၀က်ဖို့ဒ်နဲ့ပွဲမှာ Pass Of The Season ပဏာမစာရင်းပေးပို့မှုနဲ့ အဖွင့်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဂျော်ဂျင်ညို

Photo Credit

Photo Credit

ချဲလ်ဆီးအသင်းကွင်းလယ်လူ ဂျော်ဂျင်ညိုဟာ ၂၀၁၈ နွေရာသီက နာပိုလီအသင်းကနေ ရောက်ရှိလာခဲ့ပြီးနောက် ဆာရီရဲ့မွေးစားသားလို့တောင် တချို့ပရိသတ်တွေက အမည်ပေးခဲ့ဖူးပြီး အထူးသဖြင့် ပရိသတ်အချစ်တော် ကန်တီရဲ့ဖေးဘရိတ်နေရာဖြစ်တဲ့ ကွင်းလယ်ဗဟိုနေရာမှာ ဂျော်ဂျင်ညိုက ပုံမှန်ပါဝင်ခွင့်ရခဲ့တာကြောင့်ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်နည်းပြအဖြစ် ဆာရီ အသင်းပြောင်းရွှေ့သွားခဲ့ပြီးနောက် ဂျော်ဂျင်ညိုလည်း ဆာရီရဲ့နေရာမှာ ဆက်ခံခဲ့တဲ့နည်းပြလမ်းပတ်လက်ထက် အရေးပါတဲ့ကွင်းလယ်လူအဖြစ် ဆက်လက်ခြေစွမ်းပြနေပါတယ်။


အခုလည်း ဂျော်ဂျင်ညိုဟာ စနေညက ဝက်ဖို့ဒ်ကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူ့တန်ဖိုးကို ဆက်လက်ပြသခဲ့ပြီး တိုက်စစ်မှူး အေဘရာဟမ် ဂိုးသမားနဲ့တစ်ယောက်ချင်း အသာကန်သွင်းခွင့်ရရှိအောင် ကွင်းလယ်သာသာလောက်ကနေ အကောင်းဆုံးဂိုးဖန်တီးပေးခဲ့ပါတယ်။

https://twitter.com/t0landx/status/1190685812742078464

Video Credit

ပွဲအစ ၅မိနစ်မှာပဲ ဂျော်ဂျင်ညိုက Pass Of The Season ဆန်ခါတင်စာရင်းဝင်နိုင်လောက်တဲ့ပေးပို့မှုနဲ့အတူ အေဘရာဟမ်ဆီ ကွက်တိပေးပို့ခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အေဘရာဟမ်ကလည်း ရှေ့တက်လာတဲ့ဖော်စတာကို အသာလေးကျော်ကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီပွဲကို ပူးတွဲအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ အလန်စမစ်က အီတလီလက်ရွေးစင် ဂျော်ဂျင်ညိုရဲ့ပေးပို့မှုကို Pass Of The Season အဖြစ် တင်စားခေါ်ဝေါ်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့ အင်္ဂလန်ဂန္ထဝင် လိုင်နီကာတို့ကလည်း အသက် ၂၇နှစ်အရွယ်ရှိ ဂျော်ဂျင်ညိုရဲ့အရည်အချင်းကို ချီးကျူးခဲ့ကြပါတယ်။

Photo Credit

ဂျော်ဂျင်ညိုဟာ ၂၀၁၈ နွေရာသီက နာပိုလီကနေ ပေါင်သန်း ၅၀နဲ့ ရောက်ရှိလာခဲ့ပြီးနောက် သူ့ရဲ့ပထမဆုံးအင်္ဂလိပ်ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယမြောက်ရာသီမှာတော့ ပုံမှန်ခြေစွမ်းပြသနေပြီး ကိုယ်တိုင်ဂိုးသွင်းယူနေသလို အသင်းဖော်တွေအတွက်လည်း ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းကလည်း အရေးပါတဲ့နိုင်ပွဲအဖြစ် အဝေးကွင်းမှာ ဝက်ဖို့ဒ်ကို ၁-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး အေဘရာဟမ်က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ပူလီဆစ်က ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ဒယ်လိုဖူက ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

Photo Credit

Zawgyi

၀က္ဖို႔ဒ္နဲ႔ပဲြမွာ Pass Of The Season ပဏာမစာရင္းေပးပုိ႔မႈနဲ႔ အဖြင့္ဂိုးဖန္တီးေပးႏုိင္ခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳ

