အေးဂျင့်မရှိတာကြောင့် ဘိုင်ယန်ရဲ့ကမ်းလှမ်းမှုကို အာစင်ဝင်းဂါး ချက်ချင်းအဖြေမပေးနိုင်ခဲ့

PC ; Internet

ဘိုင်ယန်မြူးနစ်နဲ့ချိတ်ဆက်ထားတာမှန်ပေမယ့် လက်ခံဖြစ်ဖို့အတွက်တော့ အချိန်အနည်းငယ်ယူရဦးမယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ဘိုင်ယန်ဟာ နည်းပြကိုဗက်ကိုထုတ်ပယ်ခဲ့တဲ့နောက် အာစင်ဝင်းဂါးကို ရာသီကုန်ချိန်အထိ တာဝန်ပေးလိမ့်မယ်လို့သတင်းထွက်နေပါတယ်။

PC ; Internet

ဒါပေမဲ့ ပြင်သစ်သားနည်းပြကြီးကတော့ “ပထမအချက်ကတော့ ကျွန်တော့်မှာအေးဂျင့်မရှိတဲ့အတွက် ဒီဇာတ်လမ်းကိုကိုယ့်ဟာကိုဖန်တီးရမှာပါ။ ကျွန်တော့်အတွက်စကားပြောပေးမယ့်လူမရှိပါဘူး။ ဒုတိယအချက်ကတော့ ဘက်ကင်ဘောင်ဝါ၊ ရူမင်နစ်ဂီနဲ့ ဟိုးနက်စ်တို့အကြောင်းကိုသိတာ နှစ် ၄၀လောက်ကြာပါပြီ။ ပြီးပြည့်စုံတဲ့ပုံစံတည်ဆောက်ဖို့အတွက် ရှိတဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုပါတယ်။ အသင်းအတွက်လိုအပ်လာတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးကြားမှာ အမြဲတမ်းအမှန်တရားတစ်ခုအတွက် ပြောဆိုခဲ့တာတွေရှိခဲ့ကြပါတယ်။

PC ; Internet

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့လည်ပိုင်းလောက်မှာ ရူမင်နစ်ဂီဆီကဖုန်းလာခဲ့ပါတယ်။ ကျွန်တော့်ဘက်ကအဖြေမပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်ပြန်ခေါ်တဲ့အချိန်မှာတော့ သူဟာ အိုလံပီယာ ကော့စ်နဲ့ပွဲစဉ်ကိုသွားဖို့အတွက် ကားပေါ်ရောက်နေပါတယ်။ ၄၊ ၅မိနစ်ဝန်းကျင်လောက်တော့ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ဘက်ကလာမယ့် ၂ပွဲအတွက် ဖလစ်ခ်ကိုတာဝန်ပေးအပ်ထားတယ်လို့ဆိုပါတယ်။ သူတို့နည်းပြသစ်တစ်ယောက်ရှာဖွေနေတဲ့အတွက် စိတ်ဝင်စားလားလို့မေးခဲ့ပါတယ်။ ကျွန်တော့်ဘက်ကတော့ ချက်ချင်းမစဉ်းစားနိုင်ခဲ့တဲ့အတွက် အချိန်အနည်းငယ်ယူချင်တယ်လို့ပြောခဲ့ပါတယ်။

PC ; Internet

ကျွန်တော်တို့လာမယ့်အပါတ်မှာ တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်ကလည်း တနင်္ဂနွေညအထိ ဒိုဟာမှာရှိနေမှာမို့လို့ပါ” လို့ ဖွင့်ဟလိုက်ပါတယ်။၂၀၁၈ မေလမှာ အာဆင်နယ်ကိုစွန့်ခွာခဲ့တဲ့ အာစင်ဝင်းဂါးဟာ နည်းပြလောကကိုပြန်လည်ဝင်ရောက်ဖို့ အချိန်ယူစဉ်းစားနေခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ဘိုင်ယန်နည်းပြဖြစ်လာဖို့ အနီးစပ်ဆုံးအနေအထားမှာရှိနေပါတယ်။

(zawgyi)
