ရော်နယ်ဒိုသာ ရီးရဲမက်ဒရစ်မှာ ရှိနေမယ်ဆိုရင် ဘလွန်းဒီအော်ဆု ရနိုင်တယ်လို့ပြောလာတဲ့ ဂျော့ရှ်မန်ဒက်

photo internet

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ရှ်မန်ဒက်ကတော့ သူ့ကစားသမားကိုအမွှမ်းတင်တဲ့စကားတွေ ပြောလာပြန်ပါပြီ။ စီရော်နယ်ဒိုသာ ရီးရဲမက်ဒရစ်မှာ ဆက်ရှိနေခဲ့မယ်ဆိုရင် ဘလွန်းဒီအော်ဆုအနည်းဆုံး 1ကြိမ်သေချာပေါက်ရနိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့်ဒီနှစ်မှာ မက်ဆီအဲဒီဆုကိုရသွားတာကြောင့် စီရော်နယ်ဒိုအတွက် ပြောစရာဖြစ်လာခဲ့ပါတယ်။

photo internet

“ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ 2 နှစ်အတွင်းမှာဘလွန်းဒီအော်ဆု အနည်းဆုံးတစ်ကြိမ်ရယူနိုင်ဖို့ထိုက်တန်တဲ့ ခြေစွမ်းရှိပါတယ်။ လာမယ့်နှစ်ဆိုရင်သူဟာ ပေါ်တူဂီအတွက် သွင်းဂိုးစုစုပေါင်း 110 အထိတောင် ရှိလာနိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့လာမယ့်နှစ်အတွက်ဆုဟာ စီရော်နယ်ဒိုအတွက်ဖြစ်သင့်ပါတယ်။ ဒီနှစ်မှာမက်ဆီဆုရသွားတာဟာမတရားပါဘူး”လို့ မန်ဒက်ကပြောပါတယ်။

photo internet

“ဘဝဆိုတာ ဒီလိုပါပဲ။လာမယ့်နှစ်အခြေအနေကိုစောင့်ကြည့်ကြတာပေါ့”လို့ သူကပြောပါသေးတယ်။ ဒါ့အပြင် “ကျွန်တော့်အတွက်ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးသမားကတော့ စီရော်နယ်ဒိုပါ။ သူ့ကြောင့် ပေါ်တူဂီဟာ အောင်မြင်မှုတွေ ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မှာလည်း ဒိုလေးဟာမှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်”လို့ မန်ဒက်ကဆိုပါတယ်။

photo internet

မန်ဒက်ဟာစီရော်နယ်ဒိုနဲ့အခြားကစားသမားတွေကိုနှိုင်းယှဉ်ပြီး ဒိုလေးကောင်းကြောင်းတွေကို မကြာခဏ မှတ်ချက်ပြုပြောဆိုတတ်ပါတယ်။ အခုလောလောဆယ်မှာတော့ မက်ဆီဟာ ဘလွန်းဒီအော်ဆုကြီး ကို 6 ကြိမ်မြောက် အများဆုံးသိမ်းပိုက် ရယူထားနိုင်ပြီး စီရော်နယ်ဒိုထက်သာလွန်နေပါတယ်။ လာမယ့်နှစ် ဘလွန်းဒီအော်ဆုဟာ မက်ဆီနဲ့စီရော်နယ်ဒိုတို့ကို ပိုမိုနှိုင်းယှဉ်ပြောဆိုလို့ကောင်းအောင်လုပ်ဆောင်ပေးမယ့် ဆုကြီးဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ေရာ္နယ္ဒိုသာ ရီးရဲမက္ဒရစ္မွာ ရိွေနမယ္ဆိုရင္ ဘလြန္းဒီေအာ္ဆု ရႏိုင္တယ္လုိ႔ေျပာလာတဲ့ ေဂ်ာ့ရွ္မန္ဒက္

ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ရွ္မန္ဒက္ကေတာ့ သူ႔ကစားသမားကိုအမႊမ္းတင္တဲ့စကားေတြ ေျပာလာျပန္ပါၿပီ။ စီေရာ္နယ္ဒိုသာ ရီးရဲမက္ဒရစ္မွာ ဆက္ရိွေနခဲ့မယ္ဆိုရင္ ဘလြန္းဒီေအာ္ဆုအနည္းဆုံး 1ႀကိမ္ေသခ်ာေပါက္ရႏိုင္တယ္လို႔ဆိုပါတယ္။ အထူးသျဖင့္ဒီႏွစ္မွာ မက္ဆီအဲဒီဆုကိုရသြားတာေၾကာင့္ စီေရာ္နယ္ဒိုအတြက္ ေျပာစရာျဖစ္လာခဲ့ပါတယ္။

“ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ 2 ႏွစ္အတြင္းမွာဘလြန္းဒီေအာ္ဆု အနည္းဆုံးတစ္ႀကိမ္ရယူႏိုင္ဖို႔ထိုက္တန္တဲ့ ေျခစြမ္းရိွပါတယ္။ လာမယ့္ႏွစ္ဆိုရင္သူဟာ ေပၚတူဂီအတြက္ သြင္းဂိုးစုစုေပါင္း 110 အထိေတာင္ရိွလာႏိုင္ပါတယ္။ ကၽြန္ေတာ့္အျမင္ကေတာ့လာမယ့္ႏွစ္အတြက္ဆုဟာ စီေရာ္နယ္ဒိုအတြက္ျဖစ္သင့္ပါတယ္။ ဒီႏွစ္မွာမက္ဆီဆုရသြားတာဟာမတရားပါဘူး”လို႔ မန္ဒက္ကေျပာပါတယ္။

“ဘ၀ဆိုတာ ဒီလိုပါပဲ။လာမယ့္ႏွစ္အေျခအေနကိုေစာင့္ၾကည့္ၾကတာေပါ့”လို႔ သူကေျပာပါေသးတယ္။ ဒါ့အျပင္ “ကၽြန္ေတာ့္အတြက္ကမၻာေပၚမွာ အေကာင္းဆုံးေဘာလုံးသမားကေတာ့ စီေရာ္နယ္ဒိုပါ။ သူ႔ေၾကာင့္ ေပၚတူဂီဟာ ေအာင္ျမင္မႈေတြ ဆြတ္ခူးရယူႏိုင္ခဲ့ပါတယ္။ ရီးရဲလ္မွာလည္း ဒိုေလးဟာမွတ္တမ္းေကာင္းေတြ ရိွခဲ့ပါတယ္”လို႔ မန္ဒက္ကဆိုပါတယ္။

မန္ဒက္ဟာစီေရာ္နယ္ဒိုနဲ႔အျခားကစားသမားေတြကိုႏိႈင္းယွဥ္ၿပီး ဒိုေလးေကာင္းေၾကာင္းေတြကို မၾကာခဏ မွတ္ခ်က္ျပဳေျပာဆိုတတ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ မက္ဆီဟာ ဘလြန္းဒီေအာ္ဆုႀကီး ကို 6 ႀကိမ္ေျမာက္ အမ်ားဆုံးသိမ္းပိုက္ ရယူထားႏိုင္ၿပီး စီေရာ္နယ္ဒိုထက္သာလြန္ေနပါတယ္။ လာမယ့္ႏွစ္ ဘလြန္းဒီေအာ္ဆုဟာ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ကို ပိုမိုႏိႈင္းယွဥ္ေျပာဆိုလို႔ေကာင္းေအာင္လုပ္ေဆာင္ေပးမယ့္ ဆုႀကီးျဖစ္ပါတယ္။