ယူနိုက်တက်-နယူးကာဆယ်ပွဲက သရဲနီတို့ရဲ့ခြေစွမ်းအဆင့်သတ်မှတ်ချက်

photo internet

ဘောက်ဆင်ဒေးမှာ ယူနိုက်တက်နဲ့နယူးကာဆယ်တို့ဟာ EPL ပွဲစဉ် 19 ကို အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့ပါတယ်။ ဒီနှစ်ဘောက်ဆင်ဒေးဟာ နယူးကာဆယ်ကို 4 ဂိုး 1 ဂိုးပြတ်နိုင်ပွဲနဲ့အတူ ယူနိုက်တက်အတွက် ချိုမြိန်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် နယူးကာဆယ်ရဲ့စိန့်ဂျိမ်းပါ့ခ်မှာရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ခဲ့ပါတယ်။ တကယ်တမ်းမှာ လှပတဲ့ဂိုးတစ်ဂိုးနဲ့ နယူးကာဆယ်က စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် အထနှေးခဲ့တဲ့မန်ယူဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်ရလာပြီး ချေပဂိုးသွင်းပြီးတဲ့နောက်မှာ ကျန်ပွဲချိန် တစ်လျှောက်လုံးကို စိုးမိုးနိုင်ခဲ့ကာ သူတို့အတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲဖြစ်လာခဲ့တာပါ။

photo internet

အဲဒီပွဲစဉ်မှာ ယူနိုက်တက်ရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့မာရှယ်ဟာ 2 ဂိုးသွင်းယူခဲ့ပြီး၊ ရက်ရှ်ဖို့နဲ့ဂရင်းဝုဒ်တို့ကလည်း ဂိုးတွေကိုယ်စီသွင်းခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေဟာ Boxing day မှာ ယူနိုက်တက်ကပေးတဲ့ အကောင်းဆုံးလက်ဆောင်ကိုရခဲ့ပါတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးနောက်မှာအသင်းအတွက် ပထမဆုံးအကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ကတော့ ပရီးမီးယားလိဂ်သွင်းဂိုး 11 ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်သူ့ရဲ့ကစားသမားဘဝမှာ လိဂ်ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ဘောလုံးရာသီကိုပိုင်ဆိုင်သွားခဲ့ပါပြီ။ အဲဒီပွဲကယူနိုက်တက်ကစားသမား တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကိုအဆင့်သတ်မှတ်ရမယ်ဆိုရင်တော့…..

photo internet

ဒီဂီယာ-၅- ယူနိုက်တက်ခံစစ်သမားတွေပိတ်ဆို့တာအားနည်းတာကြောင့် နယူးကာဆယ်ကစားသမား မက်သရူးလောင်းစတပ်ဖ်ဂိုးသွင်းခဲ့တာကို မတားဆီးနိုင်ခဲ့တာကလွဲရင်တစ်ပွဲလုံးမှာသင့်တင့်ခဲ့ပါတယ်။

photo internet

ဝမ်ဘစ်ဆာကာ-၈- ထုံးစံအတိုင်း ခံစစ်မှာ ကျေ်ဖြတ်ခွင့်မပေးတဲ့နောက်ခံတံတိုင်းဖြစ်ခဲ့ပါတယ်။ ရှေ့တက်ပြီးတော့ ရက်ရှ်ဖို့ဒ်သွင်းတဲ့ တတိယဂိုးကိုတောင် ဖြတ်တင်ဖန်တီးပေးခဲ့ပါသေးတယ်။

photo internet

လင်ဒီလော့ဖ်-၅- ကာဆယ်ဘက်က ဂျိုရယ်လင်တန်ကို မထိန်းနိုင်ခဲ့ဘူး။ အဖွင့် ၂၅ မိနစ်နောက်ပိုင်း အဲဒီဘရာဇီးသား ဘာမှဆက်မလုပ်နိုင်လို့ ကံကောင်းသွားပါတယ်။အစောပိုင်းမိနစ်တွေမှာဘောလုံးပိုင်ဆိုင်မှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန်ကြာမြင့်လာတာနဲ့ အမျှ တိုးတက်လာခဲ့ပါတယ်။

photo internet

မက်ဂွိုင်းယား-၆- နယူးကာဆယ်ရသွားတဲ့ဂိုးမှာ ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းတည်တည်ငြိမ်ငြိမ်တော့ ရှိခဲ့ပါတယ်။ ခံစစ်ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး၊ တိုက်စစ်ပိုင်းအထိလည်း ပံ့ပိုးပေးနိုင်ခဲ့ကာ၊ ဂိုးသွင်းဖို့အထိနီးစပ်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။

photo internet

လုခ်ရှော-၅- တိုက်စစ်အတွက် နည်းနည်းလောက်ပဲလုပ်ပေးနိုင်တဲ့အနေအထားဖြစ်ခဲ့ကာ ခံစစ်မှာလည်း တကယ်ကို မယ်မယ်ရရ မရှိခဲ့ပါဘူး။

