ကစားသမားဘဝပြည်ဖုံးကားချတော့မယ့် စပိန်ရဲ့စံချိန်တင်ဂိုးသွင်းရှင်ဒေးဗစ်ဗီလာ

photo-givemesport

photo-AP

စပိန်အသင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှုးဟောင်းဒေးဗစ်ဗီလာက လာမယ့်လမှာ ကစားသမားဘဝက အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ဖလား၊ယူရိုနဲ့ချန်ပီယံလိဂ်တို့မှာ ဗိုလ်စွဲခဲ့ဖူးတဲ့ တစ်ဖိတ်ဖိတ်တောက် သူ့ကစားသမားဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဒေးဗစ်ဗီလာဟာ လက်ရှိမှာ ဂျေလိဂ်ကလပ်ဗစ်ဆဲလ်ကိုဘေးအသင်းမှာ ကစားနေတာဖြစ်ပြီး ဂျေလိဂ်ဘောလုံးရာသီကုန်ဆုံးမယ့် ၂၀၁၉ အဆုံးသတ်မှာ ကစားသမားဘဝကို ပြည်ဖုံးကားချမှာပါ။

photo-gettyimages

”ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ အဲဒီအကြောင်း ကာလရှည်ကြာစဉ်းစားလာခဲ့တာပါ။ ကျွန်တော့်မိသားစု၊ မိတ်ဆွေရင်းချာတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် ဒီလိုဆုံးဖြတ်လိုက်တာပါ။ ကျွန်တော် ဘောလုံးကနေ အနားယူချင်ပါတယ်။ အတင်းအကျပ်အနားယူလိုက်တာ မဟုတ်ပါဘူး”လို့ ဒေးဗစ်လာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

photo-social media

ဒေးဗစ်ဗီလာဟာ သူ့ရဲ့ ၁၉ နှစ်ကြာကစားသမားဘဝမှာ ဘာစီလိုနာ၊အက်သလက်တီကိုနဲ့ဗလင်စီယာတို့မှာ ကစားခဲ့သလို နိုင်ငံအသင်းစပိန်အတွက်လည်း ၉၈ ပွဲကစားပေးထားတာပါ။ စပိန်အတွက် သူသွင်းပေးခဲ့တဲ့ ၅၉ ဂိုးဟာလည်း အသင်းသမိုင်းတစ်လျှောက် အများဆုံးသွင်းယူနိုင်မှုဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်၊ဥရောပစူပါဖလား၊ကလပ်ကမ္ဘာ့ဖလားနဲ့ လာလီဂါ ၂ ကြိမ်တို့ဗိုလ်စွဲခဲ့ကာ ဘာစီလိုနာက ထွက်ခွာပြီး အက်သလက်တီကိုနဲ့တစ်ခုတည်းသော ရာသီမှာလည်း လာလီဂါချန်ပီယံဆုရခဲ့ပြန်ပါတယ်။ တီကိုက ထွက်ခွာတော့ အမေရိကန်မေဂျာလိဂ်ကလပ်နယူးယော့ခ်စီးတီးမှာ အောင်မြင်တဲ့ကာလတစ်ရပ်ရှိခဲ့ပြီး အဲဒီက ၁၂၄ ပွဲမှာ ဂိုး ၈၀ သွင်းခဲ့ပါတယ်။ ဒေးဗစ်ဗီလာက အနားယူမယ့်အခမ်းအနားက ဂျေလိဂ်ဘောလုံးရာသီနောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ  ၇ ဖြစ်ပါတယ်။

[Zawgyi]

