လမ်းပတ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်လာနိုင်ကြောင်း ဟာဇတ်ချီးျကျူး

photo-gettyimages

photo-gettyimages

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အီဒင်ဟာဇတ်ဟာ သူ့ရဲ့အသင်းဖော်ဟောင်းလည်းဖြစ်၊ လက်ရှိချဲလ်ဆီးနည်းပြလည်းဖြစ်တဲ့ ဖရန့်လမ်းပတ်ကို ချီးကျူးလိုက်ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်လာနိုင်ကြောင်း ဆိုလိုက်တာပါ။ လမ်းပတ်ဟာ ရီးရဲလ်ကို ဟာဇတ်ထွက်ခွာသွားတဲ့နွေရာသီမှာပဲ ချဲလ်ဆီးကို စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လမ်းပတ်ရဲ့ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၆ ပွဲဆက်အနိုင်နဲ့အတူ အမှတ်ပေးဇယားမှာ ဒုတိယနေရာက လက်စတာနဲ့ရမှတ်တူ ဂိုးကွာခြားချက်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။

photo-gettyimages

ဘယ်လ်ဂျီယံနဲ့အတူရှိနေတဲ့ဟာဇတ်ကို ချဲလ်ဆီးက လမ်းပတ်ရဲ့သက်ရောက်မှုနဲ့ပတ်သက်လို့ အံ့သြသလားလို့ မေးမြန်းတော့ ဟာဇတ်က”မအံ့သြပါဘူး။ လမ်းပတ်ကို နည်းပြတစ်ယောက်အနေနဲ့မဟုတ်ဘဲ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်သိခဲ့တာပါ။ ဒါပေမဲ့ သူဟာ စွမ်းဆောင်ရည်ရှိသူပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကို ၄ လနဲ့တင် ပြသထားပါတယ်။ ကောင်းတဲ့အရာက သူတို့ဟာ လူငယ်တွေ၊အင်္ဂလိပ်လူငယ်တွေနဲ့ ကစားနေတာပါ။ အင်္ဂလန်အတွက်ရော ချဲလ်ဆီးအတွက်ပါ ကောင်းပါတယ်။ အရည်အသွေးနဲ့လူငယ်တွေရှိနေတာ သူတို့ကံကောင်းပါတယ်။ အပြောင်းအရွှေ့ပိတ်ပင်ခံရတာက ချဲလ်ဆီးအတွက် တကယ်ကောင်းသွားသလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အတွက် အဲဒီမှာ သူငယ်ချင်းကောင်းတွေရှိနေဆဲပါ။ သူတို့ကို တစ်ချိန်လုံးအားပေးနေပါတယ်။ လောလောဆယ် သူတို့နိုင်နေလို့ ကျွန်တော်ပျော်ရွှင်ရပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

photo-gettyimages

လမ်းပတ်ဟာ သူ့ရဲ့နည်းပြဘဝကို ပြီးခဲ့တဲ့ရာသီကမှ စတင်ခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ်ဒါဘီကို ပရီးမီးယားလိဂ်ဆီ တန်းတက်လုနီးပါးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၄၁ နှစ်အရွယ်လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြဘ၀ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲသာနိုင်ခဲ့လို့ ကြမ်းတမ်းတဲ့အစဖြစ်ခဲ့ပေမယ့် စက်တင်ဘာ ၂၂ မှာ လီဗာပူးကိုရှုံးခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲမှာ ၉ ပွဲအနိုင်ရခဲ့ပါတယ်။ ဒါကြောင့်မို့လည်း လမ်းပတ်ဟာ အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ရခဲ့တာပါ။

[Zawgyi]

