ဇန်နဝါရီမှာ ဟာလန်းကိုခေါ်နိုင်ရင် ဆဲလ်ဘတ်ဆီ အငှားပြန်ချပေးဖို့ အစီအစဉ်ရှိတဲ့မန်ယူ

photo-gettyimages

photo-gettyimages

တကယ်လို့ လာမယ့်ဇန်နဝါရီဈေးကွက်မှာ ဟာလန်းအတွက် သဘောတူညီမှုရနိုင်မယ်ဆိုရင် မန်ယူဟာ အဲဒီနော်ဝေသားတိုက်စစ်မှုးလေးကို ဆဲလ်ဘတ်အသင်းဆီ ရာသီကုန်အထိ အငှားပြန်ချပေးဖို့ အစီအစဉ်ရှိတယ်လို့ အင်္ဂလန်က Daily Mirror သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။ ၁၉ နှစ်သာရှိသေးတဲ့ဟာလန်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာရော ပြည်တွင်းသြစတြီးယားလိဂ်မှာ ဂိုးသွင်းခြေစွမ်းအထူးပြနေတာပါ။ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲမှာ ၂၆ ဂိုးသွင်းထားသူလည်း ဖြစ်ပါတယ်။

photo-gettyimages

ဒါကြောင့်မို့လည်း ဟာလန်းဟာ မန်ယူအပြင် ဥရောပအသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ဘိုင်ယန်မြူးးနစ်၊ဂျူဗင်တပ်တို့နဲ့ သတင်းတွေထွက်နေတာပါ။ သူကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ဆန္ဒရှိနေပါတယ်။ လောလောဆယ်တော့ ဟာလန်းဟာ မန်ယူရဲ့ထိပ်တန်းပစ်မှတ်ဖြစ်နေပါတယ်။ နည်းပြဆိုးလ်ရှားကလည်း ဟာလန်းအပေါ် ဘယ်လောက်တောင်စိတ်ဝင်စားသလဲဆိုရင် သူ့ရဲ့လက်စွဲတော်ကင်းထောက်ဖြစ်တဲ့ဆိုင်မွန်ဝဲလ်ကို စေလွှတ်ပြီး အဲဒီဆယ်ကျော်သက်ကစားသမားလေးရဲ့ခြေစွမ်းကို အနီးကပ်စောင့်ကြည့်ခိုင်းထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

photo-gettyimages

ဆိုင်မွန်ဝဲလ်ဟာ မိုလ်ဒီကို ဆိုးလ်ရှားကိုင်တွယ်စဉ်က စကင်ဒီနေးဗီးယန်ဒေသအတွက် မန်ယူရဲ့ကင်းထောက်ဖြစ်ခဲ့ပြီး အဲဒီကတည်းက သူတို့နှစ်ယောက်ကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့တာပါ။ ၂၀၁၇ တုန်းက ဘင်ဖီကာက ဆွီဒင်နောက်ခံလူလင်ဒီလော့ဖ်ကို ခေါ်ယူနိုင်ခဲ့မှုမှာလည်း ကူညီပေးခဲ့သူက ဆိုင်မွန်ဝဲလ်ဖြစ်ပါတယ်။ အာလင်းဟာလန်းဟာ လိဒ်နဲ့မန်စီးတီးကစားဟောင်းအက်ဖ်အင်ဂီဟာလန်းရဲ့သားဖြစ်ပြီး အင်္ဂလန်မှာပဲ မွေးခဲ့သူဖြစ်လို့ သူ့ဖခင်ခြေရာနင်းပြီး ပရီးမီးယားလိဂ်မှာ ကစားချင်နေတာပါ။

[Zawgyi]

ဇန္န၀ါရီမွာ ဟာလန္းကိုေခၚႏိုင္ရင္ ဆဲလ္ဘတ္ဆီ အငွားျပန္ခ်ေပးဖို႔ အစီအစဥ္ရွိတဲ့မန္ယူ

တကယ္လုိ႔ လာမယ့္ဇန္န၀ါရီေစ်းကြက္မွာ ဟာလန္းအတြက္ သေဘာတူညီမႈရႏိုင္မယ္ဆုိရင္ မန္ယူဟာ အဲဒီေနာ္ေ၀သားတိုက္စစ္မႈးေလးကို ဆဲလ္ဘတ္အသင္းဆီ ရာသီကုန္အထိ အငွားျပန္ခ်ေပးဖို႔ အစီအစဥ္ရွိတယ္လုိ႔ အဂၤလန္က Daily Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ၁၉ ႏွစ္သာရွိေသးတဲ့ဟာလန္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာေရာ ျပည္တြင္းၾသစႀတီးယားလိဂ္မွာ ဂိုးသြင္းေျခစြမ္းအထူးျပေနတာပါ။ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၁၈ ပြဲမွာ ၂၆ ဂိုးသြင္းထားသူလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လည္း ဟာလန္းဟာ မန္ယူအျပင္ ဥေရာပအသင္းႀကီးေတြျဖစ္တဲ့ လီဗာပူး၊ဘုိင္ယန္ျမဴးးနစ္၊ဂ်ဴဗင္တပ္တုိ႔နဲ႔ သတင္းေတြထြက္ေနတာပါ။ သူကိုယ္တိုင္ကေတာ့ ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ဆႏၵရွိေနပါတယ္။ ေလာေလာဆယ္ေတာ့ ဟာလန္းဟာ မန္ယူရဲ႕ထိပ္တန္းပစ္မွတ္ျဖစ္ေနပါတယ္။ နည္းျပဆိုးလ္ရွားကလည္း ဟာလန္းအေပၚ ဘယ္ေလာက္ေတာင္စိတ္၀င္စားသလဲဆုိရင္ သူ႔ရဲ႕လက္စြဲေတာ္ကင္းေထာက္ျဖစ္တဲ့ဆိုင္မြန္၀ဲလ္ကို ေစလႊတ္ၿပီး အဲဒီဆယ္ေက်ာ္သက္ကစားသမားေလးရဲ႕ေျခစြမး္ကို အနီးကပ္ေစာင့္ၾကည့္ခုိင္းထားတယ္လို႔ သတင္းေတြအရ သိရပါတယ္။

ဆိုင္မြန္၀ဲလ္ဟာ မိုလ္ဒီကို ဆုိးလ္ရွားကိုင္တြယ္စဥ္က စကင္ဒီေနးဗီးယန္ေဒသအတြက္ မန္ယူရဲ႕ကင္းေထာက္ျဖစ္ခဲ့ၿပီး အဲဒီကတည္းက သူတို႔ႏွစ္ေယာက္ၾကားမွာ ခုိင္မာတဲ့ဆက္ဆံေရးရွိခဲ့တာပါ။ ၂၀၁၇ တုနး္က ဘင္ဖီကာက ဆြီဒင္ေနာက္ခံလူလင္ဒီေလာ့ဖ္ကို ေခၚယူႏိုင္ခဲ့မႈမွာလည္း ကူညီေပးခဲ့သူက ဆိုင္မြန္၀ဲလ္ျဖစ္ပါတယ္။ အာလင္းဟာလန္းဟာ လိဒ္နဲ႔မန္စီးတီးကစားေဟာင္းအက္ဖ္အင္ဂီဟာလန္းရဲ႕သားျဖစ္ၿပီး အဂၤလန္မွာပဲ ေမြးခဲ့သူျဖစ္လို႔ သူ႔ဖခင္ေျခရာနင္းၿပီး ပရီးမီးယားလိဂ္မွာ ကစားခ်င္ေနတာပါ။