၂၀၁၉ မှာ သူ့ရဲ့ဂျူဗင်တပ်လစာထက် Instagram ကနေ ပိုက်ဆံပိုရခဲ့တဲ့ စီရော်နယ်ဒို

photo-the sun

photo-social media

ဘောလုံးစူပါစတားတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ကုန်ဆုံးတော့မယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ သူကစားနေတဲ့ကလပ်အသင်းမှာထက် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ပိုက်ဆံပိုရှာနိုင်ခဲ့ပါတယ်။ အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ ၂၀၁၉ အတွင်းက သူ့ရဲ့ Instagram ပို့စ်တွေကနေ အမေရိကန်ဒေါ်လာ ၄၇.၈ သန်းရရှိခဲ့လို့ပါပဲ။ ဂျူဗင်တပ်အသင်းမှာတောင်မှ သူဟာ တစ်နှစ်မှ အမေရိကန်ဒေါ်လာ ၃၃.၁ သန်းရရှိတာပါ။

photo-IFTV

အဲဒီပေါ်တူဂီဘောလုံးကြယ်ပွင့်ဟာ ဓာတ်ပုံအသားပေးဆိုရှယ်မီဒီယာဖြစ်တဲ့ Instagram မှာ follower ပရိသတ် ၁၉၄ သန်းကျော်တောင် ရှိပါတယ်။ အဲဒီပေါ်မှာ သူ့ရဲ့အားကစားဆိုင်ရာအောင်မြင်မှုတွေ၊ မိသားစုနဲ့ လေ့ကျင့်ပုံတွေကို ပြန်လည်ဝေမျှရင်းကနေ အခုလို အမေရိကန်ဒေါ်လာသန်း ၅၀ နီးပါး ရရှိခဲ့တာပါ။ ဒါကြောင့်လည်း Instagram ဟာ စီရော်နယ်ဒိုအတွက် တန်ဖိုးကြီးမားတဲ့စီးပွားရေးတစ်ခုဖြစ်လာပါတယ်။ ဘာမှလုပ်စရာမလိုဘဲ ပုံတင်တာနဲ့ကို အဲဒီကနေ ပိုက်ဆံတွေသန်းနဲ့ချီ ရရှိနေတာပါ။

photo-social media

ဒီနှစ်ထဲမှာပဲ သူဟာ Instagram မှာ စုစုပေါင်း ၄၉ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီပို့စ်တွေကနေပဲ Nike ဘောကန်ဖိနပ်တွေ၊ သူ့ရဲ့ကိုယ်ပိုင်ရေမွှေးနဲ့ တခြားကုန်ပစ္စည်းတွေကို သူ ပရိုမိုးရှင်းလုပ်ပေးခဲ့တာပါ။ အဲဒီအတွက်ကြောင့်လည်း စီရော်နယ်ဒိုဟာ ၂၀၁၉ အတွင်း Instagram မှာ ဝင်ငွေအကောင်းဆုံးသူအဖြစ် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကြီးဖြစ်တဲ့မက်ဆီကလည်း Instagram မှာ ဒီနှစ်ရဲ့ဒုတိယဝင်ငွေအကောင်းဆုံးသူဖြစ်ခဲ့တာပါ။

[Zawgyi]

၂၀၁၉ မွာ သူ႔ရဲ႕ဂ်ဴဗင္တပ္လစာထက္ Instagram ကေန ပိုက္ဆံပိုရခဲ့တဲ့ စီေရာ္နယ္ဒို

ေဘာလုံးစူပါစတားတစ္ေယာက္ျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ကုန္ဆုံးေတာ့မယ့္ ၂၀၁၉ ခုႏွစ္အတြင္းမွာ သူကစားေနတဲ့ကလပ္အသင္းမွာထက္ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ ပိုက္ဆံပိုရွာႏိုင္ခဲ့ပါတယ္။ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ ၂၀၁၉ အတြင္းက သူ႔ရဲ႕ Instagram ပို႔စ္ေတြကေန အေမရိကန္ေဒၚလာ ၄၇.၈ သန္းရရွိခဲ့လို႔ပါပဲ။ ဂ်ဴဗင္တပ္အသင္းမွာေတာင္မွ သူဟာ တစ္ႏွစ္မွ အေမရိကန္ေဒၚလာ ၃၃.၁ သန္းရရွိတာပါ။

အဲဒီေပၚတူဂီေဘာလုံးၾကယ္ပြင့္ဟာ ဓာတ္ပုံအသားေပးဆုိရွယ္မီဒီယာျဖစ္တဲ့ Instagram မွာ follower ပရိသတ္ ၁၉၄ သန္းေက်ာ္ေတာင္ ရွိပါတယ္။ အဲဒီေပၚမွာ သူ႔ရဲ႕အားကစားဆိုင္ရာေအာင္ျမင္မႈေတြ၊ မိသားစုနဲ႔ ေလ့က်င့္ပုံေတြကို ျပန္လည္ေ၀မွ်ရင္းကေန အခုလို အေမရိကန္ေဒၚလာသန္း ၅၀ နီးပါး ရရွိခဲ့တာပါ။ ဒါေၾကာင့္လည္း Instagram ဟာ စီေရာ္နယ္ဒုိအတြက္ တန္ဖိုးႀကီးမားတဲ့စီးပြားေရးတစ္ခုျဖစ္လာပါတယ္။ ဘာမွလုပ္စရာမလိုဘဲ ပုံတင္တာနဲ႔ကိုိ အဲဒီကေန ပိုက္ဆံေတြသန္းနဲ႔ခ်ီ ရရွိေနတာပါ။

ဒီႏွစ္ထဲမွာပဲ သူဟာ Instagram မွာ စုစုေပါင္း ၄၉ ပုိ႔စ္တင္ခဲ့ပါတယ္။ အဲဒီပုိ႔စ္ေတြကေနပဲ Nike ေဘာကန္ဖိနပ္ေတြ၊ သူ႔ရဲ႕ကိုယ္ပိုင္ေရေမႊးနဲ႔ တျခားကုန္ပစၥည္းေတြကို သူ ပရိုမိုးရွင္းလုပ္ေပးခဲ့တာပါ။ အဲဒီအတြက္ေၾကာင့္လည္း စီေရာ္နယ္ဒိုဟာ ၂၀၁၉ အတြင္း Instagram မွာ ၀င္ေငြအေကာင္းဆုံးသူအျဖစ္ ထိပ္ဆံုးက ရပ္တည္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ၿပိဳင္ဘက္ႀကီးျဖစ္တဲ့မက္ဆီကလည္း Instagram မွာ ဒီႏွစ္ရဲ႕ဒုတိယ၀င္ေငြအေကာင္းဆုံးသူျဖစ္ခ့ဲတာပါ။