ကစားသမားဘ၀ျပည္ဖုံးကားခ်ေတာ့မယ့္ စပိန္ရဲ႕စံခ်ိန္တင္ဂိုးသြင္းရွင္ေဒးဗစ္ဗီလာ

စပိန္အသင္းရဲ႕စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္တဲ့ ဘာစီလိုနာတိုက္စစ္မႈးေဟာင္းေဒးဗစ္ဗီလာက လာမယ့္လမွာ ကစားသမားဘ၀က အနားယူေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ ကမာၻ႔ဖလား၊ယူရိုနဲ႔ခ်န္ပီယံလိဂ္တို႔မွာ ဗိုလ္စြဲခဲ့ဖူးတဲ့ တစ္ဖိတ္ဖိတ္ေတာက္ သူ႔ကစားသမားဘ၀ကို အဆုံးသတ္ေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ ေဒးဗစ္ဗီလာဟာ လက္ရွိမွာ ေဂ်လိဂ္ကလပ္ဗစ္ဆဲလ္ကိုေဘးအသင္းမွာ ကစားေနတာျဖစ္ၿပီး ေဂ်လိဂ္ေဘာလုံးရာသီကုန္ဆုံးမယ့္ ၂၀၁၉ အဆုံးသတ္မွာ ကစားသမားဘ၀ကို ျပည္ဖုံးကားခ်မွာပါ။

”ကၽြန္ေတာ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကို အဆုံးသတ္ဖို႔ ဆံုးျဖတ္ၿပီးပါၿပီ။ အဲဒီအေၾကာင္း ကာလရွည္ၾကာစဥ္းစားလာခဲ့တာပါ။ ကၽြန္ေတာ့္မိသားစု၊ မိတ္ေဆြရင္းခ်ာေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီးတဲ့ေနာက္ ဒီလုိဆုံးျဖတ္လိုက္တာပါ။ ကၽြန္ေတာ္ ေဘာလုံးကေန အနားယူခ်င္ပါတယ္။ အတင္းအက်ပ္အနားယူလိုက္တာ မဟုတ္ပါဘူး”လို႔ ေဒးဗစ္လာက သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

ေဒးဗစ္ဗီလာဟာ သူ႔ရဲ႕ ၁၉ ႏွစ္ၾကာကစားသမားဘ၀မွာ ဘာစီလုိနာ၊အက္သလက္တီကိုနဲ႔ဗလင္စီယာတုိ႔မွာ ကစားခဲ့သလို ႏိုင္ငံအသင္းစပိန္အတြက္လည္း ၉၈ ပြဲကစားေပးထားတာပါ။ စပိန္အတြက္ သူသြငး္ေပးခဲ့တဲ့ ၅၉ ဂိုးဟာလည္း အသင္းသမိုင္းတစ္ေလွ်ာက္ အမ်ားဆုံးသြင္းယူႏိုင္မႈျဖစ္ပါတယ္။ ဘာစီလုိနာနဲ႔အတူ ခ်န္ပီယံလိဂ္၊ဥေရာပစူပါဖလား၊ကလပ္ကမာၻ႔ဖလားနဲ႔ လာလီဂါ ၂ ႀကိမ္တို႔ဗိုလ္စြဲခဲ့ကာ ဘာစီလိုနာက ထြက္ခြာၿပီး အက္သလက္တီကိုနဲ႔တစ္ခုတည္းေသာ ရာသီမွာလည္း လာလီဂါခ်န္ပီယံဆုရခဲ့ျပန္ပါတယ္။ တီကိုက ထြက္ခြာေတာ့ အေမရိကန္ေမဂ်ာလိဂ္ကလပ္နယူးေယာ့ခ္စီးတီးမွာ ေအာင္ျမင္တဲ့ကာလတစ္ရပ္ရွိခဲ့ၿပီး အဲဒီက ၁၂၄ ပြဲမွာ ဂိုး ၈၀ သြင္းခဲ့ပါတယ္။ ေဒးဗစ္ဗီလာက အနားယူမယ့္အခမ္းအနားက ေဂ်လိဂ္ေဘာလုံးရာသီေနာက္ဆုံးရက္ျဖစ္တဲ့ ဒီဇင္ဘာ  ၇ ျဖစ္ပါတယ္။