လူမှုမီဒီယာမှာ ခဏခဏရေပန်းစားနေတဲ့ #OleOut ဒီတစ်ခါလည်း ထွက်ပေါ်လာပြန်

Photo Credit

Photo Credit

ဒီရာသီ လူမှုမီဒီယာမှာ ခဏခဏရေပန်းစားနေတဲ့ #OleOut ဟာ အခုလည်း ဝက်ဖို့ဒ်အသင်းကို ယူနိုက်တက်အသင်း ဂိုးပြတ်အရေးနိမ့်သွားခဲ့ပြီးနောက် လူမှုမီဒီယာမှာ ထပ်မံရေပန်းစားလာပြန်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင်မှာပဲ ဦးဆောင်ဂိုးတွေ ဆက်တိုက်ပေးလိုက်ရပြီး ဂိုးသမားဒီဂီယာရဲ့ဂိုးလက်ဆောင်ပေးမှုကြောင့် အစ္စမေးလာဆားက ဦးဆောင်ဂိုးသွင်းယူသွားသလို ဝမ်ဘစ်ဆာကာကြောင့် ပေးလိုက်ရတဲ့ပင်နယ်တီကနေ ဒီနေးက အဆုံးသတ်ဂိုးသွင်းယူသွားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ အသင်းကြီးတွေဖြစ်တဲ့ စပါးနဲ့ စီးတီးတို့ကို ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် ဒုံရင်းက ဒုံရင်းအတိုင်း ပြန်ရောက်သွားပြီး အဲဗာတန်နဲ့ ၁-၁ ဂိုးသရေကျခဲ့သလို အခုလည်း အမှတ်ပေးဇယားအောက်ဆုံးက ဝက်ဖို့ဒ်ကို ဂိုးပြတ်အရေးနိမ့်သွားခဲ့ပြီးနောက် ပရိသတ်တွေက နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့တာပါ။

Photo Credit

ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစနဲ့ ရင်ဆိုင်နေရပြီး ပွဲစဉ် ၁၈အပြီးမှာ ၂၅ မှတ်ပဲရထားပါသေးတယ်။ သူတို့ဟာ ဒီပွဲမတိုင်ခင်အထိ ယခုရာသီအိမ်ကွင်းမှာ ဦးဆောင်ဂိုးမသွင်းနိုင်ခဲ့တဲ့အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ပရိသတ်တွေက ပိုချက်တီနိုကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြပါတယ်။

Photo Credit

”တစ်သင်းလုံးကို ဖျက်ဆီးနေတဲ့ ကလေးမျက်နှာနဲ့လူပါ”။ ”သူ့မှာ ခေါင်းဆောင်နိုင်မှုစွမ်းရည်မရှိပါဘူး။ ဘယ်တော့မှလည်း ဒေါသမထွက်သလို Glameplan ဆိုတာလည်း တစ်ခါမှမရှိပါဘူး။ သူက ကစားသမားအနေနဲ့ပဲ ဂန္ထဝင်ဖြစ်ပြီး နည်းပြအနေနဲ့တော့ မဟုတ်ပါဘူး”

Photo Credit

”ဒီလူ ကိုင်တွယ်နေသမျှ ကျွန်တော်လည်း ယူနိုက်တက်ပွဲတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်တော့ဘူး”။ ”အခုချက်ချင်း ပိုချက်တီနိုကို ရအောင်ခေါ်ပေးပါ။ ဒီပုံစံနဲ့ ရှေ့ဆက်လို့မရတော့ဘူး”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

