တစ်နှစ် ပေါင် ၁၅ သန်းနဲ့ ဘောလုံးလောကရဲ့ဒုတိယလစာအမြင့်ဆုံးနည်းပြဖြစ်လာတဲ့ မော်ရင်ဟို

photo-tottenham

photo-gettyimages

အသင်းသစ်စပါးမှာ တစ်နှစ်ကို ပေါင် ၁၅ သန်းရမှာမို့ မော်ရင်ဟိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ ဒုတိယလစာအမြင့်ဆုံးနည်းပြဖြစ်လာတယ်လို့ သိရပါတယ်။ မော်ရင်ဟိုရမယ့်လစာဟာ အရင်စပါးနည်းပြပိုချက်တီနိုရဲ့နှစ်ဆနီးပါးလည်း ဖြစ်ပါတယ်။

photo-gettyimages

ဒါ့အပြင် စပါးအသင်းသမိုင်းမှာလည်း မော်ရင်ဟိုလို  နာမည်ကျော်နည်းပြမျိုးကိုခန့်အပ်နိုင်တာ ဒါပထမဆုံးအကြိမ်အဖြစ်ပါတယ်။ အဲဒီပေါ်တူဂီသားဟာ သူ့နည်းပြဘဝမှာ ဆုဖလားပေါင်း ၂၅ ခုရယူနိုင်ခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း စပါးဘက်က အခုလိုလစာမျိုးပေးခဲ့ရတဲ့ပုံပါပဲ။ ကမ္ဘာ့ဘောလုံးလောကမှာ မော်ရင်ဟိုထက် လစာများတဲ့နည်းပြဆိုလို့ သူ့ရဲ့မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ မန်စီးတီးက ဂွါဒီယိုလာပဲ ရှိပါတော့တယ်။ ဂွါဒီယိုလာဟာ တစ်နှစ် ပေါင်သန်း ၂၀ တန်ကြေးရှိတဲ့ မန်စီးတီးနဲ့ စာချုပ်သစ်ကို ၂၀၁၈ ကချုပ်ဆိုခဲ့တာပါ။

photo-gettyimages

မော်ရင်ဟိုရဲ့အောက် တတိယနေရာမှာရှိနေသူကတော့ အက်သလက်တီကိုနည်းပြဆီမြွန်နီဖြစ်ပြီး အဲဒီအာဂျင်တီးနားသားဟာ တစ်နှစ်  ပေါင် ၁၃ သန်းနဲ့ ၂၀၂၂ အထိ စာချုပ်သက်တမ်းရှိထားတာပါ။ တရုတ်စူပါလိဂ်ဟာ လစာကြီးကြီးမားမားပေးတဲ့နေရာလို့ နာမည်ကျော်ပြီး အဲဒါကြောင့်လည်း လစာအများဆုံးရနည်းပြ ၅ ယောက်စာရင်းထဲမှာ အဲဒီက ၂ ယောက်ပါဝင်နေကာ ဒါလီယန်ယီဖန်းမှာ တစ်နှစ် ပေါင် ၁၁.၅ သန်းရတဲ့ ဘင်နီတက်ဇ်နဲ့ ဂွမ်ဇူးအဲဗားဂရန်ဒီမှာ တစ်နှစ် ပေါင် ၁၀ သန်းရတဲ့ကန်နားဗားရိုးတို့ပါ။ သူတို့နောက်မှာ ဇီဒန်း၊ကွန်တီ၊တူချယ်နဲ့ဗယ်ဗာဒီတို့ရှိနေပြီး ၁၀ ယောက်မြောက်ကတော့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဖြစ်ကာ အန်ဖီးလ်မှာ တစ်နှစ် ပေါင် ၇ သန်းရနေတာပါ။

[Zawgyi]

တစ္ႏွစ္ ေပါင္ ၁၅ သန္းနဲ႔ ေဘာလုံးေလာကရဲ႕ဒုတိယလစာအျမင့္ဆုံးနည္းျပျဖစ္လာတဲ့ ေမာ္ရင္ဟို

