ဂျာမန်မြေမှာ မော်ရင်ညိုကိုတွေ့ချင်မိတယ်လို့ ဆိုလိုက်တဲ့ ရှဝိန်းစတိုင်ဂါ

Photo Credit

Photo Credit

ပေါ်တူဂီသားနည်းပြမော်ရင်ညိုကိုင်တွယ်တဲ့ ယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါက မော်ရင်ညိုသာ ဂျာမန်မြေက ဘိုင်ယန်မြူးနစ်အသင်းကို မန်နေဂျာအဖြစ်နဲ့ ရောက်ရှိလာခဲ့မယ်ဆိုရင် ကြိုဆိုနေမှာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

Photo Credit

ဘွန်ဒက်စ်လီဂါချန်ပီယံအသင်းဟာ တနင်္ဂနွေနေ့ကနည်းပြနီကိုကိုဗက်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ စနေနေ့က ဖရန့်ဖတ်အသင်းကို ၅-၁ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါပွဲစဉ်ကနည်းပြကိုဗက်ရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်သွားခဲ့ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မိုချန်ဂလာဘတ်အသင်းနဲ့ ယခုဆို ၄ မှတ်တောင် ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် နာမည်ကြီးနည်းပြများစွာကိုချိတ်ဆက်နေပြီး အဲဒီနည်းပြတွေထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာကတည်းက ယူနိုက်တက်အသင်းကထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုလည်းတစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

Photo Credit

ရှဝိန်းစတိုင်ဂါဟာ ၂၀၁၆-၁၇ ရာသီက မော်ရင်ညိုကိုင်တွယ်တဲ့ ယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးပြီး အသက် ၅၆ နှစ်အရွယ် မော်ရင်ညိုဟာ ယူနိုက်တက်အသင်းမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအကြောင်းကို ပုံမှန်ပြောဆိုပြီး အားလပ်ချိန်မှာဂျာမန်ဘာသာစကားလေ့လာလေ့ရှိတယ်လို့ ပြောပါတယ်။

Photo Credit

မြူးနစ်အသင်းကို မော်ရင်ညို ရောက်ရှိနိုင်သလားလို့ မေးမြန်းရာမှာတော့ ဘိုင်ယန်ဂန္ထဝင် စတိုင်ဂါက “ဂျာမန်မြေမှာ မော်ရင်ညိုကို မြင်တွေ့ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဝေးကွင်းပြိုင်ပွဲတွေမှာ ဘွန်ဒက်စ်လီဂါတီဗီမှာလာတဲ့ ဘိုင်ယန်မြူးနစ်အသင်းအကြောင်း သူအမြဲတမ်းကျွန်တော့်ကိုမေးလေ့ရှိပါတယ်”

Photo Credit

”ဂျာမန်ကလပ်ကအသင်းသေးလေးတွေရဲ့ ကစားသမားတစ်ယောက်ချင်းစီကအစသူသိပါတယ်။ နောက်ပြီးဂျာမန်စကားကိုလည်း လေ့လာပါသေးတယ်။ သူဂျာမန်မြေမှာမန်နေဂျာမလုပ်ဖူးသေးပါဘူး၊ ဒါကြောင့် မော်ရင်ညိုကိုဘိုင်ယန်မှာတွေ့ချင်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

ဂ်ာမန္ေျမမွာ ေမာ္ရင္ညိဳကိုေတြ႕ခ်င္မိတယ္လို႔ ဆိုလိုက္တဲ့ ရွ၀ိန္းစတိုင္ဂါ

ေပၚတူဂီသားနည္းျပေမာ္ရင္ညိဳကိုင္တြယ္တဲ့ ယူႏိုက္တက္အသင္းမွာ ကစားခဲ့ဖူးတဲ့ ကြင္းလယ္လူေဟာင္း ရွ၀ိန္းစတိုင္ဂါက ေမာ္ရင္ညိဳသာ ဂ်ာမန္ေျမက ဘိုင္ယန္ျမဴးနစ္အသင္းကို မန္ေနဂ်ာအျဖစ္နဲ႔ ေရာက္ရွိလာခဲ့မယ္ဆိုရင္ ၾကိဳဆုိေနမွာ ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။
ဘြန္ဒက္စ္လီဂါခ်န္ပီယံအသင္းဟာ တနဂၤေႏြေန႔ကနည္းျပနီကိုကိုဗက္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ ရွာေဖြေနတာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ စေနေန႔က ဖရန္႔ဖတ္အသင္းကို ၅-၁ နဲ႔ အရွက္ရဖြယ္ ႐ံႈးနိမ့္ခဲ့ၿပီးေနာက္ အဆိုပါပြဲစဥ္ကနည္းျပကိုဗက္ရဲ႕ ေနာက္ဆံုးပြဲစဥ္ ျဖစ္သြားခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းဟာ အမွတ္ေပးဇယားထိပ္ဆံုးမွာ ဦးေဆာင္ေနတဲ့ မိုခ်န္ဂလာဘတ္အသင္းနဲ႔ ယခုဆို ၄ မွတ္ေတာင္ ကြာဟသြားခဲ့ၿပီ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ လစ္လပ္သြားတဲ့ နညး္ျပရာထူးအတြက္ နာမည္ၾကီးနည္းျပမ်ားစြာကိုခ်ိတ္ဆက္ေနၿပီး အဲဒီနည္းျပေတြထဲမွာ ၿပီးခဲ့တဲ့ဒီဇင္ဘာကတည္းက ယူႏိုက္တက္အသင္းကထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ဟိုလည္းတစ္ေယာက္အပါအဝင္ ျဖစ္ပါတယ္။
ရွ၀ိန္းစတိုင္ဂါဟာ ၂၀၁၆-၁၇ ရာသီက ေမာ္ရင္ညိဳကိုင္တြယ္တဲ့ ယူႏိုက္တက္အသင္းမွာ ကစားခဲ့ဖူးၿပီး အသက္ ၅၆ ႏွစ္အရြယ္ ေမာ္ရင္ညိဳဟာ ယူႏိုက္တက္အသင္းမွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းအေၾကာင္းကို ပံုမွန္ေျပာဆိုၿပီး အားလပ္ခ်ိန္မွာဂ်ာမန္ဘာသာစကားေလ့လာေလ့ရွိတယ္လို႔ ေျပာပါတယ္။
ျမဴးနစ္အသင္းကို ေမာ္ရင္ညိဳ ေရာက္ရွိႏိုင္သလားလို႔ ေမးျမန္းရာမွာေတာ့ ဘိုင္ယန္ဂႏၳ၀င္ စတိုင္ဂါက “ဂ်ာမန္ေျမမွာ ေမာ္ရင္ညိဳကို ျမင္ေတြ႕ခ်င္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ အေဝးကြင္းၿပိဳင္ပြဲေတြမွာ ဘြန္ဒက္စ္လီဂါတီဗီမွာလာတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းအေၾကာင္း သူအၿမဲတမ္းကၽြန္ေတာ့္ကိုေမးေလ့ရွိပါတယ္”
”ဂ်ာမန္ကလပ္ကအသင္းေသးေလးေတြရဲ႕ ကစားသမားတစ္ေယာက္ခ်င္းစီကအစသူသိပါတယ္။ ေနာက္ၿပီးဂ်ာမန္စကားကိုလည္း ေလ့လာပါေသးတယ္။ သူဂ်ာမန္ေျမမွာမန္ေနဂ်ာမလုပ္ဖူးေသးပါဘူး၊ ဒါေၾကာင့္ ေမာ္ရင္ညိဳကိုဘိုင္ယန္မွာေတြ႕ခ်င္မိပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။