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳဟာ ၂၀၁၈ ေႏြရာသီက နာပိုလီအသင္းကေန ေရာက္ရွိလာခဲ့ၿပီးေနာက္ ဆာရီရဲ႕ေမြးစားသားလုိ႔ေတာင္ တခ်ိဳ႕ပရိသတ္ေတြက အမည္ေပးခဲ့ဖူးၿပီး အထူးသျဖင့္ ပရိသတ္အခ်စ္ေတာ္ ကန္တီရဲ႕ေဖးဘရိတ္ေနရာျဖစ္တ့ဲ ကြင္းလယ္ဗဟိုေနရာမွာ ေဂ်ာ္ဂ်င္ညိဳက ပုံမွန္ပါ၀င္ခြင့္ရခဲ့တာေၾကာင့္ျဖစ္ပါတယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္နည္းျပအျဖစ္ ဆာရီ အသင္းေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ ေဂ်ာ္ဂ်င္ညိဳလည္း ဆာရီရဲ႕ေနရာမွာ ဆက္ခံခဲ့တဲ့နည္းျပလမ္းပတ္လက္ထက္ အေရးပါတဲ့ကြင္းလယ္လူအျဖစ္ ဆက္လက္ေျခစြမ္းျပေနပါတယ္။
အခုလည္း ေဂ်ာ္ဂ်င္ညိဳဟာ စေနညက ၀က္ဖုိ႔ဒ္ကို ၁-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ သူ႕တန္ဖိုးကို ဆက္လက္ျပသခဲ့ၿပီး တုိက္စစ္မွဴး ေအဘရာဟမ္ ဂိုးသမားနဲ႔တစ္ေယာက္ခ်င္း အသာကန္သြင္းခြင့္ရရွိေအာင္ ကြင္းလယ္သာသာေလာက္ကေန အေကာင္းဆုံးဂိုးဖန္တီးေပးခဲ့ပါတယ္။
ပြဲအစ ၅မိနစ္မွာပဲ ေဂ်ာ္ဂ်င္ညိဳက Pass Of The Season ဆန္ခါတင္စာရင္း၀င္ႏိုင္ေလာက္တဲ့ေပးပို႔မႈနဲ႔အတူ ေအဘရာဟမ္ဆီ ကြက္တိေပးပို႔ခဲ့တာျဖစ္ၿပီး အဂၤလန္လက္ေရြးစင္ ေအဘရာဟမ္ကလည္း ေရွ႕တက္လာတ့ဲေဖာ္စတာကို အသာေလးေက်ာ္ကာ ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီပဲြကုိ ပူးတြဲအစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္ရြက္ခဲ့တဲ့ အလန္စမစ္က အီတလီလက္ေရြးစင္ ေဂ်ာ္ဂ်င္ညိဳရဲ႕ေပးပို႔မႈကို Pass Of The Season အျဖစ္ တင္စားေခၚေ၀ၚခဲ့ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ အဂၤလန္ဂႏၳ၀င္ လိုင္နီကာတုိ႔ကလည္း အသက္ ၂၇ႏွစ္အရြယ္ရွိ ေဂ်ာ္ဂ်င္ညိဳရဲ႕အရည္အခ်င္းကို ခ်ီးက်ဴးခဲ့ၾကပါတယ္။
ေဂ်ာ္ဂ်င္ညိဳဟာ ၂၀၁၈ ေႏြရာသီက နာပိုလီကေန ေပါင္သန္း ၅၀နဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ သူ႕ရဲ႕ပထမဆုံးအဂၤလိပ္ေဘာလုံးရာသီမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ဒုတိယေျမာက္ရာသီမွာေတာ့ ပုံမွန္ေျခစြမ္းျပသေနၿပီး ကုိယ္တုိင္ဂိုးသြင္းယူေနသလုိ အသင္းေဖာ္ေတြအတြက္လည္း ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးေနပါတယ္။
ခ်ဲလ္ဆီးအသင္းကလည္း အေရးပါတဲ့ႏိုင္ပဲြအျဖစ္ အေ၀းကြင္းမွာ ၀က္ဖို႔ဒ္ကို ၁-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ေအဘရာဟမ္က ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဒုတိယပိုင္းမွာ ပူလီဆစ္က ဒုတိယေျမာက္ဦးေဆာင္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အိမ္ရွင္အသင္းအတြက္ တစ္လုံးတည္းေသာေခ်ပဂိုးကိုေတာ့ ဒယ္လိုဖူက ပင္နယ္တီကေန သြင္းယူခဲ့ပါတယ္။