ဒီအပတ် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေကို ဘာကြောင့် ၁မိနစ် နောက်ကျပြီးမှ ကစားစေတာလဲ ??

ဒီနှစ် FAဖလား တတိယအဆင့် ပွဲစဉ်တွေကို ၁မိစနစ်နောက်ကျပြီးမှ ကစားမှာကို ပရိသတ်တွေအားလုံး သိရှိပြီး အံ့အားသင့်နေကြမယ်လို့ ထင်ပါတယ်။ အခုလို ၁မိနစ်နောက်ကျပြီးမှ ကစားစေတဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး ရှင်းလင်းပြီး စိတ်ကျန်းမာရေးကြောင့်လို သိရပါတယ်။

အကြောင်းအရင်းကတော့ FAရဲ့ Heads Up ကမ်ပိန်းကြောင့်လို့ သိရပြီး ဒီကိမ်ပိန်းကတော့ စိတ်ကျန်းမာရေးကို ဦးတည်တယ်လို့ သိရပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့သူတွေကို စာနာတဲ့အနေနဲ့ ပွဲချိန်တွေကို ပုံမှန်ကစားချိန်ထက် စက္ကန့် ၆၀ နောက်ကျပြီးမှ ကစားစေခဲ့တာ ဖြစ်ပါတယ်။

FAရဲ့ အမှုဆောင်ချုပ် မာ့ခ် ဘူလင်ဟမ်က FA ဖလားပွဲစဉ်တွေကို ၁မိနစ်နောက်ကျပြီးမှ ကစားစေတာနဲ့ ပတ်သက်ပြီး “စက္ကန့်၆၀ နောက်ကျပြီးမှ ကစားစေတာက ရိုးရှင်းတဲ့ အတွေးအခေါ် ၁ခု ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ လှုံ့ဆော်မှု ဖြစ်မှာပါ။ ဒီလိုပြုလုပ်ခြင်းဟာ ဒီကမ်ပိန်းမှာ ပါဝင်ထားတဲ့ ဘောလုံးသမားတွေအားလုံးက စိတ်ကျန်းမာရေး ခံစားနေရသူတွေအပေါ် မက်ဆေ့ ပေးပို့ရာ ရောက်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီ Heads Up ကမ်ပိန်းအတွက် ပြုလုပ်ထားတဲ့ ဗီဒီယိုကို ယနေ့ည FAဖလားပွဲစဉ် မစတင်ခင်မှာ ပရိသတ်တွေကို ပြသသွားမှာဖြစ်ပြီး ရုပ်သံက ပရိသတ်တွေကိုလည်း ဗီဒီယို ထည့်ပြီး ပြသွားမှာ ဖြစ်ပါတယ်။ ယနေ့ညမှာတော့ ပရိသတ်အများအပြား စိတ်ဝင်စားမယ့် ပွဲစဉ်အဖြစ် ဝုဗ်နဲ့ ယူနိုက်တက်တို့ရဲ့ မကြေပွဲနွှဲမယ့် ပွဲကြီးပွဲကောင်းပွဲစဉ် ရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းဟာလည်း FAဖလား ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ပို့ဗေးအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မနက်ဖြန်မှာတော့ လီဗာပူးအသင်းက မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်ကို ဧည့်ခံသွားရမှာ ဖြစ်ပါတယ်။