ဇူးမားရဲ့ရူးလောက်တဲ့တစ်ဦးချင်းကျော်ဖြတ်မှုက ချဲလ်ဆီးပရိသတ်တွေကို အေးဆေးထိုင်ကြည့်နေရာကနေ မတ်တပ်ရပ်စေခဲ့

Photo Credit

Photo Credit

အေဂျက်စ်နဲ့ ၄-၄ ဂိုးသရေကျခဲ့တဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ကိုယ့်ကွင်းတစ်ဝက်လောက်ကနေ အသက်ရှူမှားလောက်စရာ နောက်ခံလူဇူးမားရဲ့ တစ်ဦးချင်းကျော်ဖြတ်မှုအစွမ်းက အိမ်ရှင်ပရိသတ်တွေကို အေးဆေးထိုင်ကြည့်လို့မရလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ၁-၃ ဂိုးနဲ့ရှုံးနိမ့်နေခဲ့ပြီး ဒီလိုအချိန်မှာ စိတ်ဓာတ်ကျနေတဲ့အိမ်ရှင်ပရိသတ်တွေကို စိတ်ဓာတ်ခွန်အားပေးဖို့ အရေးတကြီးလိုအပ်ခဲ့ပါတယ်။ အဲဒါနဲ့ ဇူးမားလည်း အဲဒီလိုလုပ်ဆောင်ခဲ့ပြီး အေဂျက်စ်ကစားသမား ၄ဦးကို ဘောလုံးနဲ့အတူ ကျော်ဖြတ်ကာ ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာပါ။

Photo Credit

ကံမကောင်းလု့ိ သူ့ရဲ့ကန်ချက်က ထိချက်လွဲသွားပြီး ဂိုးပေါက်နဲ့ ခပ်ဝေးဝေးရောက်သွားပေမယ့် ချဲလ်ဆီးပရိသတ်တွေကတော့ သဘောအကျကြီးကျကာ အော်ဟစ်အားပေးခဲ့ပါတယ်။ နည်းပြလမ်းပတ်ကိုယ်တိုင် သူ့ကစားသမားရဲ့စွမ်းဆောင်ရည်ကို အတော်လေးသဘောကျသွားပြီး ရှုံးနေချိန်မှာတောင် ဇူးမားရဲ့လုပ်ပြနိုင်မှုအပေါ် ရယ်မောသွားပါတယ်။

Photo Credit

ဇူးမားဟာ ကိုယ့်ကွင်းတစ်ဝက်လောက်ကနေ အေဂျက်စ်အသင်းရဲ့တိုက်စစ်ဆင်မှုကို ကြားဝင်လုယူကာ တောက်လျှောက်ဆွဲပြေးသွားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ ဘလင်းကို လှလှပပခြေယောင်ပြကာ ထပ်မံကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဇူးမားရဲ့တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းကို လူမှုမီဒီယာမှာ အသီးသီးချီးကျူးသွားပါတယ်။

Photo Credit

”လီယိုနယ်ဇူးမား”ဆိုပြီး ပရိသတ်တစ်ယောက်က ဇူးမားကို မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။ ”အိုး…ဇူးမား…လမ်းပတ်တောင် မရယ်ဘဲမနေနိုင်အောင်လုပ်နိုင်ခဲ့သူပဲ။ အသင်းက ယုံကြည်မှုလိုအပ်နေချိန်မှာ ချိန်သားကိုက်ပေးနိုင်ခဲ့တာပါ”။ ဒီလိုမျိုး ဘောလုံးနဲ့အတူ ပြိုင်ဘက်တွေကို တစ်ခါတည်းကျော်ဖြတ်နိုင်တာ တော်ရုံတိုက်စစ်မှူးတွေတောင် လုပ်နိုင်တာမဟုတ်ဘူး”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။

https://twitter.com/mercygate01/status/1191955944206454786

Video Credit

တကယ်လည်း ဇူးမားဟာ အဲဒီပွဲမှာ တစ်ဦးချင်းကျော်ဖြတ်နိုင်မှု ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး အဲဒီအထဲက ၄ကြိမ်ဟာ ကွင်းတစ်ဝက်လောက်ကနေ ဆွဲပြေးတုန်းက ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့အရေအတွက်ဖြစ်ပါတယ်။

Photo Credit

Zawgyi

ဇူးမားရဲ႕႐ူးေလာက္တဲ့တစ္ဦးခ်င္းေက်ာ္ျဖတ္မႈက ခ်ဲလ္ဆီးပရိသတ္ေတြကို ေအးေဆးထုိင္ၾကည့္ေနရာကေန မတ္တပ္ရပ္ေစခဲ့

