ဆန်ချိုနဲ့ဟာလန်းတို့ကိုကျော်ဖြတ်ပြီး ၂၀၁၉ ရဲ့ Golden Boy ဆုကို ဆွတ်ခူးသွားတဲ့ ဂျာအိုဖိလစ်

photo-gettyimages

photo-gettyimages

အက်သလက်တီကိုတိုက်စစ်ကစားသမားဂျာအိုဖိလစ်ဟာ ဥရောပလူငယ်အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ၂၀၁၉ ရဲ့ Golden Boy ဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရပါတယ်။ ဂျာအိုဖိလစ်အနေနဲ့ ရေပန်းစားခဲ့သေးတဲ့ ဒေ့ါမန်က အင်္ဂလန်လူငယ်ကြယ်ပွင့်ဆန်ချိုကို ကျော်ဖြတ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အဲဒီပေါ်တူဂီလူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘင်ဖီကာနဲ့အတူ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်ရောက်လာခဲ့ပြီး အဲဒီပေါ်တူဂီအသင်းကြီးအတွက် ၁၈ ဂိုးသွင်းပေးခဲ့တာပါ။

photo-gettyimages

အဲဒီလိုစွမ်းဆောင်နိုင်မှုကြောင့်လည်း သူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၃ သန်းနဲ့ အက်သလက်တီကိုရဲ့ခေါ်ယူခြင်းခံခဲ့ရတာပါ။ ဒီဆုကို အီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Tuttosport က ဦးဆောင်ပေးအပ်တာဆိုပေမယ့် ဥရောပတစ်လွှား အားကစားသတင်းစာတွေက ဂျာနယ်လစ်ပေါင်း ၄၀ ဟာ မဲပေးရွေးချယ်ပေးကြတာပါ။ ဒီလိုမဲပေးရွေးဖို့ ထည့်သွင်းစဉ်းစားရမှာ ရာသီအလိုက်မဟုတ်ဘဲ ပြက္ခဒိန်တစ်နှစ်တာအတွင်း စွမ်းဆောင်မှုကိုသာကြည့်ကာ ဥရောပနိုင်ငံတွေက အဆင့်အမြင့်ဆုံးလိဂ်တွေမှာ ကစားနေကြတဲ့အသက် ၂၁ အောက်ကစားသမားတွေထဲက ရွေးတာ ဖြစ်ပါတယ်။

photo-gettyimages

ဂျာအိုဖိလစ်ဟာ မဲအရေအတွက် ၃၃၂ မဲတောင်ရခဲ့ပြီး ဒုတိယနေရာမှာ ဒေ့ါမန်ရဲ့ဆန်ချိုက ၁၇၅ မဲသာရခဲ့တာပါ။ လေဗာကူဆင်ရဲ့ဟာဗက်ဇ်က တတိယရရခဲ့ပြီး ဒီရာသီဆဲလ်ဘတ်မှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့ဟာလန်းက စတုတ္ထနေရာရပ်တည်ခဲ့ကာ ဂျူဗင်တပ်က ဒီလစ်ကလည်း ထိပ်ဆုံး ၅ ဦးစာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်က စတင်ပေးအပ်လာတဲ့ဒီဆုကို မက်ဆီ၊ ဝိန်းရွန်နီနဲ့ အမ်ဘက်ပီတို့အားလုံးလည်း ရရှိခဲ့ဖူးပါတယ်။ ဆုပေးပွဲကိုတော့ လာမယ့်ဒီဇင်ဘ ၁၆ ရက်နေ့ အီတလီနိုင်ငံ တူရင်မြို့မှာ ခမ်းခမ်းနားနားကျင်းပသွားမှာပါ။

[Zawgyi]

ဆန္ခ်ိဳနဲ႔ဟာလန္းတို႔ကိုေက်ာ္ျဖတ္ၿပီး ၂၀၁၉ ရဲ႕ Golden Boy ဆုကို ဆြတ္ခူးသြားတဲ့ ဂ်ာအိုဖိလစ္

