ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲ အနီးကပ်ပိတ်သွင်းချက် အံ့အားသင့်ဖွယ်လွဲချော်သွားတဲ့ တာဟစ်ချောင်

Photo Credit

Photo Credit

ယူနိုက်တက်အသင်းလူငယ်တောင်ပံကစားသမား တာဟစ်ချောင်ဟာ အက်စ်တာနာအသင်းကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ အနီးကပ်အပိုင်ကန်သွင်းခွင့်ရပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် လွဲချော်သွားခဲ့ပြီး ၃၈စက္ကန့်အကြာမှာပဲ အိမ်ရှင်အသင်းက ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အုပ်စုပွဲစဉ်တွေပြီးဖို့ ၂ပွဲအလိုမှာပဲ နောက်တစ်ဆင့်တက်ဖို့ သေချာခဲ့ပြီးဖြစ်လို့ နည်းပြဆိုးလ်ရှားက ဒီပွဲမှာ လူငယ်အများစုကို ထုတ်သုံးခဲ့ပါတယ်။

Video Credit

အသက် ၂၀ကျော်ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်တဲ့ လင်ဂတ်က စောစောစီးစီးဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ အသက် ၁၉နှစ်ပဲရှိသေးပေမယ့် အတွေ့အကြုံအများအပြားရှိထားတဲ့တာဟစ်ချောင်က အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဂိုးသွင်းခွင့်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ အက်စ်တာနာအသင်းကလည်း တစ်မိနစ်တောင်မဆိုင်းဘဲ ချေပဂိုးသွင်းယူသွားပါတယ်။

Photo Credit

ပြီးတော့ သိပ်မကြာခင်မှာပဲ ယူနိုက်တက်နောက်ခံလူ ဘားနက်က ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ အက်စ်တာနာအသင်း အနိုင်ဂိုးရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်နောက်ဆုံး ၁၅ပွဲဆက်ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်သွားခဲ့ပြီး အက်စ်တာနာအသင်းက ဒီပွဲမတိုင်ခင် ယခင်ယူရိုပါလိဂ် ၄ပွဲမှာ ပွဲတိုင်းရှုံးနိမ့်ကာ ရဂိုး ၁ဂိုးနဲ့ ပေးဂိုး ၁၁ဂိုးအထိ ရှိခဲ့တဲ့အသင်းဖြစ်ပါတယ်။

Photo Credit

ဝါရင့်ဂိုးသမား လီဂရန့်က ၂၀၁၈ နွေရာသီမှာ အသင်းကိုရောက်လာပြီးနောက် ယခုပွဲရောက်မှ ပထမဆုံးပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသမားမပါ ကျန်ယူနိုက်တက်အသင်းသားတွေရဲ့ပျမ်းမျှအသက်က ၂၀နှစ်နဲ့ ၂လပဲရှိပါတယ်။ လုခ်ရှော၊ လင်ဂတ်၊ တာဟစ်ချောင်၊ တွမ်ဇီဘီနဲ့ ဂရင်းဝုဒ်တို့သာ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရနေတာဖြစ်ပြီး ကွင်းလယ်လူ ဂျိမ်းစ်ဂါနာက စတုတ္ထမြောက်ပွဲအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

Photo Credit

Zawgyi

ဂိုးသမားမရွိတဲ့ဂိုးေပါက္ထဲ အနီးကပ္ပိတ္သြင္းခ်က္ အံ့အားသင့္ဖြယ္လြဲေခ်ာ္သြားတဲ့ တာဟစ္ေခ်ာင္

ယူႏုိက္တက္အသင္းလူငယ္ေတာင္ပံကစားသမား တာဟစ္ေခ်ာင္ဟာ အက္စ္တာနာအသင္းကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ ယူ႐ိုပါလိဂ္ပဲြမွာ ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ အနီးကပ္အပိုင္ကန္သြင္းခြင့္ရေပမယ့္ မယုံႏုိင္စရာေကာင္းေလာက္ေအာင္ လြဲေခ်ာ္သြားခဲ့ၿပီး ၃၈စကၠန္႔အၾကာမွာပဲ အိမ္ရွင္အသင္းက ေခ်ပဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ အုပ္စုပြဲစဥ္ေတြၿပီးဖုိ႔ ၂ပဲြအလုိမွာပဲ ေနာက္တစ္ဆင့္တက္ဖုိ႔ ေသခ်ာခဲ့ၿပီးျဖစ္လုိ႔ နည္းျပဆုိးလ္ရွားက ဒီပြဲမွာ လူငယ္အမ်ားစုကို ထုတ္သုံးခဲ့ပါတယ္။
အသက္ ၂၀ေက်ာ္ကစားသမားအနည္းငယ္ထဲက တစ္ဦးျဖစ္တဲ့ လင္ဂတ္က ေစာေစာစီးစီးဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ အသက္ ၁၉ႏွစ္ပဲရွိေသးေပမယ့္ အေတြ႕အႀကံဳအမ်ားအျပားရွိထားတဲ့တာဟစ္ေခ်ာင္က အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ဂိုးသြင္းခြင့္ကို ျဖဳန္းတီးပစ္ခဲ့ပါတယ္။ အက္စ္တာနာအသင္းကလည္း တစ္မိနစ္ေတာင္မဆုိင္းဘဲ ေခ်ပဂိုးသြင္းယူသြားပါတယ္။
ၿပီးေတာ့ သိပ္မၾကာခင္မွာပဲ ယူႏုိက္တက္ေနာက္ခံလူ ဘားနက္က ကိုယ့္ဂိုးကိုယ္သြင္းမိသြားလုိ႔ အက္စ္တာနာအသင္း အႏိုင္ဂိုးရခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ယူ႐ိုပါလိဂ္ေနာက္ဆုံး ၁၅ပဲြဆက္႐ံႈးပြဲမရွိစံခ်ိန္လည္း က်ိဳးပ်က္သြားခဲ့ၿပီး အက္စ္တာနာအသင္းက ဒီပြဲမတုိင္ခင္ ယခင္ယူ႐ိုပါလိဂ္ ၄ပဲြမွာ ပြဲတုိင္း႐ံႈးနိမ့္ကာ ရဂိုး ၁ဂိုးနဲ႔ ေပးဂိုး ၁၁ဂိုးအထိ ရွိခ့ဲ့တဲ့အသင္းျဖစ္ပါတယ္။
၀ါရင့္ဂိုးသမား လီဂရန္႔က ၂၀၁၈ ေႏြရာသီမွာ အသင္းကိုေရာက္လာၿပီးေနာက္ ယခုပြဲေရာက္မွ ပထမဆုံးပြဲထြက္ကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရခဲ့ၿပီး ဂိုးသမားမပါ က်န္ယူႏုိက္တက္အသင္းသားေတြရဲ႕ပ်မ္းမွ်အသက္က ၂၀ႏွစ္နဲ႔ ၂လပဲရွိပါတယ္။ လုခ္ေရွာ၊ လင္ဂတ္၊ တာဟစ္ေခ်ာင္၊ တြမ္ဇီဘီနဲ႔ ဂရင္း၀ုဒ္တုိ႔သာ အသင္းႀကီးမွာ ပါ၀င္ကစားခြင့္ရေနတာျဖစ္ၿပီး ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာက စတုတၳေျမာက္ပဲြအျဖစ္ ပါ၀င္ကစားခြင့္ရရွိခ့ဲပါတယ္။