အသငး္သစ္စပါးမွာ တစ္ႏွစ္ကို ေပါင္ ၁၅ သန္းရမွာမုိ႔ ေမာ္ရင္ဟိုဟာ ကမာၻ႔ေဘာလုံးေလာကမွာ ဒုတိယလစာအျမင့္ဆုံးနည္းျပျဖစ္လာတယ္လုိ႔ သိရပါတယ္။ ေမာ္ရင္ဟိုရမယ့္လစာဟာ အရင္စပါးနည္းျပပိုခ်က္တီႏိုရဲ႕ႏွစ္ဆနီးပါးလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ စပါးအသင္းသမိုင္းမွာလည္း ေမာ္ရင္ဟိုလို  နာမည္ေက်ာ္နည္းျပမ်ိဳးကိုခန္႔အပ္ႏိုင္တာ ဒါပထမဆုံးအႀကိမ္အျဖစ္ပါတယ္။ အဲဒီေပၚတူဂီသားဟာ သူ႔နည္းျပဘ၀မွာ ဆုဖလားေပါင္း ၂၅ ခုရယူႏိုင္ခဲ့တာျဖစ္ၿပီး ဒါေၾကာင့္လည္း စပါးဘက္က အခုလိုလစာမ်ိဳးေပးခဲ့ရတဲ့ပုံပါပဲ။ ကမာၻ႔ေဘာလုံးေလာကမွာ ေမာ္ရင္ဟိုထက္ လစာမ်ားတဲ့နည္းျပဆုိလို႔ သူ႔ရဲ႕မဟာၿပိဳင္ဘက္ႀကီးျဖစ္တဲ့ မန္စီးတီးက ဂြါဒီယိုလာပဲ ရွိပါေတာ့တယ္။ ဂြါဒီယိုလာဟာ တစ္ႏွစ္ ေပါင္သန္း ၂၀ တန္ေၾကးရွိတဲ့ မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ကို ၂၀၁၈ ကခ်ဳပ္ဆိုခဲ့တာပါ။

ေမာ္ရင္ဟိုရဲ႕ေအာက္ တတိယေနရာမွာရွိေနသူကေတာ့ အက္သလက္တီကိုနည္းျပဆီျမြန္နီျဖစ္ၿပီး အဲဒီအာဂ်င္တီးနားသားဟာ တစ္ႏွစ္  ေပါင္ ၁၃ သန္းနဲ႔ ၂၀၂၂ အထိ စာခ်ဳပ္သက္တမ္းရွိထားတာပါ။ တရုတ္စူပါလိဂ္ဟာ လစာႀကီးႀကီးမားမားေပးတဲ့ေနရာလို႔ နာမည္ေက်ာ္ၿပီး အဲဒါေၾကာင့္လည္း လစာအမ်ားဆုံးရနည္းျပ ၅ ေယာက္စာရင္းထဲမွာ အဲဒီက ၂ ေယာက္ပါ၀င္ေနကာ ဒါလီယန္ယီဖန္းမွာ တစ္ႏွစ္ ေပါင္ ၁၁.၅ သန္းရတဲ့ ဘင္နီတက္ဇ္န႔ဲ ဂြမ္ဇူးအဲဗားဂရန္ဒီမွာ တစ္ႏွစ္ ေပါင္ ၁၀ သန္းရတဲ့ကန္နားဗားရိုးတုိ႔ပါ။ သူတုိ႔ေနာက္မွာ ဇီဒန္း၊ကြန္တီ၊တူခ်ယ္နဲ႔ဗယ္ဗာဒီတို႔ရွိေနၿပီး ၁၀ ေယာက္ေျမာက္ကေတာ့ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ျဖစ္ကာ အန္ဖီးလ္မွာ တစ္ႏွစ္ ေပါင္ ၇ သန္းရေနတာပါ။