ဒါဘီပွဲမှာ ပစ်ပေါက်မှုတွေအပြင် လူမျိုးရေးခွဲခြားမှုလည်းလုပ်ခဲ့တဲ့ ပရိသတ်တွေကြောင့် အရေးယူခံရမယ့်မန်စီးတီး

photo-daily mail

photo-sky sports

မနေ့ညမန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးပရိသတ်တွေဟာ မန်ယူပရိသတ်တွေကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုပြုလုပ်ခဲ့တဲ့အပြင် အဲဒီထဲက မန်စီးတီးပရိသတ်တစ်ယောက်ဟာလည်း မျောက်လိုအော်ဟစ်ပြီး လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအိမ်ကွင်းအီတီဟတ်ရဲ့ထောင့်တစ်နေရာက အနည်းငယ်သောမန်စီးတီးပရိသတ်အုပ်စုတစ်ခုဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ဒါဘီပွဲ ဒုတိယပိုင်းမှာ အခုလိုအရုပ်ဆိုးအကျည်းတန်ဖွယ်ရာတွေ ပြုလုပ်ခဲ့တာပါ။

photo-sky sports

ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ မန်ယူကွင်းလယ်လူဖရက်ဒ်ဟာ ထောင့်ကန်ဘောကန်ဖို့ သွားရောက်စဉ် သူ့ဆီကိုဦးတည်းပြီး မီးခြစ်တွေအပါအဝင် အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုပြုလုပ်ခဲ့ကြပါတယ်။ ပွဲကြည့်စင်ပေါ်ကနေ ပစ်ပေါက်မှုတွေပြုလုပ်နေကြစဉ် အဲဒီဘရာဇီးသားနဲ့အသင်းဖေ်ာလင်ဂတ်တို့ဟာ အဲဒီအတွက် ဒိုင်လူကြီးကို ကန့်ကွက်ခဲ့ကြပါတယ်။ ကွင်းလုံခြုံရေးတွေကလည်း အခြေအနေကို ထိန်းချုပ်ဖို့ရုန်းကန်နေရချိန်မှာ မန်စီးတီးကစားသမားတချို့ရောက်လာပြီး ပရိသတ်တွေ ဖျောင်းဖျမှုလုပ်ခဲ့ပါတယ်။ ထောင့်ကန်ဘောကန်ဖို့ နောက်တစ်ကြိမ်သွားရောက်တဲ့အခါမှတော့ ဖရက်ဒ်ဟာ အရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်ခံလိုက်ရမှုကြောင့် လည်ပင်းကိုထိသွားပြီး နာကျင်သွားပုံလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းတာက အရမ်းကြီးမဆိုးခဲ့တာပါ။

photo-independent

ဒါ့အပြင် အဲဒီပရိသတ်အုပ်စုထဲက မန်စီးတီးပရိသတ်တစ်ယောက်ဟာ သူနဲ့အနည်းငယ်သာကွာဝေးတဲ့ မန်ယူက ဖရက်ဒ်နဲ့လင်ဂတ်တို့ကို မျောက်လိုအမူအယာမျိုးလုပ်ခဲ့ပုံရပြီး အဲဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့သွားကာ အဲဒီအတွက် ရဲတပ်ဖွဲ့နဲ့အတူ စုံစမ်းမှုပြုလုပ်နေကြောင်း မန်စီးတီးအသင်းက ကြေညာခဲ့ပါတယ်။ ဒီအတိုင်းဆိုရင် ပရိသတ်တွေရဲ့အပြုအမူကြောင့် မန်စီးတီးဟာ အက်ဖ်အေရဲ့အရေးယူမှုနဲ့ရင်ဆိုင်ရတော့မှာပါ။

[Zawgyi]

ဒါဘီပြဲမွာ ပစ္ေပါက္မႈေတြအျပင္ လူမ်ိဳးေရးခြဲျခားမႈလညး္လုပ္ခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ အေရးယူခံရမယ့္မန္စီးတီး

