃ ပြဲမွာအႏိုင္မရခဲ့တဲ႔ စပါးမွာ ဟယ္ရီကိန္းအျပင္ ဒမ္ဘီလီ၊ လိုရစ္နဲ႔ ဒန္နီရို႔စ္တို႔လို အဓိက ကစားသမားေတြဒဏ္ရာရရွိေနၾကတာပါ။ ဒါေၾကာင့္ ေမာ္ရင္ဟိုဟာ မစ္ဒယ္ဘေရာ႔နဲ႔ပြဲမွာ ဆြန္ေဟာင္မင္ကိုအေထာင္တိုက္စစ္မွဴ းအျဖစ္ ကစားေစခဲ့ၿပီး ေနာက္ပိုင္းမွသာ မိုရာနဲ႔တြဲဖက္ကစားေစခဲ့တာပါ။

ေမာ္ရင္ဟိုက”က်ြန္ေတာ္တို႔ဟာ ရွိတဲ႔သူေတြနဲ႔ဘဲပြဲထြက္ခဲ့ရၿပီး ကစားသမားေတြကလည္းသူတို႔လုပ္ႏိုင္သေလာက္ဘဲ လုပ္ျပခဲ့ၾကတာပါ။ ခင္ဗ်ားအေနနဲ႔ ဆြန္ေဟာင္မင္နဲ႔ မိုရာ တို႔ကိုေက်ာနံပါတ္ ၉ ဟယ္ရီကိန္းအျဖစ္ေျပာင္းလဲကစားေစလို႔မရပါဘူး။ဒါေၾကာင့္ အေျပာင္းအလဲလုပ္ၿပီး စြန္႔စားခဲ့ရတာပါ။ ေနာက္ပိုင္းမိနစ္ ၃၀ မွာဆိုရင္က်ြန္ေတာ္႔အသင္းမွာ ကြင္းလယ္လူတစ္ဦးေတာင္မရွိခဲ့ပါဘူး” လို႔ေျပာသြားပါတယ္။ ကြင္းလယ္လူမရွိဘူးဆိုတာက ဟယ္ရီ၀င့္ခ္နဲ႔ ဆက္ဆီႏြန္တို႔ကို လိုဆယ္လ္ဆို၊ လာမီလာတို႔နဲ႔ လူစားထိုးခဲ့တာကို ရည္ညႊန္းျခင္းျဖစ္ပါတယ္။