အမှတ်တွေလျော့ဦးမယ့် လီဗာပူးကြောင့် ချန်ပီယံလုပွဲ ခန့်မှန်းရခက်လာနိုင်ကြောင်း မီကာရစ်ချက် ဟောကိန်းထုတ်

Photo Credit

Photo Credit

စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်က အသင်းဟောင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့အမှတ်ကွာဟနေမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ လီဗာပူးလည်း ဒီကြားထဲမှာ အမှတ်တွေလျော့ကျဦးမှာဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲက ခန့်မှန်းရခက်လာနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

Photo Credit

စီးတီးဟာ ၂၀၁၇-၁၈ ရာသီက စံချိန်တင်ရမှတ် ၁၀၀ရရှိကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ယမန်နှစ်ရာသီကလည်း လီဗာပူးကို ၁ မှတ်အသာနဲ့ကျော်ဖြတ်ကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီရာသီမှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ချန်ပီယံလိဂ်ချန်ပီယံအသင်းက ပြည်တွင်းမှာ ရှုံးပွဲမရှိစံချိန်တင်ထားသလို ဒုတိယနေရာက လက်စတာကို ၈ မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo Credit

ရစ်ချက်ကတော့ လီဗာပူးအနေနဲ့ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်နိုင်လိမ့်မယ်လို့မထင်ကြောင်းနဲ့ ဒီအချိန်အထိ ရှုံးပွဲမရှိသေးတာကလည်း ကံကောင်းလို့ဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

”လက်ရှိအချိန်မှာ အရာအားလုံးက လီဗာပူးရဲ့ခြေဖဝါးအောက် ရောက်နေရသလိုပါပဲ။ ကျွန်တော် ဆင်ခြေပေးတာတော့မဟုတ်ပါဘူး။ ကျွန်တော်တု့ိအသင်းနဲ့ပတ်သက်လို့ VAR ရဲ့ဆုံးဖြတ်ချက်တွေကို လက်မခံချင်ပါဘူး။ ဒါပေမဲ့ လီဗာပူးလည်း ကစားပုံတကယ်ကောင်းပြီး ဒီနေရာရောက်ဖို့လည်း ထိုက်တန်ပါတယ်”

Photo Credit

”စီးတီးကတော့ တကယ့်အချိန်ကောင်းရောက်မှ ဒဏ်ရာရကစားသမားတွေများပြားနေလို့ ကံမကောင်းပါဘူး။ ပြီးတော့ ပွဲပယ်ပြဿနာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဘယ်အသင်း အမှတ်ပေးချန်ပီယံဖြစ်မလဲလို့ ဆုံးဖြတ်ဖို့ အရမ်းစောသေးတယ်လို့ ထင်ပါတယ်။ လီဗာပူးလည်း အခုကနေ ရာသီကုန်ချိန်အထိ ကြားထဲမှာ အမှတ်တွေ လျော့ကျမှာပါ။ ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လလောက်ဆိုရင် အမှတ်ကွာဟမှုက အတော်လေးကျဉ်းမြောင်းနေလိမ့်မယ်လို့ ထင်ပါတယ်”လို့ ရစ်ချက်က ပြောပါတယ်။

Photo Credit

Zawgyi

အမွတ္ေတြေလ်ာ့ဦးမယ့္ လီဗာပူးေၾကာင့္ ခ်န္ပီယံလုပြဲ ခန္႔မွန္းရခက္လာႏိုင္ေၾကာင္း မီကာရစ္ခ်က္ ေဟာကိန္းထုတ္

စီးတီးေနာက္ခံလူေဟာင္း မီကာရစ္ခ်က္က အသင္းေဟာင္းအေနနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔အမွတ္ကြာဟေနမႈကို ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္းနဲ႔ လီဗာပူးလည္း ဒီၾကားထဲမွာ အမွတ္ေတြေလ်ာ့က်ဦးမွာျဖစ္လုိ႔ ပရီးမီးယားလိဂ္ခ်န္ပီယံလုပဲြက ခန္႔မွန္းရခက္လာႏိုင္ေၾကာင္း သုံးသပ္လုိက္ပါတယ္။
စီးတီးဟာ ၂၀၁၇-၁၈ ရာသီက စံခ်ိန္တင္ရမွတ္ ၁၀၀ရရွိကာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခ့ဲၿပီးေနာက္ ယမန္ႏွစ္ရာသီကလည္း လီဗာပူးကို ၁ မွတ္အသာနဲ႔ေက်ာ္ျဖတ္ကာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့ပါတယ္။
ဒါေပမ့ဲ ဒီရာသီမွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးပုံစံရရွိေနၿပီး ခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းက ျပည္တြင္းမွာ ႐ံႈးပြဲမရွိစံခ်ိန္တင္ထားသလို ဒုတိယေနရာက လက္စတာကို ၈ မွတ္အထိ ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။
ရစ္ခ်က္ကေတာ့ လီဗာပူးအေနနဲ႔ တစ္ရာသီလုံး႐ံႈးပဲြမရွိစံခ်ိန္တင္ႏုိင္လိမ့္မယ္လုိ႔မထင္ေၾကာင္းနဲ႔ ဒီအခ်ိန္အထိ ႐ံႈးပဲြမရွိေသးတာကလည္း ကံေကာင္းလုိ႔ျဖစ္ေၾကာင္း ဆုိပါတယ္။
”လက္ရွိအခ်ိန္မွာ အရာအားလုံးက လီဗာပူးရဲ႕ေျခဖ၀ါးေအာက္ ေရာက္ေနရသလုိပါပဲ။ ကၽြန္ေတာ္ ဆင္ေျခေပးတာေတာ့မဟုတ္ပါဘူး။ ကၽြန္ေတာ္တု႔ိအသင္းနဲ႔ပတ္သက္လုိ႔ VAR ရဲ႕ဆုံးျဖတ္ခ်က္ေတြကို လက္မခံခ်င္ပါဘူး။ ဒါေပမဲ့ လီဗာပူးလည္း ကစားပုံတကယ္ေကာင္းၿပီး ဒီေနရာေရာက္ဖုိ႔လည္း ထိုက္တန္ပါတယ္”
”စီးတီးကေတာ့ တကယ့္အခ်ိန္ေကာင္းေရာက္မွ ဒဏ္ရာရကစားသမားေတြမ်ားျပားေနလုိ႔ ကံမေကာင္းပါဘူး။ ၿပီးေတာ့ ပြဲပယ္ျပႆနာလည္း ပါ၀င္ပါတယ္။ ဒါေပမဲ့ ဘယ္အသင္း အမွတ္ေပးခ်န္ပီယံျဖစ္မလဲလုိ႔ ဆုံးျဖတ္ဖို႔ အရမ္းေစာေသးတယ္လုိ႔ ထင္ပါတယ္။ လီဗာပူးလည္း အခုကေန ရာသီကုန္ခ်ိန္အထိ ၾကားထဲမွာ အမွတ္ေတြ ေလ်ာ့က်မွာပါ။ ေဖေဖာ္၀ါရီ ဒါမွမဟုတ္ မတ္လေလာက္ဆုိရင္ အမွတ္ကြာဟမႈက အေတာ္ေလးက်ဥ္းေျမာင္းေနလိမ့္မယ္လုိ႔ ထင္ပါတယ္”လုိ႔ ရစ္ခ်က္က ေျပာပါတယ္။