မေန႔ညမန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးပရိသတ္ေတြဟာ မန္ယူပရိသတ္ေတြကို အရာ၀တၳဳေတြနဲ႔ ပစ္ေပါက္မႈျပဳလုပ္ခဲ့တဲ့အျပင္ အဲဒီထဲက မန္စီးတီးပရိသတ္တစ္ေယာက္ဟာလည္း ေမ်ာက္လိုေအာ္ဟစ္ၿပီး လူမ်ိဳးေရးခြဲျခားမႈျပဳလုပ္ခဲ့ပါတယ္။ မန္စီးတီးအိမ္ကြင္းအီတီဟတ္ရဲ႕ေထာင့္တစ္ေနရာက အနည္းငယ္ေသာမန္စီးတီးပရိသတ္အုပ္စုတစ္ခုဟာ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့တဲ့ဒါဘီပြဲ ဒုတိယပိုင္းမွာ အခုလိုအရုပ္ဆုိးအက်ည္းတန္ဖြယ္ရာေတြ ျပဳလုပ္ခဲ့တာပါ။

ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုမွာ မန္ယူကြင္းလယ္လူဖရက္ဒ္ဟာ ေထာင့္ကန္ေဘာကန္ဖို႔ သြားေရာက္စဥ္ သူ႔ဆီကိုဦးတည္းၿပီး မီးျခစ္ေတြအပါအ၀င္ အရာ၀တၳဳေတြနဲ႔ ပစ္ေပါက္မႈျပဳလုပ္ခဲ့ၾကပါတယ္။ ပြဲၾကည့္စင္ေပၚကေန ပစ္ေပါက္မႈေတြျပဳလုပ္ေနၾကစဥ္ အဲဒီဘရာဇီးသားန႔ဲအသင္းေဖ္ာလင္ဂတ္တုိ႔ဟာ အဲဒီအတြက္ ဒိုင္လူႀကီးကို ကန္႔ကြက္ခဲ့ၾကပါတယ္။ ကြငး္လုံၿခဳံေရးေတြကလည္း အေျခအေနကို ထိန္းခ်ဳပ္ဖုိ႔ရုန္းကန္ေနရခ်ိန္မွာ မန္စီးတီးကစားသမားတခ်ို႕ေရာက္လာၿပီး ပရိသတ္ေတြ ေဖ်ာင္းဖ်မႈလုပ္ခဲ့ပါတယ္။ ေထာင့္ကန္ေဘာကန္ဖုိ႔ ေနာက္တစ္ႀကိမ္သြားေရာက္တဲ့အခါမွေတာ့ ဖရက္ဒ္ဟာ အရာ၀တၳဳတစ္ခုနဲ႔ ပစ္ေပါက္ခံလိုက္ရမႈေၾကာင့္ လည္ပင္းကိုထိသြားၿပီး နာက်င္သြားပုံလညး္ ရခဲ့ပါတယ္။ ဒါေပမဲ့ ကံေကာင္းတာက အရမ္းႀကီးမဆုိးခဲ့တာပါ။

ဒါ့အျပင္ အဲဒီပရိသတ္အုပ္စုထဲက မန္စီးတီးပရိသတ္တစ္ေယာက္ဟာ သူန႔ဲအနည္းငယ္သာကြာေ၀းတဲ့ မန္ယူက ဖရက္ဒ္နဲ႔လင္ဂတ္တို႔ကို ေမ်ာက္လုိအမူအယာမ်ိဳးလုပ္ခဲ့ပုံရၿပီး အဲဒီဗီဒီယုိဟာ ဆုိရွယ္မီဒီယာထက္မွာ ပ်ံ႕ႏွံ႔သြားကာ အဲဒီအတြက္ ရဲတပ္ဖြဲ႕နဲ႔အတူ စုံစမ္းမႈျပဳလုပ္ေနေၾကာင္း မန္စီးတီးအသငး္က ေၾကညာခဲ့ပါတယ္။ ဒီအတုိင္းဆုိရင္ ပရိသတ္ေတြရဲ႕အျပဳအမူေၾကာင့္ မန္စီးတီးဟာ အက္ဖ္ေအရဲ႕အေရးယူမႈနဲ႔ရင္ဆိုင္ရေတာ့မွာပါ။