အက်စ်တာနာနဲ့ယူရိုပါလိဂ်ပွဲအတွက် ငယ်ရွယ်တဲ့အသင်းကိုသာ ရွေးမယ့် ဆိုးလ်ရှား

photo-gettyimages

photo-gettyimages

ယူရိုပါလိဂ်ပွဲအတွက် ကာဇက်စတန်ကိုသွားမယ့် မန်ယူအသင်းမှာ နစ်ကီဘတ်လည်း လိုက်ပါမှာဖြစ်လို့ အဲဒါဟာ အက်စ်တာနာနဲ့ပွဲအတွက် ဆိုးလ်ရှားဟာ လူငယ်အများစုကို ခေါ်ဆောင်သွားမယ့် လက္ခဏာတစ်ခုဖြစ်ပါတယ်။ မန်ယူကွင်းလယ်လူဟောင်းဖြစ်တဲ့ နစ်ကီဘတ်ဟာ အရင်က ကလပ်အကယ်ဒမီရဲ့အကြီးအကဲဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ရာထူးပြောင်းလဲပြီး မန်ယူလူငယ်တွေရဲ့တိုးတက်မှုကို အဓိကလုပ်ဆောင်ရတဲ့ ပထမအသင်းဖွဲ့ဖြိုးမှုအကြီးအကဲဖြစ်လာခဲ့တာပါ။

photo-reuters

ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်တွေထဲက မက်ကန်နာနဲ့ကာရစ်တို့ကတော့ လိုက်ပါမသွားမယ့် စီနီယာကစားသမားတွေနဲ့ အလုပ်လုပ်ဖို့အတွက် မန်ချက်စတာမှာပဲ ကျန်နေခဲ့ကြမှာလို့ သိရပါတယ်။ မန်ယူဟာ အက်စ်တာနာနဲ့ပွဲပြီးရင် လာမယ့် တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ်မှာ အက်စ်တွန်ဗီလာနဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်လက်ကစားရမှာပါ။ မန်ယူအနေနဲ့ အခုလအစောပိုင်းကတည်းက ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ သေချာထားတာကြောင့် အက်စ်တာနာနဲ့ပွဲဟာ ရလဒ်အရ အရေးမပါတော့ဘဲ အဲဒီအတွက် လူငယ်တွေကို အခွင့်အရေးပေးဖို့ စီစဉ်တာလည်း ဖြစ်ဖွယ်ရှိပါတယ်။

photo-gettyimages

အခုချိန် ကာဇက်စတန်နိုင်ငံမှာက အပူချိန်ဟာ အနုတ်လက္ခဏာ ၁၀ ဒီဂရီဆဲလ်စီယက်အောက် ရောက်နေတာကြောင့် အလွန်အေးနေပြီး ကစားသမားတွေကိုရော ပရိသတ်တွေကိုပါ သတိပေးမှုပြုလုပ်ထားရပါတယ်။ ဒါကြောင့်လည်း ကစားသမားတွေကို အအေးဒဏ်က ကာကွယ်နိုင်အောင် အဲဒီပွဲကို ကွင်းအမိုးပိတ်ကစားသွားမှာ ဖြစ်ပါတယ်။

[Zawgyi]

အက္စ္တာနာနဲ႔ယူရိုပါလိဂ္ပြဲအတြက္ ငယ္ရြယ္တဲ့အသင္းကိုသာ ေရြးမယ့္ ဆုိးလ္ရွား

ယူရိုပါလိဂ္ပြဲအတြက္ ကာဇက္စတန္ကိုသြားမယ့္ မန္ယူအသင္းမွာ နစ္ကီဘတ္လည္း လုိက္ပါမွာျဖစ္လုိ႔ အဲဒါဟာ အက္စ္တာနာနဲ႔ပြဲအတြက္ ဆိုးလ္ရွားဟာ လူငယ္အမ်ားစုကို ေခၚေဆာင္သြားမယ့္ လကၡဏာတစ္ခုျဖစ္ပါတယ္။ မန္ယူကြင္းလယ္လူေဟာင္းျဖစ္တဲ့ နစ္ကီဘတ္ဟာ အရင္က ကလပ္အကယ္ဒမီရဲ႕အႀကီးအကဲျဖစ္ခဲ့ကာ ၿပီးခဲ့တဲ့ ဇူလိုင္လကမွ ရာထူးေျပာင္းလဲၿပီး မန္ယူလူငယ္ေတြရဲ႕တိုးတက္မႈကို အဓိကလုပ္ေဆာင္ရတဲ့ ပထမအသငး္ဖြဲ႕ၿဖိဳးမႈအႀကီးအကဲျဖစ္လာခဲ့တာပါ။

ဆုိးလ္ရွားရဲ႕နည္းျပအဖြဲ႔၀င္ေတြထဲက မက္ကန္နာနဲ႔ကာရစ္တုိ႔ကေတာ့ လိုက္ပါမသြားမယ့္ စီနီယာကစားသမားေတြနဲ႔ အလုပ္လုပ္ဖို႔အတြက္ မန္ခ်က္စတာမွာပဲ က်န္ေနခဲ့ၾကမွာလို႔ သိရပါတယ္။ မန္ယူဟာ အက္စ္တာနာနဲ႔ပြဲၿပီးရင္ လာမယ့္ တနဂၤေႏြေန႔ အုိးလ္ထရက္ဖို႔ဒ္မွာ အက္စ္တြန္ဗီလာနဲ႔ပရီးမီးယားလိဂ္ပြဲစဥ္ကို ဆက္လက္ကစားရမွာပါ။ မန္ယူအေနနဲ႔ အခုလအေစာပိုင္းကတည္းက ယူရုိပါလိဂ္မွာ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာထားတာေၾကာင့္ အက္စ္တာနာနဲ႔ပြဲဟာ ရလဒ္အရ အေရးမပါေတာ့ဘဲ အဲဒီအတြက္ လူငယ္ေတြကို အခြင့္အေရးေပးဖို႔ စီစဥ္တာလည္း ျဖစ္ဖြယ္ရွိပါတယ္။

အခုခ်ိန္ ကာဇက္စတန္ႏုိင္ငံမွာက အပူခ်ိန္ဟာ အႏုတ္လကၡဏာ ၁၀ ဒီဂရီဆဲလ္စီယက္ေအာက္ ေရာက္ေနတာေၾကာင့္ အလြန္ေအးေနၿပီး ကစားသမားေတြကိုေရာ ပရိသတ္ေတြကိုပါ သတိေပးမႈျပဳလုပ္ထားရပါတယ္။ ဒါေၾကာင့္လည္း ကစားသမားေတြကို အေအးဒဏ္က ကာကြယ္ႏိုင္ေအာင္ အဲဒီပြဲကို ကြင္းအမုိးပိတ္ကစားသြားမွာ ျဖစ္ပါတယ္။