ဂိုမက်စ်ဒဏ်ရာနဲ့ပတ်သက်လို့ စိတ်ခံစားချက်ကြောင့် ဇဗက်ဒါနဲ့ပွဲကိုလွဲနိုင်တဲ့ဆွန်ဟောင်မင်

photo-gettyimages

photo-gettyimages

ဆားဘီယားကလပ်ဇဗက်ဒါနဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မတိုင်ခင်မှာ စပါးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမားဆွန်ဟောင်မင်ရဲ့စိတ်အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေပါတယ်။ စပါးဟာ အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဒီကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ် ဆက်လက်ကစားရတာပါ။ အဲဗာတန်နဲ့ပွဲတုန်းကတော့ ဆွန်ဟောင်မင်ဟာ ပြိုင်ဘက်ကွင်းလယ်လူအန်ဒရီဂိုမက်စ်ကို ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ထွက်ခဲ့ရပြီး ဂိုမက်စ်ဟာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကာ ခြေချင်းဝတ်ကွဲအက်ပြီး လွဲသွားခဲ့ပါတယ်။

photo-reuters

ဂိုမက်စ်ရဲ့ဒဏ်ရာကိုကြည့်ပြီး အဲဒီတောင်ကိုရီးယားကြယ်ပွင့်ဟာ အကြီးအကျယ်တုန်လှုပ်သွားခဲ့ကာ ကွင်းထဲမှာတင် ငိုကြွေးခဲ့ပါတယ်။ ဒါကြောင့် စပါးအနေနဲ့ ဇဗက်ဒါနဲ့ပွဲအတွက် ပုံမှန်စိတ်အခြေအနေမှာ ဆွန်ဟောင်မင်ရှိနေသလားဆိုတဲ့အပေါ် သံသယဝင်နေပြီး ဆားဘီးယားကိုမထွက်ခွာခင် နောက်ဆုံးစစ်ဆေးမှုတွေ ပြုလုပ်သွားပါ။ လောလောဆယ်တော့ စပါးဟာ အဲဗာတန်နဲ့ပွဲက ဆွန်ဟောင်မင်ရဲ့အနီကတ်အတွက် အယူခံဝင်ထားပါတယ်။ ဒိုင်လူကြီးအက်ကင်ဆန်ကလည်း မူလတုန်းက ဆွန်ဟောင်မင်ကို အဝါကတ်ပြဖို့သာ လုပ်ခဲ့တာပါ။

photo-gettyimages

အဲဒီပွဲအပြီးမှာလည်း ဆွန်ဟောင်မင်ရဲ့အသင်းဖော်ဖြစ်တဲ့အယ်လီက”သူအတော်လေးစိတ်ထိခိုက်သွားပြီး ငိုလည်း ငိုခဲ့ပါတယ်။ အဲဒါက သူ့အပြစ်မဟုတ်ပါဘူး။ ဆွန်ဟာ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူတွေထဲက တစ်ယောက်ပါ။ ခေါင်းတောင်မဖော်နိုင်လောက်အောင် သူအရမ်းကိုငိုကြွေးခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းခေါင်းဆောင်ကိုးလ်မန်းဟာလည်း ဂွတ်ဒီဆင်ပါ့ခ်က ဧည့်သည်အသင်းအဝတ်အစားလဲခန်းထဲကိုလာပြီး ဆွန်ဟောင်မင်ကို နှစ်သိမ့်မှုပေးခဲ့ပါတယ်။

[Zawgyi]

ဂိုမက္စ္ဒဏ္ရာနဲ႔ပတ္သက္လို႔ စိတ္ခံစားခ်က္ေၾကာင့္ ဇဗက္ဒါနဲ႔ပြဲကိုလြဲႏိုင္တဲ့ဆြန္ေဟာင္မင္

ဆားဘီယားကလပ္ဇဗက္ဒါနဲ႔ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မတိုင္ခင္မွာ စပါးအသင္းဟာ ေတာင္ပံတိုက္စစ္ကစားသမားဆြန္ေဟာင္မင္ရဲ႕စိတ္အေျခအေနနဲ႔ပတ္သက္လို႔ စုိးရိမ္ပူပန္ေနပါတယ္။ စပါးဟာ အဲဗာတန္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္အၿပီး ဒီၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္ ဆက္လက္ကစားရတာပါ။ အဲဗာတန္နဲ႔ပြဲတုန္းကေတာ့ ဆြန္ေဟာင္မင္ဟာ ၿပိဳင္ဘက္ကြင္းလယ္လူအန္ဒရီဂိုမက္စ္ကို ဖ်က္ထုတ္မႈေၾကာင့္ အနီကတ္နဲ႔ထြက္ခဲ့ရၿပီး ဂိုမက္စ္ဟာလည္း ဒဏ္ရာျပင္းျပငး္ထန္ထန္ရသြားကာ ေျခခ်င္း၀တ္ကြဲအက္ၿပီး လြဲသြားခဲ့ပါတယ္။

ဂိုမက္စ္ရဲ႕ဒဏ္ရာကိုၾကည့္ၿပီး အဲဒီေတာင္ကိုရီးယားၾကယ္ပြင့္ဟာ အႀကီးအက်ယ္တုန္လႈပ္သြားခဲ့ကာ ကြင္းထဲမွာတင္ ငိုေၾကြးခဲ့ပါတယ္။ ဒါေၾကာင့္ စပါးအေနနဲ႔ ဇဗက္ဒါနဲ႔ပြဲအတြက္ ပုံမွန္စိတ္အေျခအေနမွာ ဆြန္ေဟာင္မင္ရွိေနသလားဆိုတဲ့အေပၚ သံသယ၀င္ေနၿပီး ဆားဘီးယားကိုမထြက္ခြာခင္ ေနာက္ဆုံးစစ္ေဆးမႈေတြ ျပဳလုပ္သြားပါ။ ေလာေလာဆယ္ေတာ့ စပါးဟာ အဲဗာတန္နဲ႔ပြဲက ဆြန္ေဟာင္မင္ရဲ႕အနီကတ္အတြက္ အယူခံ၀င္ထားပါတယ္။ ဒိုင္လူႀကီးအက္ကင္ဆန္ကလည္း မူလတုန္းက ဆြန္ေဟာင္မင္ကို အ၀ါကတ္ျပဖို႔သာ လုပ္ခဲ့တာပါ။

အဲဒီပြဲအၿပီးမွာလည္း ဆြန္ေဟာင္မင္ရဲ႕အသင္းေဖာ္ျဖစ္တဲ့အယ္လီက”သူအေတာ္ေလးစိတ္ထိခိုက္သြားၿပီး ငုိလည္း ငိုခဲ့ပါတယ္။ အဲဒါက သူ႔အျပစ္မဟုတ္ပါဘူး။ ဆြန္ဟာ ေတြ႕ဖူးသမွ်ထဲမွာ အေကာင္းဆုံးလူေတြထဲက တစ္ေယာက္ပါ။ ေခါင္းေတာင္မေဖာ္ႏိုင္ေလာက္ေအာင္ သူအရမ္းကိုငိုေၾကြးခဲ့တာပါ”လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ အဲဗာတန္အသင္းေခါင္းေဆာင္ကိုးလ္မန္းဟာလည္း ဂြတ္ဒီဆင္ပါ့ခ္က ဧည့္သည္အသင္းအ၀တ္အစားလဲခန္းထဲကိုလာၿပီး ဆြန္ေဟာင္မင္ကို ႏွစ္သိမ့္မႈေပးခဲ့ပါတယ္။