ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က ဒုတိယ El Clasico လို ပွဲတစ်ပွဲ

photo-daily star

photo-gettyimages

ထွက်ပေါ်လာတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွေထဲမှာ ပွဲကြီးပွဲကောင်းတွေပါဝင်နေပါတယ်။ ဒေါ့မန်-ပီအက်စ်ဂျီ၊ အက်သလက်တီကို-လီဗာပူး၊ ချဲလ်ဆီး-ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်-မန်စီးတီး တွေ့ဆုံမှုတွေ ဖြစ်ကြပါတယ်။ အဲဒီထဲမှာ အရည်အသွေးအရ တက်ညီလက်ညီအဖြစ်နိုင်ဆုံးနဲ့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံးက ရီးရဲလ်နဲ့မန်စီးတီးတို့ရဲ့တွေဆုံမှုပဲ ဖြစ်ပါလိမ့်မယ်။ တစ်သင်းက ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်ပြီး နောက်တစ်သင်းကတော့ ဥရောပအဆင့်အောင်မြင်မှုအတွက် များပြားလှတဲ့ငွေကြေးနဲ့တည်ဆောက်ထားကာ ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ လက်ရှိရေပန်းအစားဆုံးအသင်းလည်း ဖြစ်နေတာပါ။

photo-gettyimages

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဘာစီလိုနာသွေးစီးဆင်းနေသူဖြစ်တာကြောင့် ရီးရဲလ်နဲ့အခုတွေ့ဆုံမှုဟာ ဒုတိယ El Clasico လို ပွဲတစ်ပွဲဖြစ်နေတာပါ။ ဒါ့အပြင် ရီးရဲလ်မက်ရစ်ဟာ ဘာစီလိုနာနည်းပြဟောင်းဂွါဒီယိုလာရဲ့နည်းပြသက်တမ်းတစ်လျှောက် ဆုံတွေ့မှုအများဆုံးအသင်းလည်း ဖြစ်ပါတယ်။ သူ့နည်းပြဘဝမှာ ဂွါဒီယိုလာဟာ ရီးရဲလ်လောက် ဘယ်အသင်းနဲ့မှ ပိုမတွေ့ပါဘူး။

photo-gettyimages

ဂွါဒီယိုလာဟာ ရီးရဲလ်နဲ့ စုစုပေါင်း ၁၇ ကြိမ်တိုင်တွေ့ဆုံခဲ့ဖူးပါတယ်။ အဲဒီ ၁၇ ကြိမ်မှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ၄ ပွဲသာရှုံးခဲ့တာပါ။ တစ်နည်းအားဖြင့် ရီးရဲလ်နဲ့တွေ့ဆုံမှုတွေမှာ ဂွါဒီယိုလာသာခဲ့တာ များပါတယ်။ ဒါပေမဲ့ သူ ဘိုင်ယန်ကိုရောက်နေချိန် ၂၀၁၃-၁၄ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တုန်းက ရီးရဲလ်နဲ့တွေ့တော့ နှစ်ကျော့ပေါင်း ၅-၀ နဲ့ ရှုံးခဲ့ဖူးပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ရီးရဲလ်နဲ့ချန်ပီယံလိဂ်တွေ့ဆုံမှုတွေမှာ မနိုင်ဖူးသေးဘဲ ၂ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ အဲဒီထဲမှာ ၂၀၁၅-၁၆ ရာသီ ဆီမီးဖိုင်နယ်တွေ့ဆုံမှုတုန်းက နှစ်ကျော့ပေါင်းနဲ့ ရှုံးခဲ့တာလည်း ပါဝင်ပါတယ်။

[Zawgyi]

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္က ဒုတိယ El Clasico လုိ ပြဲတစ္ပြဲ

