ပိုချက်တီနို၊ မော်ရင်ညိုသတင်းတွေနဲ့အတူ ကြားထဲကနေ မျက်ခုံးလှုပ်လာတဲ့ အမ်မရီ

Photo Credit

Photo Credit

စပါးအသင်းနည်းပြရာထူးကနေ အံ့အားသင့်ဖွယ်ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြပိုချက်တီနိုအနေနဲ့ အခါးသီးဆုံးလန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနည်းပြအဖြစ် တာဝန်ယူဖွယ်ရှိကြောင်း စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်ဒ်နက်က ဟောကိန်းထုတ်လိုက်ပါတယ်။

Photo Credit

စပါးနည်းပြဘ၀ ပိုချက်တီနိုရဲ့ ၅နှစ်ခွဲကြာစွန့်စားခန်းက အင်္ဂါနေ့ညပိုင်းမှာ အဆုံးသတ်သွားခဲ့ပြီး စပါးအသင်းက နည်းပြသစ်အဖြစ် ချဲလ်ဆီးနဲ့ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုကို ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ချက်ချင်းအစားထိုးခန့်အပ်ခဲ့ပါတယ်။

Photo Credit

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိစေဖို့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးလောကရဲ့အလိုချင်ဆုံးနည်းပြတစ်ဦးဖြစ်ခဲ့ပြီး အခုလိုကလပ်လက်မဲ့ဖြစ်သွားတာက တချို့သောနည်းပြတွေကိုပါ ကြားထဲက မျက်ခုံးလှုပ်စေပါတယ်။

Photo Credit

အဲဒီအထဲမှာ အာဆင်နယ်အသင်းနည်းပြ အမ်မရီလည်း ပါဝင်နေပြီး သူ့အနေနဲ့ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်လု့ိ အာဆင်နယ်အသင်းအနေနဲ့ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီး ပိုချက်တီနိုကိုသာ အစားထိုးခန့်အပ်လိုက်ရင် အငြင်းပွားမှုတွေဖြစ်လာနိုင်ပြီး စပါးရော အာဆင်နယ်နှစ်သင်းစလုံးရဲ့နည်းပြအဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့သူက ၁၉၉၈ က ဂျော့ချ်ဂရေဟမ်ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ရက်ဒ်နက်ကတော့ အာဂျင်တိုင်းသားကို အာဆင်နယ်ပရိသတ်တွေက ဝမ်းသာအားရကြိုဆိုလိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ ”ပိုချက်တီနို စပါးအသင်းကနေ ထွက်လာပြီးနောက် ပရီးမီးယားလိဂ်နည်းပြ တစ်ယောက်၊ နှစ်ယောက်လောက်က မနက်ခင်း အိပ်ရာကအနိုးမှာ ‘အိုး..ဘုရား…ဘုရား…ဒါက သိပ်တော့မကောင်းဘူးထင်တယ်’ဆိုပြီး ရေရွတ်နေနိုင်ပါတယ်”

Photo Credit

”ပြီးတော့ ပိုချက်တီနိုကို ခေါ်နိုင်ဖို့လည်း ဒီမနက်ခင်းမှာ အသင်းဥက္ကဋ္ဌ တစ်ယောက်၊ နှစ်ယောက်လောက် စိတ်လှုပ်ရှားနေပါလိမ့်မယ်။ လန်ဒန်မှာလည်း အကျပ်ရိုက်နေတဲ့အသင်းက စပါး တစ်သင်းတည်းရှိနေတာမဟုတ်ပါဘူး။ တကယ်လို့များ ပိုချက်တီနိုသာ ဆန္ဒရှိရင် ဘာလို့များ အာဆင်နယ်နည်းပြမဖြစ်သင့်ရမှာလဲ။ အာဆင်နယ်ဖန်တွေလည်း သူ့ကို သဘောကျလိမ့်မယ်ထင်ပါတယ်”

Photo Credit

”ဆိုးလ်ကမ်းဘဲလ်လည်း ဒီလိုလုပ်ခဲ့ဖူးတယ်။ ဂရေဟမ်လည်း ဒီအတိုင်းပဲ။ ဒါက ဘောလုံးလောကမှာ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အတွေးထဲမှာ အာဆင်နယ်လည်း အခုချိန်မှာ ပိုချက်တီနိုရဲ့အနေအထားကို စောင့်ကြည့်နေပြီလို့ ထင်ပါတယ်”လို့ ရက်ဒ်နက်က ပြောပါတယ်။

