မာတစ်နဲ့ ရိုဂျို တို့ကိုလာမယ့်ဆောင်းရာသီဈေးကွက်မှာ မန်ယူရောင်းချတော့မယ်လို့ဆို

Photo-Internet
Photo-Internet

မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်ထဲမှာ ကွင်းလယ်လူ မာတစ်နဲ့ နောက်ခံလူ ရိုဂျိုတို့ကို ရောင်းချဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဒီရာသီမန်ယူအသင်းမှာ ဦးစားပေးနေရာရဖို့ စွမ်းဆောင်နိုင်ခြင်းမရှိတော့လို့ နည်းပြဆိုးလ်ရှားက အလိုမရှိတော့တာလို့လည်း ဆိုပါတယ်။

ဇန်နဝါရီဈေးကွက်ဟာ တစ်ပတ်အတွင်းမှာဖွင့်လှစ်တော့မှာဖြစ်ပြီး ဝါရင့်တွေဖြစ်တဲ့ သူတို့နှစ်ဦးကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေရှိလာလိမ့်မယ်လို့လည်း မန်ယူကယုံကြည်နေပါတယ်။ သတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရ ရိုဂျိုဟာ တစ်ပတ်လစာပေါင် ၁၆၀၀၀၀ ရရှိနေပြီး မာတစ်ကတော့ ပေါင် ၁၂၀၀၀၀ ရနေတယ်လို့ သိရပါတယ်။

Photo-Internet

အာဂျင်တီးနားသားဖြစ်တဲ့ ရိုဂျိုရဲ့မန်ယူနဲ့ကစားခဲ့တဲ့ နောက်ဆုံးပွဲက ပြီးခဲ့တဲ့နိုဝင်ဘာလက ဘရိုက်တန်ကိုအိမ်ကွင်းမှာ ၃-၁ နဲ့အနိုင်ရတဲ့ပွဲရဲ့နောက်ဆုံးမိနစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်း ဒဏ်ရာပြဿ     နာတွေနဲ့ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ မာတစ်ဟာလည်း ဒီရာသီမှာဒဏ်ရာပြဿ     နာတွေရှိခဲ့ပြီး ဖလားပြိုင်ပွဲမှာဘဲကစားနေရသူဖြစ်ပါတယ်။

Photo-Internet

ဆားဘီးယားလက်ရွေးစင်ဖြစ်တဲ့ မာတစ်ကို ၂၀၁၇ က မန်ယူနည်းပြဖြစ်နေတဲ့ မော်ရင်ဟိုကခေါ်ယူခဲ့တာဖြစ်ပြီး ၂ နှစ်ကျော်အကြာမှာတော့ မန်ယူအတွက်အလိုမရှိတော့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူကိုပြန်လည်တည်ဆောက်နေရာမှာ အသင်းရဲ့ပျမ်းမျှအသက်ကိုလျှော့ချဖို့ ကြိုးစားနေပြီး အသက်ကြီးကစားသမားတွေကို သိပ်အလိုမရှိတော့ပါဘူး။

Photo-Internet

လက်ရှိမှာ ဆိုးလ်ရှားဟာ သြစတြီးယားကလပ် ဆဲလ်ဘတ်တိုက်စစ်မှူ း အာလင်းဟာလန်းကိုခေါ်ယူဖို့ကြိုးစားနေပြီး သူ့အတွက်ပေါင် ၇၆ သန်းလောက်ကုန်ကျနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဟာလန်းဟာ လက်ရှိမှာ တစ်ပတ်လစာပေါင် ၂၀၀၀၀ သာရရှိနေပြီး မန်ယူကိုပြောင်းလာမယ်ဆိုရင် အဲဒီထက် ၁၀ အထိရမယ်လို့လည်းသိရပါတယ်။

