အမြင်မတော်တာတွေ့ရင် မကူညီရမနေနိုင်တဲ့မာနေးလိုစိတ်ထားမျိုး ထားလိုက်ကြရအောင်လား…

Photo Credit

Photo Credit

လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပေမယ့် သူ့ခေါင်းထဲမှာတော့ အောင်မြင်ကျော်ကြားမှုဒဏ်တွေအဝင်မခံဘဲ အောက်ခြေမလွတ်တဲ့ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Photo Credit

မာနေးဟာ ၂၀၁၆ နွေရာသီက ဆောက်သမ်တန်ကနေ လီဗာပူးကို ရောက်ရှိလာချိန်ကတည်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာပြီး ယမန်နှစ်ကဆိုရင် ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit

ဒီရာသီမှာလည်း သူဟာ ပြိုင်ပွဲစုံ ၁၇ပွဲကစား ၁၁ဂိုးသွင်းယူထားပြီး အောင်မြင်ကျော်ကြားသူဖြစ်နေပေမယ့် သူကတော့ အောက်ခြေအလွတ်မခံပါဘူး။ အသက် ၂၇နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင် မာနေးဟာ လက်ရှိအချိန်မှာ လက်ရွေးစင်အသင်းနဲ့အတူ ရှိနေပြီး အဲဒီမှာ ပစ္စည်းတွေသယ်ပေးရသူကို ကူညီတဲ့အနေနဲ့ ရေသန့်ဗူးတွေ ကူညီသယ်ပေးတဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။

Photo Credit

သူ့ရဲ့အပြုအမူက ကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းမဟုတ်တာမှန်ပေမယ့် ကိုယ်ချင်းစာတရားရယ်၊ ကိုယ့်မျက်စိရှေ့မှာ အမြင်မတော်တာတွေ့ရင် ဝင်ကူညီတတ်တဲ့ သူ့ရဲ့စိတ်ရင်းအခံကို အကောင်းဆုံးထင်ဟပ်စေတဲ့အပြုအမူဖြစ်ပါတယ်။

Photo Credit

မာနေးဟာ ဘက်စ်ကားပေါ်ကဆင်းလာချိန် ကားဘေးမှာ ချထားတဲ့ ရေသန့်ဗူးကတ်တွေကို မြင်လိုက်တော့ ဘာမှတွေးမနေဘဲ တစ်ပိုင်တစ်နိုင်အဖြစ် ရေသန့်ဗူးနှစ်ကတ် ဆွဲသွားကာ အခန်းထဲ ဝင်သွားပါတယ်။ ဒါက ကစားသမားတွေလုပ်ရမယ့်အလုပ်မဟုတ်ဘဲ အသင်းဖော်တွေကလည်း ဘေးကနေ လမ်းလျှောက်ဖြတ်သွားပါတယ်။

Photo Credit

ဒါပေမဲ့ မာနေးကတော့ အောက်ခြေဝန်ထမ်းတွေရဲ့ဘဝကို စာနာတဲ့အနေနဲ့ ဒီအတိုင်းဖြတ်ကျော်မသွားဘဲ ရေသန့်ဗူးကတ်တွေ သယ်ပေးသွားမှာပါ။

Photo Credit

ဒီလိုလုပ်လိုက်တာက သူ့အတွက် အပန်းကြီးတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောနိုင်ပေမယ့် သူ့ဘက်ကကြည့်ရင်လည်း ဒီအတိုင်းအေးဆေးဝင်သွားလို့တဲ့အနေအထားမှာ စိတ်ကိုက ဘယ်လိုမှမနေနိုင်လို့ ကိုယ်နိုင်သလောက် ဝင်ရောက်ကူညီခဲ့တာဖြစ်ပါတယ်။

https://twitter.com/SaddickAdams/status/1194981581485740033?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.sportbible.com%2Ffootball%2Ftake-a-bow-sadio-mane-helps-kitman-carry-equipment-off-senegal-team-bus-20191115

Video Credit

ကျွန်တော်တို့ကမ္ဘာကြီးမှာလည်း မာနေးလိုလူမျိုးတွေအများကြီးလိုအပ်နေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာပါ။ သူလုပ်တာ ဘာမှမဟုတ်ဘူးလို့စောဒကတက်လာနိုင်သူတွေရှိပေမယ့် ဒီလိုသေးသေးလေးတွေကနေ အကြီးကြီးတွေဖြစ်လာတာပါ။

Photo Credit

တစ်ယောက်စီတိုင်းကနေ အမြင်မတော်တာတွေ့လို့ ဝင်ကူညီတာမျိုးလုပ်လိုက်ရင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးလည်း နေချင်စရာအကောင်းဆုံးဖြစ်လာမှာပါ။

Photo Credit

Zawgyi