တွမ်မီနေး-၅- စောစောစီးစီးပွဲအစ 24 စက္ကန့်မှာပဲ မိုက်မဲတဲ့အဝါကတ်ရခဲ့ပြီး ပထမပိုင်းမှာ ဒုတိယအဝါထပ်မရတာ ကံကောင်းခဲ့ပါတယ်။ ဒူးဒဏ်ရာလည်း ရသွားသေးလို့ ပထမပိုင်းပြီးချိန် ဒုတိယပိုင်းအစမှာပေါ့ဘာနဲ့ လူစားလဲခံလိုက်ရပါတယ်။

photo internet

ဖရက်ဒ်-၉- သူ့ဆီက ဘောလုံးပျက်ခဲ့တာကြောင့် နယူးကာဆယ်အသင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာခြေစွမ်းတွေကောင်းမွန်လာခဲ့ပါတယ်။

ပါရဲရား-၆- မာရှယ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ကောင်းမွန်တဲ့ပေးပို့မှုအချို့နဲ့ သူ့ရဲ့ပိုကောင်းတဲ့ပွဲတွေထဲက တစ်ပွဲပါပဲ။ ဒါပေမဲ့ တချို့ပေးပို့လို့ကောင်းမယ့် အခွင့်အရေးတွေကို ဖြုန်းတီးနေဆဲပါပဲ။

photo internet

ဂရင်းဝုဒ်-၇- သူ့ရဲ့လှုပ်ရှားမှုတွေဟာ ထက်မြက်ပြီး ယူနိုက်တက်ကို ပြန်လည်ဦးဆောင်နိုင်စေမယ့်ဂိုး သွင်းပေးခဲ့တာပါ။ ဒီ ရာသီရဲ့ 8 လုံးမြောက် သွင်းဂိုး ကို လှပတဲ့ ဘယ်ခြေ အဝေး ကန်ချက် နဲ့ အတူ ရယူ သွားနိုင် ခဲ့ ပါတယ် ။ယူနိုက်တက်အတွက်အဆုံးအဖြတ်အချိန်ရောက်လာရင် ဒီဂိုးသွင်းပါရမီရှင်လေးဟာ အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိပါတယ်။

ရက်ရှ်ဖို့ဒ်-၇- အကောင်းဆုံးပုံစံမရှိပေမယ့်လည်း ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။ဝမ်ဘစ်ဆာကာရဲ့ဖြတ်တင်ဘောကနေ တစ်ဆင့်သူ့ရဲ့ခေါင်းတိုက်တဲ့ဟန်ကို စီရော်နယ်ဒိုနဲ့နှိုင်းယှဉ်နေကြပါတယ်။

photo internet

မာရှယ်-၉- ဒီနှစ်ဘောက်ဆင်ဒေးမှာတော့ယူနိုက်တက်ရဲ့ကယ်တင်ရှင်လို့ပဲ ဆိုကြပါစို့။ ပြတ်ပြတ်သားသားပုံစံနဲ့ မန်ယူတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့ချေပဂိုးနဲ့ ပွဲကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာပဲ ပွဲကို အဆုံးသတ်စေမယ့် စတုတ္ထဂိုးကိုသွင်းယူခဲ့ပါတယ်။ ဒီနေ့ပွဲမှာသူဟာ ဟက်ထရစ်ရရှိမယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကန်လိုက်တဲ့ဘောလုံးဟာ တိုင်ထိပြီး ပြန်ကန်ထွက်လာခဲ့တာကြောင့်ပါ။

လူစားဝင်လာတဲ့ကစားသမားတွေအနေနဲ့ 46 မိနစ်မှာတွမ်မီနေးအစား ဝင်လာတဲ့ပေါ့ဂ်ဘာက rating အဆင့် 6 ရရှိထားပြီး၊ 63 မိနစ်မှာ ရက်ရှ်ဖို့ဒ်အစားဝင်လာတဲ့ လင်ဂတ်က rating အဆင့် 5 ရရှိခဲ့ပါတယ်။ ဒါ့အပြင် 67 မိနစ်မှာ မာရှယ်အစားလူစားဝင်တဲ့ မာတာကလည်း rating အဆင့် 6 ရရှိခဲ့တာပဲဖြစ်ပါတယ်။

photo internet

(Zawgyi Version)














