နောက်ဆုံးအထုတ်ခံရသူပိုချက်တီနိုကြောင့် နာမည်ကြီးလာတဲ့ အေဂျက်ရဲ့ချန်ပီယံလိဂ်ကျိန်စာ

photo-sportbible

photo-pacific press

ဘောလုံးလောကမှာ ကျိန်စာတွေက ခပ်များများရယ်ပါ။ အဲဒီထဲ ဆိုရှယ်မီဒီယာထက်မှာ ဟိုးဟိုးကျော်ဖြစ်ခဲ့တာက အာဆင်နယ်မှာတုန်းက နာမည်ကြီးခဲ့တဲ့ ရမ်ဆေးကျိန်စာနဲ့ ကနေဒါရက်ပါဖြစ်သူ Drake ရဲ့ကျိန်စာတို့ပါ။ အာဆင်နယ်မှာ ရမ်ဆေးဂိုးသွင်းတိုင်း ဘယ်နာမည်ကြီးတော့ သေတော့မလဲဆိုပြီး အုတ်အောင်သောင်းတင်းဖြစ်ခဲ့ကြပြီး Rapper Drake က ဘယ်အသင်းကိုအားပေးအားပေး အဲဒီအသင်းက ရှုံးတတ်တဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။ အခုနောက်ဆုံးတစ်ခုကတော့ အေဂျက်ရဲ့ချန်ပီယံလိဂ်ကျိန်စာပါတဲ့။

photo-gettyimages

အေဂျက်ရဲ့ချန်ပီယံလိဂ်ကျိန်စာမှာ အသစ်စက်စက်သားကောင်ဖြစ်ခဲ့သူကတော့ ပိုချက်တီနိုပါပဲ။ အေဂျက်ဟာ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး သူတို့ရဲ့ပြိုင်ပွဲဖြတ်ကျော်ရာလမ်းကြောင်းတစ်လျှောက် ရင်ဆိုင်ခဲ့ရတဲ့အသင်းတိုင်းဟာ နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ရလို့ ဖြစ်ပါတယ်။ အေဂျက်ရဲ့အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်ကြတဲ့ AEK အေသင်၊ဘိုင်ယန်ုမြူးနစ်နဲ့ဘင်ဖီကာတို့အားလုံးဟာ နည်းပြသစ်တွေနဲ့ ဖြစ်ကုန်ကြပါပြီ။ ရှုံးထွက်အဆင့်ပြိုင်ဘက်တွေဖြစ်ကြတဲ့ ရီးရဲလ်နဲ့ဂျူဗင်တပ်တို့ဟာလည်း နည်းပြပြောင်းသွားကြပြီး နည်းပြပြောင်းလိုက်ရတဲ့ အခုနောက်ဆုံးအသင်းကတော့ သူတို့ရဲ့ဆီမီးပြိုင်ဘက်ဖြစ်ခဲ့တဲ့ စပါးပါ။

photo-social media

ပထမဆုံးထုတ်ပယ်ခံရတဲ့သူကတော့ ဘင်ဖီကာရဲ့ရူအီဗစ်တိုးရီးယားဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီမှာပါ။ နောက်တစ်လအကြာမှာ AEK အေသင်ရဲ့အိုဇွန်ဒစ်ထုတ်ပယ်ခံရပါတယ်။ သူ့နေရာဆက်ခံတဲ့ဂျီမီနက်ဇ်ကလည်း အဲဒီရာထူးမှာ ၄ လတောင် မခံခဲ့ပါဘူး။ ရီးရဲလ်ကလည်း ချန်ပီယံလိဂ်က ထွက်ရအပြီးမှာ ဆိုလာရီကိုထုတ်ပြီး ဇီဒန်းနဲ့ ပြန်လည်အစားထိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်မှာ အယ်လီဂရီကလည်း သူ့ရဲ့ဂျူဗင်တပ်နည်းပြဘ၀ ၅ နှစ်တာကာလကို  အဆုံးသတ်ခဲ့တာကြောင့် ရာသီသစ်မှာ ဘိုင်ယန်က ကိုဗက်နဲ့ စပါးက ပိုချက်တီနိုတို့သာ ကျန်ခဲ့တာပါ။ ဒါပေမဲ့ ကိုဗက်ဟာ အခုလအစောပိုင်းမှာပဲ ဘိုင်ယန်က ထုတ်ပယ်ခံခဲ့ရပြီး သိမ်မကြာခင်ရက်ပိုင်းမှာ ပိုချက်တီနိုလည်း သူ့နောက်လိုက်ခဲ့ရပါတယ်။

[Zawgyi]

ေနာက္ဆုံးအထုတ္ခံရသူပိုခ်က္တီႏိုေၾကာင့္ နာမည္ႀကီးလာတဲ့ ေအဂ်က္ရဲ႕ခ်န္ပီယံလိဂ္က်ိန္စာ