လူမႈမီဒီယာမွာ ခဏခဏေရပန္းစားေနတဲ့ #OleOut ဒီတစ္ခါလည္း ထြက္ေပၚလာျပန္

ဒီရာသီ လူမႈမီဒီယာမွာ ခဏခဏေရပန္းစားေနတဲ့ #OleOut ဟာ အခုလည္း ၀က္ဖုိ႔ဒ္အသင္းကို ယူႏုိက္တက္အသင္း ဂိုးျပတ္အေရးနိမ့္သြားခဲ့ၿပီးေနာက္ လူမႈမီဒီယာမွာ ထပ္မံေရပန္းစားလာျပန္ပါတယ္။
ယူႏုိက္တက္ဟာ ဒုတိယပိုင္းျပန္စလုိ႔ သိပ္မၾကာခင္မွာပဲ ဦးေဆာင္ဂိုးေတြ ဆက္တုိက္ေပးလုိက္ရၿပီး ဂိုးသမားဒီဂီယာရဲ႕ဂိုးလက္ေဆာင္ေပးမႈေၾကာင့္ အစၥေမးလာဆားက ဦးေဆာင္ဂုိးသြင္းယူသြားသလုိ ၀မ္ဘစ္ဆာကာေၾကာင့္ ေပးလုိက္ရတဲ့ပင္နယ္တီကေန ဒီေနးက အဆုံးသတ္ဂိုးသြင္းယူသြားပါတယ္။
ယူႏုိက္တက္ဟာ အသင္းႀကီးေတြျဖစ္တဲ့ စပါးနဲ႔ စီးတီးတုိ႔ကို ဆက္တုိက္အႏုိင္ရခဲ့ၿပီးေနာက္ ဒုံရင္းက ဒုံရင္းအတုိင္း ျပန္ေရာက္သြားၿပီး အဲဗာတန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့သလို အခုလည္း အမွတ္ေပးဇယားေအာက္ဆုံးက ၀က္ဖို႔ဒ္ကို ဂိုးျပတ္အေရးနိ္မ့္သြားခဲ့ၿပီးေနာက္ ပရိသတ္ေတြက နည္းျပအိုလီဂန္နာဆုိးလ္ရွားကို ရာထူးကေန ထုတ္ပယ္ေပးဖုိ႔ ထပ္မံေတာင္းဆိုခဲ့တာပါ။
ယူႏုိက္တက္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္ အဆုိးရြားဆုံးပရီးမီးယားလိဂ္ရာသီအစနဲ႔ ရင္ဆုိင္ေနရၿပီး ပဲြစဥ္ ၁၈အၿပီးမွာ ၂၅ မွတ္ပဲရထားပါေသးတယ္။ သူတုိ႔ဟာ ဒီပဲြမတုိင္ခင္အထိ ယခုရာသီအိမ္ကြင္းမွာ ဦးေဆာင္ဂိုးမသြင္းႏိုင္ခဲ့တဲ့အသင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြက ပိုခ်က္တီႏုိကို ေခၚယူေပးဖို႔ ေတာင္းဆုိေနၾကပါတယ္။
”တစ္သင္းလုံးကို ဖ်က္ဆီးေနတဲ့ ကေလးမ်က္ႏွာနဲ႔လူပါ”။ ”သူ႕မွာ ေခါင္းေဆာင္ႏိုင္မႈစြမ္းရည္မရွိပါဘူး။ ဘယ္ေတာ့မွလည္း ေဒါသမထြက္သလုိ Glameplan ဆုိတာလည္း တစ္ခါမွမရွိပါဘူး။ သူက ကစားသမားအေနနဲ႔ပဲ ဂႏၳ၀င္ျဖစ္ၿပီး နည္းျပအေနနဲ႔ေတာ့ မဟုတ္ပါဘူး”
”ဒီလူ ကိုင္တြယ္ေနသမွ် ကၽြန္ေတာ္လည္း ယူႏိုက္တက္ပြဲေတြကို ၾကည့္ၿပီး ကုိယ့္ကိုယ္ကုိယ္ ညွဥ္းပန္းႏွိပ္စက္တာမ်ိဳး မလုပ္ေတာ့ဘူး”။ ”အခုခ်က္ခ်င္း ပိုခ်က္တီႏုိကို ရေအာင္ေခၚေပးပါ။ ဒီပုံစံနဲ႔ ေရွ႕ဆက္လုိ႔မရေတာ့ဘူး”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခ့ဲပါတယ္။