အာဆင်နယ်ကနေ ထွက်ခွာဖြစ်ရင် လာလီဂါကို အူဘာမီယန်း ရောက်ဖွယ်ရှိနေ

Photo Credit

Photo Credit

တကယ်လို့များ တိုက်စစ်မှူး အူဘာမီယန်းသာ လက်ရှိကလပ် အာဆင်နယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် သူ့ကို ခေါ်ယူဖို့ လာလီဂါအင်အားကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ် နှစ်သင်းစလုံးက အပြိုင်ကြိုးစားဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေစတင်ဖို့ ကြိုးစားနေပေမယ့် တစ်ဘက်ကလည်း အူဘာမီယန်းအနေနဲ့ လက်ရှိနည်းပြ အမ်မရီ ဆက်လက်တာဝန်ယူနေသရွေ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားမှမဟုတ်ဘူးဆိုတဲ့စိုးရိမ်စိတ်တွေ ဝင်နေပါတယ်။

Photo Credit

ဒီအတွက်ကြောင့်လည်း ဘာစီလိုနာနဲ့ရီးရဲလ်တို့က အာဆင်နယ်နဲ့အူဘာမီယန်းတို့ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လာမယ့်နွေရာသီမှာ အသက် ၃၀အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူးကို ခေါ်ယူဖို့ အပြိုင်ကြိုးစားဖွယ်ရှိနေပါတယ်။

Photo Credit

အူဘာမီယန်းက ၂၀၂၁ နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေက ပေါင် ၅၇သန်းနဲ့ ခေါ်ယူထားတဲ့ကစားသမားကို နောက်ဆုံးနှစ်ထဲအဝင်မခံလိုဘဲ အထူးသဖြင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာကို တွေးကြောက်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီက သူ့ကို ခေါ်ယူဖို့ တရုတ်ကလပ်တွေက ကြိုးစားခဲ့ပေမယ့် အူဘာမီယန်းကတော့ အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ အာဆင်နယ်အသင်းဟာ နောက်ဆုံး ၅ပွဲဆက်နိုင်ပွဲပျောက်နေခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၈နေရာအထိ ကျဆင်းသွားသလို အသင်းတွင်း စည်းလုံးမှုလည်း ပြိုကွဲနေပါတယ်။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က အသက် ၃၃နှစ်ပြည့်တော့မှာဖြစ်သလို တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်းကလည်း အခုထိအသားမကျသေးလို့ အသင်းတာဝန်ရှိသူတွေက တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit

ဒါ့အပြင် ရီးရဲလ်ကလည်း အူဘာမီယန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဒေါ့မွန်နဲ့ စိန့်အက်တီယန်ကြယ်ပွင့်ဟောင်းက ရီးရဲလ်အတွက် ကစားပေးရေးမှာ မိမိရဲ့ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ယခင်က လူသိရှင်ကြားဖွင့်ဟခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကို ရောက်ဖု့ိက ဖြစ်နိုင်ခြေပိုများနေပြီး အာဆင်နယ်ကလည်း အူဘာမီယန်းသာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် သူ့ကို ရောင်းချဖွယ်ရှိနေပါတယ်။

Photo Credit

Zawgyi

အာဆင္နယ္ကေန ထြက္ခြာျဖစ္ရင္ လာလီဂါကို အူဘာမီယန္း ေရာက္ဖြယ္ရွိေန

တကယ္လုိ႔မ်ား တုိက္စစ္မွဴး အူဘာမီယန္းသာ လက္ရွိကလပ္ အာဆင္နယ္ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ရင္ သူ႕ကို ေခၚယူဖို႔ လာလီဂါအင္အားႀကီးေတြျဖစ္တဲ့ ဘာစီလုိနာနဲ႔ ရီးရဲလ္ ႏွစ္သင္းစလုံးက အၿပိဳင္ႀကိဳးစားဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အာဆင္နယ္အသင္းတာ၀န္ရွိသူေတြဟာ အူဘာမီယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရး ေဆြးေႏြးမႈေတြစတင္ဖို႔ ႀကိဳးစားေနေပမယ့္ တစ္ဘက္ကလည္း အူဘာမီယန္းအေနနဲ႔ လက္ရွိနည္းျပ အမ္မရီ ဆက္လက္တာ၀န္ယူေနသေရြ႕ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ စဥ္းစားမွမဟုတ္ဘူးဆုိတ့ဲစုိးရိမ္စိတ္ေတြ ၀င္ေနပါတယ္။
ဒီအတြက္ေၾကာင့္လည္း ဘာစီလုိနာနဲ႔ရီးရဲလ္တုိ႔က အာဆင္နယ္နဲ႔အူဘာမီယန္းတုိ႔ရဲ႕အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး လာမယ့္ေႏြရာသီမွာ အသက္ ၃၀အရြယ္ရွိ ဂါဘြန္တုိက္စစ္မွဴးကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးစားဖြယ္ရွိေနပါတယ္။
အူဘာမီယန္းက ၂၀၂၁ ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အသင္းတာ၀န္ရွိသူေတြက ေပါင္ ၅၇သန္းနဲ႔ ေခၚယူထားတဲ့ကစားသမားကို ေနာက္ဆုံးႏွစ္ထဲအ၀င္မခံလိုဘဲ အထူးသျဖင့္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆုံး႐ံႈးရမွာကို ေတြးေၾကာက္ေနပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက သူ႕ကို ေခၚယူဖုိ႔ တ႐ုတ္ကလပ္ေတြက ႀကိဳးစားခဲ့ေပမယ့္ အူဘာမီယန္းကေတာ့ အသင္းမွာပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ဒါေပမဲ့ အာဆင္နယ္အသင္းဟာ ေနာက္ဆုံး ၅ပြဲဆက္ႏိုင္ပဲြေပ်ာက္ေနခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕အဆင့္ ၈ေနရာအထိ က်ဆင္းသြားသလို အသင္းတြင္း စည္းလုံးမႈလည္း ၿပိဳကြဲေနပါတယ္။ ဘာစီလိုနာအသင္းတုိက္စစ္မွဴး ဆြာရက္ဇ္က အသက္ ၃၃ႏွစ္ျပည့္ေတာ့မွာျဖစ္သလုိ တုိက္စစ္မွဴးသစ္ ဂရစ္ဇ္မန္းကလည္း အခုထိအသားမက်ေသးလုိ႔ အသင္းတာ၀န္ရွိသူေတြက တုိက္စစ္မွဴးသစ္တစ္ဦးေခၚယူဖုိ႔ စီစဥ္ေနပါတယ္။
ဒါ့အျပင္ ရီးရဲလ္ကလည္း အူဘာမီယန္းကို ေခၚယူဖုိ႔ ေစာင့္ၾကည့္ေနၿပီး ေဒါ့မြန္နဲ႔ စိန္႔အက္တီယန္ၾကယ္ပြင့္ေဟာင္းက ရီးရဲလ္အတြက္ ကစားေပးေရးမွာ မိမိရဲ႕ငယ္ဘ၀အိပ္မက္ျဖစ္ေၾကာင္း ယခင္က လူသိရွင္ၾကားဖြင့္ဟခဲ့ဖူးပါတယ္။ ဒါေပမဲ့ ဘာစီလုိနာကို ေရာက္ဖု႔ိက ျဖစ္ႏိုင္ေျခပိုမ်ားေနၿပီး အာဆင္နယ္ကလည္း အူဘာမီယန္းသာ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ရင္ သူ႕ကို ေရာင္းခ်ဖြယ္ရွိေနပါတယ္။