ထြက္ေပၚလာတဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲစဥ္ေတြထဲမွာ ပြဲႀကီးပြဲေကာင္းေတြပါ၀င္ေနပါတယ္။ ေဒါ့မန္-ပီအက္္စ္ဂ်ီ၊ အက္သလက္တီကို-လီဗာပူး၊ ခ်ဲလ္ဆီး-ဘိုင္ယန္ျမဴးနစ္၊ ရီးရဲလ္မက္ဒရစ္-မန္စီးတီး ေတြ႕ဆုံမႈေတြ ျဖစ္ၾကပါတယ္။ အဲဒီထဲမွာ အရည္အေသြးအရ တက္ညီလက္ညီအျဖစ္ႏိုင္ဆုံးနဲ႔ ပရိသတ္ေတြအတြက္ စိတ္၀င္စားစရာအေကာင္းဆုံးက ရီးရဲလ္နဲ႔မန္စီးတီးတို႔ရဲ႕ေတြဆုံမႈပဲ ျဖစ္ပါလိမ့္မယ္။ တစ္သင္းက ၿပိဳင္ပြဲသမိုင္းမွာ အေအာင္ျမင္ဆုံးျဖစ္ၿပီး ေနာက္တစ္သင္းကေတာ့ ဥေရာပအဆင့္ေအာင္ျမင္မႈအတြက္ မ်ားျပားလွတဲ့ေငြေၾကးနဲ႔တည္ေဆာက္ထားကာ ဒီရာသီခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲဖုိ႔ လက္ရွိေရပန္းအစားဆုံးအသင္းလည္း ျဖစ္ေနတာပါ။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ ဘာစီလိုနာေသြးစီးဆင္းေနသူျဖစ္တာေၾကာင့္ ရီးရဲလ္နဲ႔အခုေတြ႕ဆုံမႈဟာ ဒုတိယ El Clasico လို ပြဲတစ္ပြဲျဖစ္ေနတာပါ။ ဒါ့အျပင္ ရီးရဲလ္မက္ရစ္ဟာ ဘာစီလုိနာနည္းျပေဟာင္းဂြါဒီယိုလာရဲ႕နည္းျပသက္တမ္းတစ္ေလွ်ာက္ ဆုံေတြ႕မႈအမ်ားဆုံးအသင္းလည္း ျဖစ္ပါတယ္။ သူ႔နည္းျပဘ၀မွာ ဂြါဒီယိုလာဟာ ရီးရဲလ္ေလာက္ ဘယ္အသင္းနဲ႔မွ ပိုမေတြ႕ပါဘူး။

ဂြါဒီယုိလာဟာ ရီးရဲလ္နဲ႔ စုစုေပါင္း ၁၇ ႀကိမ္တိုင္ေတြ႕ဆုံခဲ့ဖူးပါတယ္။ အဲဒီ ၁၇ ႀကိမ္မွာ ၉ ပြဲႏိုင္၊ ၄ ပြဲသေရနဲ႔ ၄ ပြဲသာရႈံးခဲ့တာပါ။ တစ္နည္းအားျဖင့္ ရီးရဲလ္နဲ႔ေတြ႕ဆုံမႈေတြမွာ ဂြါဒီယိုလာသာခဲ့တာ မ်ားပါတယ္။ ဒါေပမဲ့ သူ ဘုိင္ယန္ကိုေရာက္ေနခ်ိန္ ၂၀၁၃-၁၄ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တုန္းက ရီးရဲလ္နဲ႔ေတြ႕ေတာ့ ႏွစ္ေက်ာ့ေပါင္း ၅-၀ န႔ဲ ရႈံးခဲ့ဖူးပါတယ္။ ဒါ့အျပင္ မန္စီးတီးဟာ ရီးရဲလ္နဲ႔ခ်န္ပီယံလိဂ္ေတြ႕ဆုံမႈေတြမွာ မႏိုင္ဖူးေသးဘဲ ၂ ပြဲသေရ ၂ ပြဲရႈံးထားပါတယ္။ အဲဒီထဲမွာ ၂၀၁၅-၁၆ ရာသီ ဆီမီးဖိုင္နယ္ေတြ႕ဆုံမႈတုန္းက ႏွစ္ေက်ာ့ေပါငး္နဲ႔ ရႈံးခဲ့တာလည္း ပါ၀င္ပါတယ္။