ပိုချက်တီနိုကို ရာထူးကထုတ်ပယ်ဖို့ စပါးပရိသတ်တွေတောင်းဆို

PC ; I nternet

စနေနေ့က ရှက်ဖီးယူနိုက်တက်နဲ့ (၁)ဂိုးစီသရေကျတဲ့ပွဲပြီးနောက်မှာ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆိုရှယ်မီဒီယာကတစ်ဆင့် စပါးပရိသတ်တွေတောင်းဆိုခဲ့ပါတယ်။ ဒီပွဲမှာ စပါးအတွက်အဖွင့်ဂိုးကို ဆွန်ဟောင်မင်က သွင်းယူပေးခဲ့ပြီး ပွဲချိန်(၇၈)မိနစ်မှာ ဘယ်ဒေါ့ခ်က ရှက်ဖီးအတွက် ချေပဂိုးသွင်းယူပေးခဲ့တာပါ။ ဒီပွဲသရေကျခဲ့လို့ စပါးဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ (၁၂)ပွဲကစားအပြီးမှာ အမှတ်ပေးဇယား အဆင့်(၁၂)နေရာမှာရပ်တည်နေပါတယ်။

PC; Internet

လက်ရှိအချိန်မှာ နည်းပြပိုချက်တီနိုရဲ့စပါးဟာ အမှတ်ပေးဇယားထိပ်ဆုံးက တစ်ပွဲလျော့လီဗာပူးရဲ့နောက် (၁၇)မှတ်ပြတ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့(၆)ပွဲမှာ (၃)ပွဲသရေကျခဲ့ပြီးနောက် စပါးပရိသတ်တွေက အသင်းမှာ နည်းပြပိုချက်တီနိုရဲ့အချိန်ပြီးဆုံးပြီလို့ ယူဆနေကြပါတယ်။ စပါးပရိသတ်တစ်ဦးက “ဒီရာသီမှာ ကျရှုံးနေပါတယ်။ ရှက်ဖီးကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့အသင်းနဲ့ ဥရောပအသင်းတွေကို ဘယ်လိုလုပ်ကစားမလဲ။ သူ့ရဲ့အချိန်ပြီးဆုံးသွားပါပြီ။ ပိုချက်တီနို ထွက်ခွာသင့်ပါပြီ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

PC ; Internet

အခြားပရိသတ်တစ်ဦးကလည်း “နိုင်ငံတကာပွဲနားရက်မှာ အပြောင်းအလဲလုပ်သင့်ပါပြီ။ ပိုချက်တီနို ထွက်ရမှာပါ”လို့ ဒေါသတကြီးရေးသားခဲ့ပါတယ်။ နည်းပြပိုချက်တီနိုရဲ့ စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နေရာရရှိခဲ့ပြီး အခုရာသီချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။ လတ်တလော စပါးအသင်းရဲ့ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြပိုချက်တီနိုရဲ့အနာဂတ်ဟာလည်း ပိုပြီးလှုပ်ခတ်လာခဲ့တာပဲဖြစ်ပါတယ်။

(zawgyi)

စေနေန႔က ရွက္ဖီးယူႏုိက္တက္နဲ႔ (၁)ဂိုးစီသေရက်တဲ့ပြဲၿပီးေနာက္မွာ နည္းျပပိုခ်က္တီႏုိကို ရာထူးကေန ထုတ္ပယ္ဖုိ႔ ဆိုရွယ္မီဒီယာကတစ္ဆင့္ စပါးပရိသတ္ေတြေတာင္းဆိုခဲ့ပါတယ္။ ဒီပြဲမွာ စပါးအတြက္အဖြင့္ဂိုးကို ဆြန္ေဟာင္မင္က သြင္းယူေပးခဲ့ၿပီး ပြဲခ်ိန္(၇၈)မိနစ္မွာ ဘယ္ေဒါ့ခ္က ရွက္ဖီးအတြက္ ေခ်ပဂိုးသြင္းယူေပးခဲ့တာပါ။ ဒီပြဲသေရက်ခဲ့လို႔ စပါးဟာ တနဂၤေႏြေန႔ပြဲမတုိင္ခင္ ပရီးမီးယားလိဂ္မွာ (၁၂)ပြဲကစားအၿပီးမွာ အမွတ္ေပးဇယား အဆင့္(၁၂)ေနရာမွာရပ္တည္ေနပါတယ္။ လက္ရွိအခ်ိန္မွာ နည္းျပပိုခ်က္တီႏုိရဲ႕စပါးဟာ အမွတ္ေပးဇယားထိပ္ဆံုးက တစ္ပြဲေလ်ာ့လီဗာပူးရဲ႕ေနာက္ (၁၇)မွတ္ျပတ္ေနပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့(၆)ပြဲမွာ (၃)ပြဲသေရက်ခဲ့ၿပီးေနာက္ စပါးပရိသတ္ေတြက အသင္းမွာ နည္းျပပိုခ်က္တီႏုိရဲ႕အခ်ိန္ၿပီးဆံုးၿပီလုိ႔ ယူဆေနၾကပါတယ္။ စပါးပရိသတ္တစ္ဦးက “ဒီရာသီမွာ က်ရံႈးေနပါတယ္။ ရွက္ဖီးကို အိမ္ကြင္းမွာ သေရက်ခဲ့တဲ့အသင္းနဲ႔ ဥေရာပအသင္းေတြကို ဘယ္လိုလုပ္ကစားမလဲ။ သူ႔ရဲ႕အခ်ိန္ၿပီးဆံုးသြားပါၿပီ။ ပိုခ်က္တီႏို ထြက္ခြာသင့္ပါၿပီ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။ အျခားပရိသတ္တစ္ဦးကလည္း “ႏိုင္ငံတကာပြဲနားရက္မွာ အေျပာင္းအလဲလုပ္သင့္ပါၿပီ။ ပိုခ်က္တီႏို ထြက္ရမွာပါ”လုိ႔ ေဒါသတႀကီးေရးသားခဲ့ပါတယ္။ နည္းျပပိုခ်က္တီႏိုရဲ႕ စပါးအသင္းဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း အဆင့္(၄)ေနရာရရိွခဲ့ၿပီး အခုရာသီခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့ပါတယ္။ လတ္တေလာ စပါးအသင္းရဲ႕ရလဒ္ေတြ ဆိုးရြားေနတာေၾကာင့္ နည္းျပပိုခ်က္တီႏုိရဲ႕အနာဂတ္ဟာလည္း ပိုၿပီးလႈပ္ခတ္လာခဲ့တာပဲျဖစ္ပါတယ္။