ဆုဖလားတွေ ဆက်တိုက်ရယူနိုင်ဖို့ ရော်နယ်ဒိုကို အတုယူရမှာဖြစ်ကြောင်း စီးတီးကို ဘာနာဒိုဆေးလ်ဗား တိုက်တွန်း

Photo Credit

Photo Credit

မန်စီးတီးအသင်းတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားက တကယ်လို့ မိမိတု့ိအသင်းအနေနဲ့ ချန်ပီယံဆုဖလားတွေ ဆက်တိုက်ရယူလိုရင် ပေါ်တူဂီအသင်းဖော် ရော်နယ်ဒိုကို အတုယူဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၅နှစ်ကျော်ကာလအတွင်း အသင်းလိုက်ဆုဖလားတွေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေအများအပြားရရှိထားပေမယ့် အခုချိန်အထိ အောင်မြင်မှုရဖို့ ဆာလောင်နေဆဲဖြစ်ပါတယ်။

Photo Credit

စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဖလားအားလုံးရယူနိုင်ခဲ့ပေမယ့် ဒီနှစ်ပထမရာသီဝက်မှာတော့ မနှစ်ကလိုပုံစံမျိုးရဖို့ ရုန်းကန်နေရပြီး အထူးသဖြင့် ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁ပွဲပို ၁၁ မှတ်ကွာဟနေပါတယ်။

Photo Credit

ဆေးလ်ဗားက ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်၊ ရီးရဲလ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့အတူ အောင်မြင်မှုရယူနိုင်ဖို့ မနားတမ်းကြိုးစားနိုင်တာက မိမိတို့စီးတီးအသင်းအတွက် တွန်းအားဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။

Photo Credit

”ဒီလိုအောင်မြင်မှုရဖို့ စဉ်ဆက်မပြတ်ကြိုးစားနိုင်တာကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံးမဟုတ်ရင်တောင် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရော်နယ်ဒို ရပ်တည်နေတာပါ။ သူဟာ အားလုံးအတွက်တော့ စံပြကစားသမားပါပဲ”

Photo Credit

”ထိပ်တန်းအဆင့်ကို ရောက်ဖို့က ခက်ခဲတာမှန်ပေမယ့် အဲဒီအဆင့်မှာ နှစ်တိုင်း တစ်သမတ်တည်းထိန်းနိုင်ဖို့ကတော့ ပိုလို့တောင် ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလိုဖြစ်နိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။

Photo Credit

စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် နောက်ဆုံး ၂နှစ်ဆက် ခံယူနိုင်ခဲ့ပြီးနောက် ဒီနှစ်မှာ ရလဒ်ပိုင်း ဆိုးရွားလာပြီး ဒီလထဲမှာ အရင်လိုခြေစွမ်းမျိုး ပြန်ရလာပေမယ့် အမှတ်ပေးချန်ပီယံဆု ၃နှစ်ဆက်ရယူနိုင်ဖို့အတွက်တော့ နောက်ကျနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။

Photo Credit

Zawgyi

ဆုဖလားေတြ ဆက္တုိက္ရယူႏိုင္ဖို႔ ေရာ္နယ္ဒိုကို အတုယူရမွာျဖစ္ေၾကာင္း စီးတီးကို ဘာနာဒိုေဆးလ္ဗား တုိက္တြန္း

မန္စီးတီးအသင္းေတာင္ပံကစားသမား ဘာနာဒိုေဆးလ္ဗားက တကယ္လုိ႔ မိမိတု႔ိအသင္းအေနနဲ႔ ခ်န္ပီယံဆုဖလားေတြ ဆက္တိုက္ရယူလုိရင္ ေပၚတူဂီအသင္းေဖာ္ ေရာ္နယ္ဒိုကို အတုယူဖုိ႔ လိုအပ္ေၾကာင္း တုိက္တြန္းလုိက္ပါတယ္။
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ ၁၅ႏွစ္ေက်ာ္ကာလအတြင္း အသင္းလုိက္ဆုဖလားေတြနဲ႔ တစ္ဦးခ်င္းဆုတံဆိပ္ေတြအမ်ားအျပားရရွိထားေပမယ့္ အခုခ်ိန္အထိ ေအာင္ျမင္မႈရဖို႔ ဆာေလာင္ေနဆဲျဖစ္ပါတယ္။
စီးတီးဟာ ၿပီးခဲ့တဲ့ရာသီက ျပည္တြင္းဖလားအားလုံးရယူႏုိင္ခဲ့ေပမယ့္ ဒီႏွစ္ပထမရာသီ၀က္မွာေတာ့ မႏွစ္ကလုိပုံစံမ်ိဳးရဖုိ႔ ႐ုန္းကန္ေနရၿပီး အထူးသျဖင့္ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁ပြဲပို ၁၁ မွတ္ကြာဟေနပါတယ္။
ေဆးလ္ဗားက ေရာ္နယ္ဒိုအေနနဲ႔ ယူႏုိက္တက္၊ ရီးရဲလ္၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔အတူ ေအာင္ျမင္မႈရယူႏုိင္ဖို႔ မနားတမ္းႀကိဳးစားႏိုင္တာက မိမိတုိ႔စီးတီးအသင္းအတြက္ တြန္းအားျဖစ္လာႏိုင္ေၾကာင္း ဆုိပါတယ္။
”ဒီလုိေအာင္ျမင္မႈရဖုိ႔ စဥ္ဆက္မျပတ္ႀကိဳးစားႏုိင္တာေၾကာင့္ သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးမဟုတ္ရင္ေတာင္ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ေရာ္နယ္ဒို ရပ္တည္ေနတာပါ။ သူဟာ အားလုံးအတြက္ေတာ့ စံျပကစားသမားပါပဲ”
”ထိပ္တန္းအဆင့္ကို ေရာက္ဖုိ႔က ခက္ခဲတာမွန္ေပမယ့္ အဲဒီအဆင့္မွာ ႏွစ္တုိင္း တစ္သမတ္တည္းထိန္းႏိုင္ဖို႔ကေတာ့ ပိုလုိ႔ေတာင္ ခက္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ကေတာ့ အဲဒီလုိျဖစ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္”လုိ႔ ဘာနာဒိုေဆးလ္ဗားက ေျပာပါတယ္။
စီးတီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ေနာက္ဆုံး ၂ႏွစ္ဆက္ ခံယူႏုိင္ခဲ့ၿပီးေနာက္ ဒီႏွစ္မွာ ရလဒ္ပိုင္း ဆုိးရြားလာၿပီး ဒီလထဲမွာ အရင္လိုေျခစြမ္းမ်ိဳး ျပန္ရလာေပမယ့္ အမွတ္ေပးခ်န္ပီယံဆု ၃ႏွစ္ဆက္ရယူႏုိင္ဖို႔အတြက္ေတာ့ ေနာက္က်ေနၿပီလုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနပါတယ္။