အမြန်နှုန်းမှာ အမ်ဘက်ပီနဲ့ နှိုင်းယှဉ်ချီးကျူးခြင်းခံရတဲ့ ဒန်နီရယ်ဂျိမ်းစ်

photo-gettyimages

photo-gettyimages

မန်ယူတောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ဟာ သူ့ရဲ့အမြန်နှုန်းနဲ့ပတ်သက်လို့ ကမ္ဘာ့ဖလားဆုရှင်ဖြစ်တဲ့ ပီအက်စ်ဂျီက အမ်ဘက်ပီနဲ့ နှိုင်းယှဉ်ချီးကျူးခြင်းခံလိုက်ရပါတယ်။ သူ့ကိုခိုင်းနှိုင်းချီးကျူးခဲ့တာက ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ ဟန်ဂေရီနည်းပြမာကိုရော့စီဖြစ်ပါတယ်။ တကယ်လည်း ၂၂ နှစ်အရွယ် ဒန်နီရယ်ဂျိမ်းစ်ရဲ့အဓိကအားသာချက်က သူ့ရဲ့မြန်နှုန်းပါပဲ။

photo-AP

အဲဒီမြန်နှုန်းနဲ့ပဲ သူဟာ ဒီရာသီမှာ မန်ယူကို ကူညီပေးနိုင်ခဲ့ကာ အချိန်တိုအတွင်းမှာပဲ ပရိသတ်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာပါ။ လွန်ခဲ့တဲ့နှစ် ဒီလိုအချိန်တုန်းက အဲဒီဝေးလ်ကစားသမားလေးဟာ ချန်ပီယံရှစ်ကလပ်ဆွမ်ဆီးမှာ လူမသိသူမသိကစားသမားတစ်ယောက်အနေနဲ့သာ ဖြတ်သန်းနေရတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေကြေးပေါင် ၁၅ သန်းနဲ့ အိုးလ်ထရက်ဖို့ဒ်ကိုရောက်လာပြီးတဲ့နောက် ချက်ချင်းပဲအထိုင်ကျခဲ့ပြီး ဒီရာသီမန်ယူရဲ့ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ အတွေ့အကြုံမရှိပေမယ့်လည်း သူဟာ နိုင်ငံအသင်းမှာ အဓိကကျသူတစ်ယောက်ဖြစ်လာပါတယ်။

photo-gettyimages

”ဂျိမ်းစ်ဟာ မော်တော်ဆိုင်ကယ်နဲ့ ကစားနေသလားထင်ရတဲ့ ကစားသမားတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းမြန်တယ်လေ။ နောက်ဆုံးကာလထဲမှာ သူ့လောက်မြန်တဲ့ကစားသမား ကျွန်တော်မတွေ့ဖူးသေးဘူး။ အမ်ဘက်ပီတော့ရှိတယ်။ သူကတော့ မယုံကြည်နိုင်စရာပါ။ ကျွန်တော်တို့သာ ဂျိမ်းစ်ကို နေရာလွတ်ပေးလိုက်ရင် သူက အန္တရာယ်ပေးလာနိုင်ပါတယ်”လို့ ဟန်ဂေရီနည်းပြမာကိုရော့စီက ဝေးလ်နဲ့အဆုံးအဖြတ်ယူရိုခြေစစ်ပွဲမတိုင်ခင်မှာ  ပြောကြားသွားခဲ့တာပါ။

[Zawgyi]

အျမန္ႏႈန္းမွာ အမ္ဘက္ပီနဲ႔ ႏိႈ္င္းယွဥ္ခ်ီးက်ဴးျခင္းခံရတဲ့ ဒန္နီရယ္ဂ်ိမ္းစ္

မန္ယူေတာင္ပံကစားသမားဒန္နီရယ္ဂ်ိမ္း္စ္ဟာ သူ႔ရဲ႕အျမန္ႏႈန္းနဲ႔ပတ္သက္လို႔ ကမာၻ႔ဖလားဆုရွင္ျဖစ္တဲ့ ပီအက္စ္ဂ်ီက အမ္ဘက္ပီနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးျခင္းခံလိုက္ရပါတယ္။ သူ႔ကိုခိုင္းႏိႈင္းခ်ီးက်ဴးခဲ့တာက ယူရို ၂၀၂၀ ေျခစစ္ပြဲအုပ္စုတြငး္ၿပိဳင္ဘက္ျဖစ္တဲ့ ဟန္ေဂရီနည္းျပမာကိုေရာ့စီျဖစ္ပါတယ္။ တကယ္လည္း ၂၂ ႏွစ္အရြယ္ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕အဓိကအားသာခ်က္က သူ႔ရဲ႕ျမန္ႏႈန္းပါပဲ။

အဲဒီျမန္ႏႈန္းနဲ႔ပဲ သူဟာ ဒီရာသီမွာ မန္ယူကို ကူညီေပးႏိုင္ခဲ့ကာ အခ်ိန္တိုအတြင္းမွာပဲ ပရိသတ္ရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့တာပါ။ လြန္ခဲ့တဲ့ႏွစ္ ဒီလိုအခ်ိန္တုန္းက အဲဒီေ၀းလ္ကစားသမားေလးဟာ ခ်န္ပီယံရွစ္ကလပ္ဆြမ္ဆီးမွာ လူမသိသူမသိကစားသမားတစ္ေယာက္အေနနဲ႔သာ ျဖတ္သန္းေနရတာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊေၾကးေပါင္ ၁၅ သန္းနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကိုေရာက္လာၿပီးတဲ့ေနာက္ ခ်က္ခ်င္းပဲအထိုင္က်ခဲ့ၿပီး ဒီရာသီမန္ယူရဲ႕ေျခစြမ္းအတည္ၿငိမ္ဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာပါတယ္။ အေတြ႕အႀကဳံမရွိေပမယ့္လည္း သူဟာ ႏိုင္ငံအသင္းမွာ အဓိကက်သူတစ္ေယာက္ျဖစ္လာပါတယ္။

”ဂ်ိမ္း္စ္ဟာ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ကစားေနသလားထင္ရတဲ့ ကစားသမားတစ္ေယာက္ပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူက အရမ္းျမန္တယ္ေလ။ ေနာက္ဆုံးကာလထဲမွာ သူ႔ေလာက္ျမန္တဲ့ကစားသမား ကၽြန္ေတာ္မေတြ႕ဖူးေသးဘူး။ အမ္ဘက္ပီေတာ့ရွိတယ္။ သူကေတာ့ မယုံၾကည္ႏိုင္စရာပါ။ ကၽြန္ေတာ္တို႔သာ ဂ်ိမ္းစ္ကို ေနရာလြတ္ေပးလုိက္ရင္ သူက အႏၱရာယ္ေပးလာႏိုင္ပါတယ္”လို႔ ဟန္ေဂရီနည္းျပမာကိုေရာ့စီက ေ၀းလ္နဲ႔အဆုံးအျဖတ္ယူရိုေျခစစ္ပြဲမတိုင္ခင္မွာ  ေျပာၾကားသြားခဲ့တာပါ။