Photo Credit

Zawgyi

ပိုခ်က္တီႏို၊ ေမာ္ရင္ညိဳသတင္းေတြနဲ႔အတူ ၾကားထဲကေန မ်က္ခုံးလႈပ္လာတ့ဲ အမ္မရီ

စပါးအသင္းနည္းျပရာထူးကေန အံ့အားသင့္ဖြယ္ထုတ္ပယ္ခံလုိက္ရတဲ့ နည္းျပပိုခ်က္တီႏိုအေနနဲ႔ အခါးသီးဆုံး လန္ဒန္ ျမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းနည္းျပအျဖစ္ တာ၀န္ယူဖြယ္ရွိေၾကာင္း စပါးအသင္းနည္းျပေဟာင္း ဟယ္ရီရက္ဒ္နက္ က ေဟာကိန္းထုတ္လုိက္ပါတယ္။ စပါးနည္းျပဘ၀ ပိုခ်က္တီႏိုရဲ႕ ၅ႏွစ္ခြဲၾကာစြန္႔စားခန္းက အဂၤါေန႔ ညပိုင္းမွာ အဆုံး သတ္သြားခဲ့ၿပီး စပါးအသင္းက နည္းျပသစ္အျဖစ္ ခ်ဲလ္ဆီးနဲ႔ ယူႏုိက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳကို ဗုဒၶဟူးေန႔ အေစာပိုင္းမွာ ခ်က္ခ်င္းအစားထိုးခန္႔အပ္ခဲ့ပါတယ္။

ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ရာသီအကုန္က စပါးအသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပဲြအထိ ေရာက္ရွိေစဖို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ေနာက္ ကမၻာ့ေဘာလုံးေလာကရဲ႕အလိုခ်င္ဆုံးနည္းျပတစ္ဦးျဖစ္ခဲ့ၿပီး အခုလိုကလပ္လက္မဲ့ျဖစ္သြားတာက တခ်ိဳ႕ေသာ နည္းျပေတြကိုပါ ၾကားထဲက မ်က္ခုံးလႈပ္ေစပါတယ္။ အဲဒီအထဲမွာ အာဆင္နယ္အသင္းနည္းျပ အမ္မရီလည္း ပါ၀င္ေနၿပီး သူ႕အေနနဲ႔ အသင္းရဲ႕ရလဒ္ဆုိးေတြေၾကာင့္ ျပင္းထန္တဲ့ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။ တကယ္လု႔ိ အာဆင္နယ္ အသင္း အေနနဲ႔ အမ္မရီကို ရာထူးကေန ထုတ္ပယ္ၿပီး ပိုခ်က္တီႏိုကိုသာ အစားထုိးခန္႔အပ္လုိက္ရင္ အျငင္းပြားမႈ ေတြ ျဖစ္လာႏိုင္ၿပီး စပါးေရာ အာဆင္နယ္ႏွစ္သင္းစလုံးရဲ႕နည္းျပအျဖစ္ ေနာက္ဆုံးကိုင္တြယ္ခဲ့သူက ၁၉၉၈ က ေဂ်ာ့ခ်္ဂေရ ဟမ္ ျဖစ္ပါတယ္။

ဒါေပမဲ့ ရက္ဒ္နက္ကေတာ့ အာဂ်င္တုိင္းသားကို အာဆင္နယ္ပရိသတ္ေတြက ၀မ္းသာအားရႀကိဳဆုိလိမ့္မယ္လုိ႔ ယုံၾကည္ ေၾကာင္း ဆုိပါတယ္။ ”ပိုခ်က္တီႏို စပါးအသင္းကေန ထြက္လာၿပီးေနာက္ ပရီးမီးယားလိဂ္နည္းျပ တစ္ေယာက္၊ ႏွစ္ ေယာက္ ေလာက္က မနက္ခင္း အိပ္ရာကအႏိုးမွာ ‘အိုး..ဘုရား…ဘုရား…ဒါက သိပ္ေတာ့မေကာင္းဘူး ထင္တယ္’ ဆုိၿပီး ေရရြတ္ေနႏိုင္ပါတယ္”

”ၿပီးေတာ့ ပုိခ်က္တီႏိုကို ေခၚႏိုင္ဖို႔လည္း ဒီမနက္ခင္းမွာ အသင္းဥကၠ႒ တစ္ေယာက္၊ ႏွစ္ေယာက္ေလာက္ စိတ္လႈပ္ရွား ေနပါလိမ့္မယ္။ လန္ဒန္မွာလည္း အက်ပ္႐ိုက္ေနတဲ့အသင္းက စပါး တစ္သင္းတည္းရွိေနတာမဟုတ္ပါဘူး။ တကယ္လုိ႔ မ်ား ပိုခ်က္တီႏိုသာ ဆႏၵရွိရင္ ဘာလို႔မ်ား အာဆင္နယ္နည္းျပမျဖစ္သင့္ရမွာလဲ။ အာဆင္နယ္ဖန္ေတြလည္း သူ႕ကို သေဘာက်လိမ့္မယ္ထင္ပါတယ္”

”ဆိုးလ္ကမ္းဘဲလ္လည္း ဒီလုိလုပ္ခဲ့ဖူးတယ္။ ဂေရဟမ္လည္း ဒီအတုိင္းပဲ။ ဒါက ေဘာလုံးေလာကမွာ ျဖစ္လာႏိုင္ ပါတယ္။ ကၽြန္ေတာ့္အေတြးထဲမွာ အာဆင္နယ္လည္း အခုခ်ိန္မွာ ပိုခ်က္တီႏိုရဲ႕အေနအထားကို ေစာင့္ၾကည့္ေနၿပီလုိ႔ ထင္ပါတယ္”လုိ႔ ရက္ဒ္နက္က ေျပာပါတယ္။