ပွဲပြီးခါနီးကျမှ ပွဲကို စီးတီးဦးဆောင်ကစားခဲ့ရတယ်လို့ ကလော့ပ် ပြောဆို

Photo Credit

Photo Credit

လီဗာပူးအသင်းနည်းပြ ကလော့ပ်က မိမိတု့ိအသင်းအနေနဲ့ လက်ရှိချန်ပီယံစီးတီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်အများစုကို ဦးဆောင်အသင်းအဖြစ် လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဧည့်သည်အသင်းကတော့ ပွဲပြီးဖို့ ၁၅အလိုကျမှ ပြန်လည်ဦးဆောင်ကစားနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

လီဗာပူးဟာ ထပ်ဆင့်ချန်ပီယံစီးတီးကို ၃-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယနဲ့တတိယနေရာက လက်စတာနဲ့ ချဲလ်ဆီးတို့ကို ၈မှတ်စီဖြတ်ကာ ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ပြီး စီးတီးကတော့ ဒီရာသီ တတိယမြောက်လိဂ်ရှုံးပွဲနဲ့အတူ စတုတ္ထနေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။

Photo Credit

”ပွဲပြီးဖို့ ၁၀မိနစ်၊ ၁၅ မိနစ်အလိုက အခြေအနေကို ခင်ဗျားတို့လည်း တွေ့ခဲ့ရတာပဲလေ။ စီးတီးက ဂိုးသွင်းနိုင်ခဲ့တယ်။ ဒီတော့ သူတို့လည်း ယုံကြည်မှုနဲ့အရှိန်ရသွားပါတယ်။ ဒါက အရမ်းရှင်းပါတယ်။ စီးတီးက ကွင်းဘေးစည်းတစ်လျှောက် ဘောလုံးပေးပို့တယ်၊ ပြီးတော့ ဧရိယာထဲပို့တယ်။ အဲဒီအချိန်မှာတော့ သူတို့ ပွဲကို ထိန်းကစားနိုင်ခဲ့ပါတယ်”

Photo Credit

”ဒါပေမဲ့ ကျန်တဲ့ပွဲချိန် ၇၅ မိနစ်မှာတော့ ကျွန်တော်တို့အသင်းက ကိုယ့်ရဲ့ပြင်းပြလေးနက်မှုနဲ့အတူ ပွဲကို ထိန်းကစားနိုင်ခဲ့ပါတယ်။ သူတို့ဖြစ်ချင်သလိုမဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနိုင်ခဲ့ပါတယ်။ ကောင်လေးတွေ(လီဗာပူးအသင်းသားတွေ)ဟာ အံ့အားသင့်စရာကောင်းတဲ့စွမ်းရည်ကို ထပ်မံပြသနိုင်ခဲ့ပါတယ်။ ရဲရင့်ခြင်းကို အစဉ်တစိုက်ပြသနိုင်ခဲ့ပါတယ်”လု့ိ ကလော့ပ်က ပြောပါတယ်။

Photo Credit

အန်ဖီးလ်ကွင်းက လီဗာပူးရဲ့မာကျောတဲ့ခံတပ်ဖြစ်လာပြီး စီးတီးလည်း ၂၀၀၃ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာ လိဂ်နိုင်ပွဲပျောက်ဆုံးနေပေမယ့် ကလော့ပ်ကတော့ သူ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အလေးအနက်ပြုချီးကျူးခဲ့ပါတယ်။

Photo Credit

Zawgyi

ပြဲၿပီးခါနီးက်မွ ပဲြကို စီးတီးဦးေဆာင္ကစားခဲ့ရတယ္လုိ႔ ကေလာ့ပ္ ေျပာဆုိ

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က မိမိတု႔ိအသင္းအေနနဲ႔ လက္ရွိခ်န္ပီယံစီးတီးကို ဂိုးျပတ္အႏုိင္ရခဲ့တဲ့ပြဲမွာ ပဲြခ်ိန္အမ်ားစုကို ဦးေဆာင္အသင္းအျဖစ္ လႊမ္းမိုးကစားႏိုင္ခဲ့ၿပီး ဧည့္သည္အသင္းကေတာ့ ပြဲၿပီးဖို႔ ၁၅အလုိက်မွ ျပန္လည္ဦးေဆာင္ကစားႏိုင္ခဲ့တယ္လုိ႔ အခုိင္အမာေျပာၾကားလုိက္ပါတယ္။
လီဗာပူးဟာ ထပ္ဆင့္ခ်န္ပီယံစီးတီးကို ၃-၁ ဂုိးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ ဒုတိယနဲ႔တတိယေနရာက လက္စတာနဲ႔ ခ်ဲလ္ဆီးတို႔ကို ၈မွတ္စီျဖတ္ကာ ထိပ္ဆုံးမွဦးေဆာင္ႏိုင္ခဲ့ၿပီး စီးတီးကေတာ့ ဒီရာသီ တတိယေျမာက္လိဂ္႐ံႈးပဲြနဲ႔အတူ စတုတၳေနရာအထိ က်ဆင္းသြားခဲ့ရပါတယ္။
”ပြဲၿပီးဖို႔ ၁၀မိနစ္၊ ၁၅ မိနစ္အလုိက အေျခအေနကို ခင္ဗ်ားတုိ႔လည္း ေတြ႕ခဲ့ရတာပဲေလ။ စီးတီးက ဂိုးသြင္းႏိုင္ခဲ့တယ္။ ဒီေတာ့ သူတုိ႔လည္း ယုံၾကည္မႈနဲ႔အရွိန္ရသြားပါတယ္။ ဒါက အရမ္းရွင္းပါတယ္။ စီးတီးက ကြင္းေဘးစည္းတစ္ေလွ်ာက္ ေဘာလုံးေပးပုိ႔တယ္၊ ၿပီးေတာ့ ဧရိယာထဲပို႔တယ္။ အဲဒီအခ်ိန္မွာေတာ့ သူတုိ႔ ပြဲကို ထိန္းကစားႏိုင္ခ့ဲပါတယ္”
”ဒါေပမဲ့ က်န္တဲ့ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ကၽြန္ေတာ္တုိ႔အသင္းက ကိုယ့္ရဲ႕ျပင္းျပေလးနက္မႈနဲ႔အတူ ပြဲကို ထိန္းကစားႏုိင္ခဲ့ပါတယ္။ သူတုိ႔ျဖစ္ခ်င္သလုိမျဖစ္ေအာင္ ကၽြန္ေတာ္တို႔ ႀကိဳးစားႏိုင္ခဲ့ပါတယ္။ ေကာင္ေလးေတြ(လီဗာပူးအသင္းသားေတြ)ဟာ အံ့အားသင့္စရာေကာင္းတဲ့စြမ္းရည္ကို ထပ္မံျပသႏိုင္ခဲ့ပါတယ္။ ရဲရင့္ျခင္းကို အစဥ္တစိုက္ျပသႏိုင္ခဲ့ပါတယ္”လု႔ိ ကေလာ့ပ္က ေျပာပါတယ္။
အန္ဖီးလ္ကြင္းက လီဗာပူးရဲ႕မာေက်ာတဲ့ခံတပ္ျဖစ္လာၿပီး စီးတီးလည္း ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း အန္ဖီးလ္မွာ လိဂ္ႏိုင္ပဲြေပ်ာက္ဆုံးေနေပမယ့္ ကေလာ့ပ္ကေတာ့ သူ႕ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို အေလးအနက္ျပဳခ်ီးက်ဴးခဲ့ပါတယ္။