ေအဂ်က္စ္နဲ႔ ၄-၄ ဂိုးသေရက်ခဲ့တဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ကိုယ့္ကြင္းတစ္၀က္ေလာက္ကေန အသက္႐ွဴမွားေလာက္စရာ ေနာက္ခံလူဇူးမားရဲ႕ တစ္ဦးခ်င္းေက်ာ္ျဖတ္မႈအစြမ္းက အိမ္ရွင္ပရိသတ္ေတြကို ေအးေဆးထိုင္ၾကည့္လုိ႔မရေလာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈေတာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ဒုတိယပိုင္းမွာ ၁-၃ ဂိုးနဲ႔႐ံႈးနိမ့္ေနခဲ့ၿပီး ဒီလိုအခ်ိန္မွာ စိတ္ဓာတ္က်ေနတဲ့အိမ္ရွင္ပရိသတ္ေတြကို စိတ္ဓာတ္ခြန္အားေပးဖို႔ အေရးတႀကီးလိုအပ္ခဲ့ပါတယ္။ အဲဒါနဲ႔ ဇူးမားလည္း အဲဒီလုိလုပ္ေဆာင္ခဲ့ၿပီး ေအဂ်က္စ္ကစားသမား ၄ဦးကို ေဘာလုံးနဲ႔အတူ ေက်ာ္ျဖတ္ကာ ဂိုးဧရိယာထိပ္ကေန ကန္သြင္းခဲ့တာပါ။
ကံမေကာင္းလု႔ိ သူ႕ရဲ႕ကန္ခ်က္က ထိခ်က္လြဲသြားၿပီး ဂိုးေပါက္နဲ႔ ခပ္ေ၀းေ၀းေရာက္သြားေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ သေဘာအက်ႀကီးက်ကာ ေအာ္ဟစ္အားေပးခဲ့ပါတယ္။ နည္းျပလမ္းပတ္ကိုယ္တုိင္ သူ႕ကစားသမားရဲ႕စြမ္းေဆာင္ရည္ကို အေတာ္ေလးသေဘာက်သြားၿပီး ႐ံႈးေနခ်ိန္မွာေတာင္ ဇူးမားရဲ႕လုပ္ျပႏုိင္မႈအေပၚ ရယ္ေမာသြားပါတယ္။
ဇူးမားဟာ ကိုယ့္ကြင္းတစ္၀က္ေလာက္ကေန ေအဂ်က္စ္အသင္းရဲ႕တုိက္စစ္ဆင္မႈကို ၾကား၀င္လုယူကာ ေတာက္ေလွ်ာက္ဆဲြေျပးသြားတာျဖစ္ၿပီး ေနာက္ဆုံးအေနနဲ႔ ဘလင္းကို လွလွပပေျခေယာင္ျပကာ ထပ္မံေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဇူးမားရဲ႕တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္စြမ္းကို လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးသြားပါတယ္။
”လီယိုနယ္ဇူးမား”ဆုိၿပီး ပရိသတ္တစ္ေယာက္က ဇူးမားကို မက္ဆီနဲ႔ ႏိႈင္းယွဥ္ခ်ီးက်ဴးခဲ့ပါတယ္။ ”အုိး…ဇူးမား…လမ္းပတ္ေတာင္ မရယ္ဘဲမေနႏိုင္ေအာင္လုပ္ႏိုင္ခဲ့သူပဲ။ အသင္းက ယုံၾကည္မႈလုိအပ္ေနခ်ိန္မွာ ခ်ိန္သားကိုက္ေပးႏိုင္ခဲ့တာပါ”။ ဒီလိုမ်ိဳး ေဘာလုံးနဲ႔အတူ ၿပိဳင္ဘက္ေတြကို တစ္ခါတည္းေက်ာ္ျဖတ္ႏိုင္တာ ေတာ္႐ုံတုိက္စစ္မွဴးေတြေတာင္ လုပ္ႏိုင္တာမဟုတ္ဘူး”လို႔ ပရိသတ္ေတြက အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။
တကယ္လည္း ဇူးမားဟာ အဲဒီပြဲမွာ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈ ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ၿပီး အဲဒီအထဲက ၄ႀကိမ္ဟာ ကြင္းတစ္၀က္ေလာက္ကေန ဆဲြေျပးတုန္းက ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တ့ဲအေရအတြက္ျဖစ္ပါတယ္။