လမ္းပတ္ဟာ ကမာၻ႔အေကာင္းဆုံးနည္းျပေတြထဲက တစ္ေယာက္ျဖစ္လာႏိုင္ေၾကာင္း ဟာဇတ္ခ်ီး်က်ဴး

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္အီဒင္ဟာဇတ္ဟာ သူ႔ရဲ႕အသင္းေဖာ္ေဟာင္းလည္းျဖစ္၊ လက္ရွိခ်ဲလ္ဆီးနည္းျပလည္းျဖစ္တဲ့ ဖရန္႔လမ္းပတ္ကို ခ်ီးက်ဴးလိုက္ၿပီး ကမာၻ႔အေကာင္းဆုံးနည္းျပေတြထဲက တစ္ေယာက္ျဖစ္လာႏိုင္ေၾကာင္း ဆုိလုိက္တာပါ။ လမ္းပတ္ဟာ ရီးရဲလ္ကို ဟာဇတ္ထြက္ခြာသြားတဲ့ေႏြရာသီမွာပဲ ခ်ဲလ္ဆီးကို စတင္တာ၀န္ယူခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ ၆ ပြဲဆက္အႏိုင္နဲ႔အတူ အမွတ္ေပးဇယားမွာ ဒုတိယေနရာက လက္စတာနဲ႔ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ တတိယေနရာမွာ ရပ္တည္ေနတာပါ။

ဘယ္လ္ဂ်ီယံနဲ႔အတူရွိေနတဲ့ဟာဇတ္ကို ခ်ဲလ္ဆီးက လမ္းပတ္ရဲ႕သက္ေရာက္မႈနဲ႔ပတ္သက္လုိ႔ အံ့ၾသသလားလို႔ ေမးျမန္းေတာ့ ဟာဇတ္က”မအံ့ၾသပါဘူး။ လမ္းပတ္ကုိ နည္းျပတစ္ေယာက္အေနနဲ႔မဟုတ္ဘဲ ကစားသမားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္သိခဲ့တာပါ။ ဒါေပမဲ့ သူဟာ စြမ္းေဆာင္ရည္ရွိသူပါ။ သူဟာ ကမာၻ႔အေကာင္းဆုံးနည္းျပေတြထဲက တစ္ေယာက္ျဖစ္လာႏိုင္တယ္ဆိုတာကို ၄ လနဲ႔တင္ ျပသထားပါတယ္။ ေကာင္းတဲ့အရာက သူတုိ႔ဟာ လူငယ္ေတြ၊အဂၤလိပ္လူငယ္ေတြနဲ႔ ကစားေနတာပါ။ အဂၤလန္အတြက္ေရာ ခ်ဲလ္ဆီးအတြက္ပါ ေကာင္းပါတယ္။ အရည္အေသြးနဲ႔လူငယ္ေတြရွိေနတာ သူတုိ႔ကံေကာင္းပါတယ္။ အေျပာင္းအေရႊ႕ပိတ္ပင္ခံရတာက ခ်ဲလ္ဆီးအတြက္ တကယ္ေကာင္းသြားသလားဆိုတာ ကၽြန္ေတာ္မသိပါဘူး။ ကၽြန္ေတာ့္အတြက္ အဲဒီမွာ သူငယ္ခ်င္းေကာင္းေတြရွိေနဆဲပါ။ သူတုိ႔ကို တစ္ခ်ိန္လုံးအားေပးေနပါတယ္။ ေလာေလာဆယ္ သူတို႔ႏိုင္ေနလို႔ ကၽြန္ေတာ္ေပ်ာ္ရႊင္ရပါတယ္”လုိ႔ ျပန္လည္ေျဖၾကားခဲ့တာပါ။

လမး္ပတ္ဟာ သူ႔ရဲ႕နည္းျပဘ၀ကို ၿပီးခဲ့တဲ့ရာသီကမွ စတင္ခဲ့ေပမယ့္ ခ်န္ပီယံရွစ္ကလပ္ဒါဘီကုိ ပရီးမီးယားလိဂ္ဆီ တန္းတက္လုနီးပါးျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ၄၁ ႏွစ္အရြယ္လမ္းပတ္ဟာ ခ်ဲလ္ဆီးနည္းျပဘ၀ သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ ၅ ပြဲမွာ ၂ ပြဲသာႏိုင္ခဲ့လုိ႔ ၾကမး္တမ္းတဲ့အစျဖစ္ခဲ့ေပမယ့္ စက္တင္ဘာ ၂၂ မွာ လီဗာပူးကိုရႈံးခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲအရပ္ရပ္ ၁၁ ပြဲမွာ ၉ ပြဲအႏိုင္ရခဲ့ပါတယ္။ ဒါေၾကာင့္မို႔လည္း လမ္းပတ္ဟာ ေအာက္တိုဘာလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးနည္းျပဆုကို ရခဲ့တာပါ။