အက္သလက္တီကိုတုိက္စစ္ကစားသမားဂ်ာအိုဖိလစ္ဟာ ဥေရာပလူငယ္အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ ၂၀၁၉ ရဲ႕ Golden Boy ဆုကို ဆြတ္ခူးသြားခဲ့ေၾကာင္း သိရပါတယ္။ ဂ်ာအိုဖိလစ္အေနနဲ႔ ေရပန္းစားခဲ့ေသးတဲ့ ေဒ့ါမန္က အဂၤလန္လူငယ္ၾကယ္ပြင့္ဆန္ခ်ိဳကို ေက်ာ္ျဖတ္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ အဲဒီေပၚတူဂီလူငယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဘင္ဖီကာနဲ႔အတူ ကမာၻ႔ေဘာလုံးစင္ျမင့္ေပၚေရာက္လာခဲ့ၿပီး အဲဒီေပၚတူဂီအသင္းႀကီးအတြက္ ၁၈ ဂိုးသြင္းေပးခဲ့တာပါ။

အဲဒီလုိစြမ္းေဆာင္ႏိုင္မႈေၾကာင့္လည္း သူဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ ၁၁၃ သန္းနဲ႔ အက္သလက္တီကိုရဲ႕ေခၚယူျခင္းခံခဲ့ရတာပါ။ ဒီဆုကို အီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Tuttosport က ဦးေဆာင္ေပးအပ္တာဆုိေပမယ့္ ဥေရာပတစ္လႊား အားကစားသတင္းစာေတြက ဂ်ာနယ္လစ္ေပါင္း ၄၀ ဟာ မဲေပးေရြးခ်ယ္ေပးၾကတာပါ။ ဒီလုိမဲေပးေရြးဖို႔႔ ထည့္သြင္းစဥ္းစားရမွာ ရာသီအလိုက္မဟုတ္ဘဲ ျပကၡဒိန္တစ္ႏွစ္တာအတြင္း စြမ္းေဆာင္မႈကိုသာၾကည့္ကာ ဥေရာပႏိုင္ငံေတြက အဆင့္အျမင့္ဆုံးလိဂ္ေတြမွာ ကစားေနၾကတဲ့အသက္ ၂၁ ေအာက္ကစားသမားေတြထဲက ေရြးတာ ျဖစ္ပါတယ္။

ဂ်ာအိုဖိလစ္ဟာ မဲအေရအတြက္ ၃၃၂ မဲေတာင္ရခဲ့ၿပီး ဒုတိယေနရာမွာ ေဒ့ါမန္ရဲ႕ဆန္ခ်ိဳက ၁၇၅ မဲသာရခဲ့တာပါ။ ေလဗာကူဆင္ရဲ႕ဟာဗက္ဇ္က တတိယရရခဲ့ၿပီး ဒီရာသီဆဲလ္ဘတ္မွာ ဂိုးသြင္းေျခစြမး္ျပေနတဲ့ဟာလန္းက စတုတၳေနရာရပ္တည္ခဲ့ကာ ဂ်ဴဗင္တပ္က ဒီလစ္ကလည္း ထိပ္ဆုံး ၅ ဦးစာရင္း၀င္ခဲ့ပါတယ္။ ၂၀၀၃ ခုႏွစ္က စတင္ေပးအပ္လာတဲ့ဒီဆုကို မက္ဆီ၊ ၀ိနး္ရြန္နီနဲ႔ အမ္ဘက္ပီတုိ႔အားလုံးလည္း ရရွိခဲ့ဖူးပါတယ္။ ဆုေပးပြဲကိုေတာ့ လာမယ့္ဒီဇင္ဘ ၁၆ ရက္ေန႔ အီတလီႏိုင္ငံ တူရင္ၿမိဳ႕မွာ ခမ္းခမ္းနားနားက်င္းပသြားမွာပါ။