မန်စီးတီးနဲ့ပွဲမှာ လုံခြုံရေးကင်မရာကနေရိုက်မိထားတဲ့ ပရိသတ်မြင်ကွင်းနောက်ကွယ်က မန်ယူကစားသမားတွေရဲ့အဖြစ်အပျက်အချို့

photo internet

ဘောလုံးအားကစားပရိသတ်တွေဟာ ကွင်းအတွင်းက ကစားသမားတွေရဲ့ပုံရိပ်တွေကိုသာ အများအားဖြင့်မြင်တွေ့ရသာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ပြီးခဲ့တဲ့ မန်ယူ- မန်စီးတီးပွဲက ဥမင်လိုဏ်ခေါင်းအတွင်းမှာဖြစ်ခဲ့တဲ့ ပုံရိပ်အချို့အကြောင်းဖြစ်ပါတယ်။ အဲဒီပုံရိပ်တွေကို ဥမင်လိုဏ်ခေါင်းမှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာကနေ ဖမ်းယူမိခဲ့တာဖြစ်ပါတယ်။

မန်ယူကစားသမားတွေ ဥမင်လိုဏ်ခေါင်းကနေလျှောက်လာချိန်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေပါ။ အခြားကစားသမားတွေကတော့ ဒီတိုင်းလျှောက်သွားခဲ့ပေမယ့် နည်းပြမတ်ခီနာကတော့ တိုမီနေးဘေးနားကနေ လိုက်ပါပြီး တတွတ်တွတ်နဲ့အကြံပေးစကားတွေပြောနေခဲ့တာဖြစ်ပါတယ်။ မတ်ခီနာဟာ ကစားသမားတွေကို နည်းစနစ်ပိုင်းဆိုင်ရာအကြံပေးတဲ့နေရာမှာတော်တဲ့သူဖြစ်ပါတယ်။

photo internet

အဲဒီအဖြစ်အပျက်ဟာ ပထမပိုင်းပြီးချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ ရိုက်ကူးထားတဲ့ပုံရိပ်တွေဟာ အသံမှတ်တမ်းတွေပါပါရှိပါတယ်။ အသံမှတ်တမ်းအရ “မင်းသူနဲ့နီးနိုင်သမျှနီးအောင်နေ”ဆိုပြီး ပြောဆိုနေတာဖြစ်ပါတယ်။ အဲဒီပွဲမှာ တိုမီနေးဟာ မန်စီးတီးဘက်က ကစားသမားတွေဖြစ်တဲ့ ဒီဘရူနီ၊ဒေးဗစ် ဆေးလ်ဗားနဲ့ ရိုဒရီတို့ကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။

photo internet

ဒါ့အပြင် ဒုတိယပိုင်းပြန်စချိန်မှာလည်း ဥမင်လိုဏ်ခေါင်းအတွင်းမှာ မန်ယူကစားသမားတွေက ဘစ်ဆာခါကို ဝိုင်းဝန်းချီးကျူးနေတာကိုလည်း တွေ့ရပါမယ်။ အဲဒီပွဲမှာ ဘစ်ဆာခါရဲ့ကစားပုံက တော်တော်ကောင်းတာ ကြောင့် ပရိသတ်တွေရဲ့အားပေးတာကိုလည်းရရှိခဲ့ပါတယ်။ ဂရင်းဝုဒ်ကတော့ ပြုံးပျော်နေတဲ့အနေအထားတွေ့ရပါတယ်။ မတ်ခီနာက သူ့ကိုကိစ္စတစ်ခုခုပြောနေတာဖြစ်ပြီးအဲဒီအပေါ် အပြုံးနဲ့တုံ့ပြန်နေတာပါ။ မန်စီးတီးကမန်ဒီနဲ့ မန်ယူက မာရှယ်တို့ကတော့ နဂိုကတည်းက ခင်မင်ထားသူတွေဖြစ်တာကြောင့် မန်ဒီက မာရှယ်ကိုစကားတွေပြောနေခဲ့ပြီး ပွင့်ပွင့်လင်းလင်းပြောတာတော့မဟုတ်ပါဘူး။ ပါးစပ်ကိုအင်္ကျီနဲ့ကွယ်ကာ ပြောနေခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ မန်ယူဟာ ပရိသတ်တွေကျေနပ်အားရအောင် အနိုင်ရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

photo internet

(Zawgyi Version)

မန္စီးတီးနဲ႔ပြဲမွာ လုံၿခံဳေရးကင္မရာကေနရိုက္မိထားတဲ့ ပရိသတ္ျမင္ကြင္းေနာက္ကြယ္က မန္ယူကစားသမားေတြရဲ႕အျဖစ္အပ်က္အခ်ဳိ႕