Photo-Internet

Zawgyi

မာတစ္နဲ႔ ရိုဂ်ဳိ တို႔ကိုလာမယ္႔ေဆာင္းရာသီေစ်းကြက္မွာ မန္ယူေရာင္းခ်ေတာ႔မယ္လို႔ဆို

မန္ယူအသင္းဟာ လာမယ္႔ဇန္န၀ါရီေစ်းကြက္ထဲမွာ ကြင္းလယ္လူ မာတစ္နဲ႔ ေနာက္ခံလူ ရိုဂ်ဳိတို႔ကို ေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ဦးစလုံးဟာ ဒီရာသီမန္ယူအသင္းမွာ ဦးစားေပးေနရာရဖို႔ စြမ္းေဆာင္ႏိုင္ျခင္းမရွိေတာ႔လို႔ နည္းျပဆိုးလ္ရွားက အလိုမရွိေတာ႔တာလို႔လည္း ဆိုပါတယ္။

ဇန္န၀ါရီေစ်းကြက္ဟာ တစ္ပတ္အတြင္းမွာဖြင့္လွစ္ေတာ႔မွာျဖစ္ၿပီး ၀ါရင့္ေတြျဖစ္တဲ႔ သူတို႔ႏွစ္ဦးကိုေခၚယူဖို႔ စိတ္၀င္စားတဲ႔ ကလပ္ေတြရွိလာလိမ့္မယ္လို႔လည္း မန္ယူကယုံၾကည္ေနပါတယ္။ သတင္းစာတစ္ေစာင္ရဲ႕ေဖာ္ျပခ်က္အရ ရိုဂ်ဳိဟာ တစ္ပတ္လစာေပါင္ ၁၆၀၀၀၀ ရရွိေနၿပီး မာတစ္ကေတာ႔ ေပါင္ ၁၂၀၀၀၀ ရေနတယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားသားျဖစ္တဲ႔ ရိုဂ်ဳိရဲ႕မန္ယူနဲ႔ကစားခဲ့တဲ႔ ေနာက္ဆုံးပြဲက ၿပီးခဲ့တဲ႔ႏို၀င္ဘာလက ဘရိုက္တန္ကိုအိမ္ကြင္းမွာ ၃-၁ နဲ႔အႏိုင္ရတဲ႔ပြဲရဲ႕ေနာက္ဆုံးမိနစ္မွာျဖစ္ၿပီး အဲဒီေနာက္ပိုင္း ဒဏ္ရာျပႆ     နာေတြနဲ႔ရုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ မာတစ္ဟာလည္း ဒီရာသီမွာဒဏ္ရာျပႆ     နာေတြရွိခဲ့ၿပီး ဖလားၿပိဳင္ပြဲမွာဘဲကစားေနရသူျဖစ္ပါတယ္။

ဆားဘီးယားလက္ေရြးစင္ျဖစ္တဲ႔ မာတစ္ကို ၂၀၁၇ က မန္ယူနည္းျပျဖစ္ေနတဲ႔ ေမာ္ရင္ဟိုကေခၚယူခဲ့တာျဖစ္ၿပီး ၂ ႏွစ္ေက်ာ္အၾကာမွာေတာ႔ မန္ယူအတြက္အလိုမရွိေတာ႔တဲ႔သူ ျဖစ္လာခဲ့ပါတယ္။ ဆိုးလ္ရွားဟာ မန္ယူကိုျပန္လည္တည္ေဆာက္ေနရာမွာ အသင္းရဲ႕ပ်မ္းမွ်အသက္ကိုေလွ်ာ႔ခ်ဖို႔ ႀကိဳးစားေနၿပီး အသက္ႀကီးကစားသမားေတြကို သိပ္အလိုမရွိေတာ႔ပါဘူး။

လက္ရွိမွာ ဆိုးလ္ရွားဟာ ၾသစႀတီးယားကလပ္ ဆဲလ္ဘတ္တိုက္စစ္မွဴ း အာလင္းဟာလန္းကိုေခၚယူဖို႔ႀကိဳးစားေနၿပီး သူ႔အတြက္ေပါင္ ၇၆ သန္းေလာက္ကုန္က်ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ ဟာလန္းဟာ လက္ရွိမွာ တစ္ပတ္လစာေပါင္ ၂၀၀၀၀ သာရရွိေနၿပီး မန္ယူကိုေျပာငး္လာမယ္ဆိုရင္ အဲဒီထက္ ၁၀ အထိရမယ္လို႔လည္းသိရပါတယ္။