ေဘာလုံးေလာကမွာ က်ိန္စာေတြက ခပ္မ်ားမ်ားရယ္ပါ။ အဲဒီထဲ ဆုိရွယ္မီဒီယာထက္မွာ ဟိုးဟိုးေက်ာ္ျဖစ္ခဲ့တာက အာဆင္နယ္မွာတုန္းက နာမည္ႀကီးခဲ့တဲ့ ရမ္ေဆးက်ိန္စာနဲ႔ ကေနဒါရက္ပါျဖစ္သူ Drake ရဲ႕က်ိန္စာတို႔ပါ။ အာဆင္နယ္မွာ ရမ္ေဆးဂိုးသြင္းတိုင္း ဘယ္နာမည္ႀကီးေတာ့ ေသေတာ့မလဲဆိုၿပီး အုတ္ေအာင္ေသာင္းတင္းျဖစ္ခဲ့ၾကၿပီး Rapper Drake က ဘယ္အသင္းကိုအားေပးအားေပး အဲဒီအသင္းက ရႈံးတတ္တဲ့ အစဥ္အလာလည္း ရွိခဲ့ပါတယ္။ အခုေနာက္ဆုံးတစ္ခုကေတာ့ ေအဂ်က္ရဲ႕ခ်န္ပီယံလိဂ္က်ိန္စာပါတဲ့။

ေအဂ်က္ရဲ႕ခ်န္ပီယံလိဂ္က်ိန္စာမွာ အသစ္စက္စက္သားေကာင္ျဖစ္ခဲ့သူကေတာ့ ပိုခ်က္တီႏိုပါပဲ။ ေအဂ်က္ဟာ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ၿပိဳင္ပြဲျဖတ္ေက်ာ္ရာလမ္းေၾကာင္းတစ္ေလွ်ာက္ ရင္ဆိုင္ခဲ့ရတဲ့အသင္းတိုင္းဟာ နည္းျပအေျပာင္းအလဲျပဳလုပ္ခဲ့ရလို႔ ျဖစ္ပါတယ္။ ေအဂ်က္ရဲ႕အုပ္စုတြင္းၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ AEK ေအသင္၊ဘိုင္ယန္ုျမဴးနစ္နဲ႔ဘင္ဖီကာတုိ႔အားလုံးဟာ နည္းျပသစ္ေတြနဲ႔ ျဖစ္ကုန္ၾကပါၿပီ။ ရႈံးထြက္အဆင့္ၿပိဳင္ဘက္ေတြျဖစ္ၾကတဲဲ့ ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္တို႔ဟာလည္း နည္းျပေျပာင္းသြားၾကၿပီး နည္းျပေျပာင္းလုိက္ရတဲ့ အခုေနာက္ဆုံးအသင္းကေတာ့ သူတို႔ရဲ႕ဆီမီးၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ စပါးပါ။

ပထမဆုံးထုတ္ပယ္ခံရတဲ့သူကေတာ့ ဘင္ဖီကာရဲ႕ရူအီဗစ္တိုးရီးယားျဖစ္ၿပီး ၂၀၁၉ ဇန္န၀ါရီမွာပါ။ ေနာက္တစ္လအၾကာမွာ AEK ေအသင္ရဲ႕အုိဇြန္ဒစ္ထုတ္ပယ္ခံရပါတယ္။ သူ႔ေနရာဆက္ခံတဲ့ဂ်ီမီနက္ဇ္ကလည္း အဲဒီရာထူးမွာ ၄ လေတာင္ မခံခဲ့ပါဘူး။ ရီးရဲလ္ကလည္း ခ်န္ပီယံလိဂ္က ထြက္ရအၿပီးမွာ ဆုိလာရီကိုထုတ္ၿပီး ဇီဒန္းနဲ႔ ျပန္လည္အစားထိုးလုိက္ပါတယ္။ ၿပီးခဲ့တဲ့ရာသီအကုန္မွာ အယ္လီဂရီကလည္း သူ႔ရဲ႕ဂ်ဴဗင္တပ္နည္းျပဘ၀ ၅ ႏွစ္တာကာလကို  အဆုံးသတ္ခဲ့တာေၾကာင့္ ရာသီသစ္မွာ ဘုိင္ယန္က ကိုဗက္နဲ႔ စပါးက ပိုခ်က္တီႏိုတို႔သာ က်န္ခ့ဲတာပါ။ ဒါေပမဲ့ ကုိဗက္ဟာ အခုလအေစာပိုင္းမွာပဲ ဘိုင္ယန္က ထုတ္ပယ္ခံခဲ့ရၿပီး သိမ္မၾကာခင္ရက္ပိုင္းမွာ ပိုခ်က္တီႏိုလည္း သူ႔ေနာက္လုိက္ခဲ့ရပါတယ္။