ေဘာလုံးအားကစားပရိသတ္ေတြဟာ ကြင္းအတြင္းက ကစားသမားေတြရဲ႕ပုံရိပ္ေတြကိုသာ အမ်ားအားျဖင့္ျမင္ေတြ႕ရသာျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ၿပီးခဲ့တဲ့ မန္ယူ- မန္စီးတီးပြဲက ဥမင္လိုဏ္ေခါင္းအတြင္းမွာျဖစ္ခဲ့တဲ့ ပုံရိပ္အခ်ဳိ႕အေၾကာင္းျဖစ္ပါတယ္။ အဲဒီပုံရိပ္ေတြကို ဥမင္လိုဏ္ေခါင္းမွာတပ္ဆင္ထားတဲ့ လုံၿခံဳေရးကင္မရာကေန ဖမ္းယူမိခဲ့တာျဖစ္ပါတယ္။

မန္ယူကစားသမားေတြ ဥမင္လိုဏ္ေခါင္းကေနေလွ်ာက္လာခ်ိန္မွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြပါ။ အျခားကစားသမားေတြကေတာ့ ဒီတိုင္းေလွ်ာက္သြားခဲ့ေပမယ့္ နည္းျပမတ္ခီနာကေတာ့ တိုမီေနးေဘးနားကေန လုိက္ပါၿပီး တတြတ္တြတ္နဲ႔အႀကံေပးစကားေတြေျပာေနခဲ့တာျဖစ္ပါတယ္။ မတ္ခီနာဟာ ကစားသမားေတြကို နည္းစနစ္ပိုင္းဆိုင္ရာအႀကံေပးတဲ့ေနရာမွာေတာ္တဲ့သူျဖစ္ပါတယ္။

အဲဒီအျဖစ္အပ်က္ဟာ ပထမပိုင္းျပီးခ်ိန္မွာျဖစ္ပ်က္ခ့ဲတာျဖစ္ျပီးေတာ့ ရိုက္ကူးထားတဲ့ပုံရိပ္ေတြဟာ အသံမွတ္တမ္းေတြပါပါရိွပါတယ္။ အသံမွတ္တမ္းအရ “မင္းသူနဲ႔နီးႏိုင္သမွ်နီးေအာင္ေန”ဆိုၿပီး ေျပာဆိုေနတာျဖစ္ပါတယ္။ အဲဒီပြဲမွာ တိုမီေနးဟာ မန္စီးတီးဘက္က ကစားသမားေတြျဖစ္တဲ့ ဒီဘရူနီ၊ေဒးဗစ္ ေဆးလ္ဗားနဲ႔ ရိုဒရီတို႔ကို ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဒုတိယပိုင္းျပန္စခ်ိန္မွာလည္း ဥမင္လို္ဏ္ေခါင္းအတြင္းမွာ မန္ယူကစားသမားေတြက ဘစ္ဆာခါကို ၀ိုင္း၀န္းခ်ီးက်ဴးေနတာကိုလည္း ေတြ႕ရပါမယ္။ အဲဒီပြဲမွာ ဘစ္ဆာခါရဲ႕ကစားပုံက ေတာ္ေတာ္ေကာင္းတာ ေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးတာကိုလည္းရရိွခဲ့ပါတယ္။ ဂရင္း၀ုဒ္ကေတာ့ ၿပဳံးေပ်ာ္ေနတဲ့အေနအထားေတြ႕ရပါတယ္။ မတ္ခီနာက သူ႔ကိုကိစၥတစ္ခုခုေျပာေနတာျဖစ္ၿပီးအဲဒီအေပၚ အၿပဳံးနဲ႔တုံ႔ျပန္ေနတာပါ။ မန္စီးတီးကမန္ဒီနဲ႔ မန္ယူက မာရွယ္တို႔ကေတာ့ နဂိုကတည္းက ခင္မင္ထားသူေတြျဖစ္တာေၾကာင့္ မန္ဒီက မာရွယ္ကိုစကားေတြေျပာေနခဲ့ၿပီး ပြင့္ပြင့္လင္းလင္းေျပာတာေတာ့မဟုတ္ပါဘူး။ ပါးစပ္ကိုအက်ႌနဲ႔ကြယ္ကာ ေျပာေနခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲမွာ မန္ယူဟာ ပရိသတ္ေတြေက်နပ္အားရေအာင္ အႏိုင္ရလဒ္ကို ယူေဆာင္ေပးႏိုင္ခဲ့ပါတယ္။