ဆန်ချိုကို ကလပ်စံချိန်တင် ပေါင်သန်း ၁၀၀နဲ့ ကမ်းလှမ်းဖို့ ချဲလ်ဆီး ပစ်မှတ်ထား

Photo Credit

Photo Credit

ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ပြစ်ဒဏ် ပယ်ဖျက်ခံခဲ့ရပြီးနောက် အဓိကကြိုးစားမှုအဖြစ် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပြီး လာမယ့်နွေရာသီအတွင်း အင်္ဂလန်လက်ရွေးစင် ဆန်ချိုလည်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းဟာ ဆန်ချိုအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သုံးစွဲဖို့ ပြင်ဆင်ထားပြီး တိုက်စစ်မှူး အေဘရာဟမ် ခြေစွမ်းပြနေပေမယ့် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့လည်း စီစဉ်နေရာ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာက အသင်းရဲ့အလိုရှိစာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit

ဒါပေမဲ့ ဆန်ချိုက ချဲလ်ဆီးအသင်းအတွက် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးခေါ်ယူမှုဖြစ်လာနိုင်ပြီး ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ကပါ သူ့ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပေမယ့် တကယ်လို့ ဒေါ့မွန်အသင်းကသာ သူတို့ရဲ့ကြယ်ပွင့်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင် စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာလိမ့်မယ်လို့ ချဲလ်ဆီးပရိသတ်တွေက ယုံကြည်နေပါတယ်။

Photo Credit

ဆန်ချိုဟာ တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းရဲ့သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး အသင်းကလည်း နောက်လာမယ့်ဆယ်စုနှစ်တစ်ခုကြာတဲ့အထိ သူတို့နှစ်ယောက်ကို တောင်ပံတစ်စုံအဖြစ် ထားရှိလိုနေသလို ပူလီဆစ်ကို ကွင်းလယ်တိုက်စစ်အဖြစ် ထားရှိဖို့ မျှော်လင့်နေပါတယ်။

Photo Credit

ချဲလ်ဆီးဟာ ဘယ်နောက်ခံလူနေရာအတွက်လည်း အားဖြည့်ဖွယ်ရှိနေပြီး စီးတီးနဲ့အပြိုင် လက်စတာဘယ်နောက်ခံလူ ချီဝဲလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

Photo Credit

Zawgyi

ဆန္ခ်ိဳကို ကလပ္စံခ်ိန္တင္ ေပါင္သန္း ၁၀၀နဲ႔ ကမ္းလွမ္းဖုိ႔ ခ်ဲလ္ဆီး ပစ္မွတ္ထား

ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ပိတ္ပင္ခံထားရတဲ့ျပစ္ဒဏ္ ပယ္ဖ်က္ခံခဲ့ရၿပီးေနာက္ အဓိကႀကိဳးစားမႈအျဖစ္ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူဖို႔ ပစ္မွတ္ထားလာၿပီး လာမယ့္ေႏြရာသီအတြင္း အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳလည္း စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ဆန္ခ်ိဳအတြက္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၀၀ သုံးစြဲဖို႔ ျပင္ဆင္ထားၿပီး တုိက္စစ္မွဴး ေအဘရာဟမ္ ေျခစြမ္းျပေနေပမယ့္ တုိက္စစ္မွဴးတစ္ဦးေခၚယူဖို႔လည္း စီစဥ္ေနရာ လုိက္ပ္ဇစ္တုိက္စစ္မွဴး တီမို၀ါနာက အသင္းရဲ႕အလုိရွိစာရင္းထဲမွာ ပါ၀င္ေနပါတယ္။
ဒါေပမဲ့ ဆန္ခ်ိဳက ခ်ဲလ္ဆီးအသင္းအတြက္ စိတ္လႈပ္ရွားဖြယ္အေကာင္းဆုံးေခၚယူမႈျဖစ္လာႏိုင္ၿပီး ျပည္တြင္းၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ကပါ သူ႕ကို ေခၚယူဖုိ႔ အၿပိဳင္စိတ္၀င္စားေနေပမယ့္ တကယ္လုိ႔ ေဒါ့မြန္အသင္းကသာ သူတုိ႔ရဲ႕ၾကယ္ပြင့္ကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ရင္ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကို ေရာက္လာလိမ့္မယ္လုိ႔ ခ်ဲလ္ဆီးပရိသတ္ေတြက ယုံၾကည္ေနပါတယ္။
ဆန္ခ်ိဳဟာ ေတာင္ပံကစားသမား ဟက္ဆန္အိုဒြိဳင္းရဲ႕သူငယ္ခ်င္းေကာင္းတစ္ဦးျဖစ္ၿပီး အသင္းကလည္း ေနာက္လာမယ့္ဆယ္စုႏွစ္တစ္ခုၾကာတဲ့အထိ သူတုိ႔ႏွစ္ေယာက္ကို ေတာင္ပံတစ္စုံအျဖစ္ ထားရွိလုိေနသလို ပူလီဆစ္ကို ကြင္းလယ္တုိက္စစ္အျဖစ္ ထားရွိဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။
ခ်ဲလ္ဆီးဟာ ဘယ္ေနာက္ခံလူေနရာအတြက္လည္း အားျဖည့္ဖြယ္ရွိေနၿပီး စီးတီးနဲ႔အၿပိဳင္ လက္စတာဘယ္ေနာက္ခံလူ ခ်ီ၀ဲလ္ကို ေခၚယူဖုိ႔ ပစ္မွတ္ထားေနပါတယ္။