ဂွါဒီယိုလာကို ကက်တာလန်သမ္မတသစ်အဖြစ် အာသာမက်စ်နဲ့လက်ရှိသမ္မတကားလ်ပတ်ဒီမွန့်တို့ထောက်ခံ

PC ; Internet

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ကက်တာလန်ဒေသရဲ့သမ္မတဖြစ်လာဖို့ ရေပန်းစားနေတယ်လို့ စပိန်မီဒီယာတွေက ဖေါ်ပြနေကြပါတယ်။သမ္မတဟောင်းဖြစ်သူ အာသာမက်စ်နဲ့လက်ရှိသမ္မတကားလ်ပတ်ဒီမွန့်တို့က လာမယ့်ရွေးကောက်ပွဲမှာ ဂွါဒီယိုလာကိုအနိုင်ရစေချင်နေတယ်လို့ စပိန်သတင်းစာ El Confidencial က ရေးသားဖေါ်ပြလိုက်တာပါ။ဒါ့အပြင် ဒေသခံကျော်ကြားသူစွန့်ဦးစီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ကက်တာလန်ရဲ့ခေါင်းဆောင်သစ်အဖြစ် ဂွါဒီယိုလာကိုထောက်ခံနေကြပါတယ်။

PC ; Internet

အသက် ၄၈နှစ်အရွယ် ဂွါဒီယိုလာဟာ စပိန်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကက်တာလန်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့သူပါ။မန်စီးတီးနည်းပြကိုယ်တိုင်ကနိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ပြီး မနှစ်တုန်းကဆိုရင် စပိန်မှာ ထောင်သွင်းအကျဉ်းချခံထားရတဲ့ ကက်တာလန်ဒေသခွဲထွက်ရေးဖိုက်တာတွေကိုထောက်ခံကြောင်း အဝါရောင်ဖဲကြိုးဝတ်ဆင်ပြီး ထောက်ခံခဲ့သူပါ။အဲဒီလို နိုင်ငံရေးဝါဒတွေကို ဘောလုံးလောကအတွင်း ရည်ရွယ်ချက်ရှိရှိဖေါ်ပြမှုကြောင့် သူဟာ အက်ဖ်အေရဲ့ ပေါင် ၂၀၀၀၀ ဒဏ်ငွေရိုက်တာကိုခံခဲ့ရပါတယ်။

PC ; Internet

ဒါပေမဲ့ အာသာမက်စ်နဲ့ကားလ်ပတ်ဒီမွန့်တို့ကတော့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ မဝေးတဲ့အနာဂတ်မှာ နိုင်ငံရေးလောကထဲဝင်ဆံ့လာနိုင်မယ်လို့ ယုံကြည်ထောက်ခံနေကြပါတယ်။စပိန်နာမည်ကြီးသတင်းစာ Marca ကလည်း ဂွါဒီယိုလာဟာ မန်စီးတီးအတွက် သူ့ရဲ့အကောင်းဆုံးတွေကိုပေးဆပ်ချင်နေပေမယ့် ကက်တာလန်ရွေးကောက်ပွဲနီးကပ်လာရင် အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ အတည်ပြုရေးသားလိုက်ပါတယ်။

PC ; Internet

မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံသရဖူကာကွယ်ဖို့ လီဗာပူးနဲ့အကြိတ်အနယ်ယှဉ်ပြိုင်နေရသလို ချန်ပီယံလိဂ်ဖလားကိုလည်း ပစ်မှတ်ထားတာကြောင့် ဂွါဒီယိုလာအနေနဲ့ လာမယ့်နွေရာသီမတိုင်ခင် ဇာတိမြေကိုပြန်ဖို့တော့ အတော်လေးခက်နေပါတယ်။

PC ; Internet

အာသာမက်စ်နဲ့ကားလ်ပတ်ဒီမွန့်တို့ရဲ့စိတ်ကူးကို သူ့အနေနဲ့အကောင်အထည်ဖေါ်မယ်ဆိုရင်တော့ ကက်တာလန်ရွေးကောက်ပွဲမှာ ပီရီအာရာဂိုးနက်စ်ဆိုတဲ့ ဟဲဗီးဝိတ်ပြိုင်ဘက်နဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။

(zawgyi)

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ ကက္တာလန္ေဒသရဲ႕သမၼတျဖစ္လာဖို႔ ေရပန္းစားေနတယ္လို႔ စပိန္မီဒီယာေတြက ေဖၚျပေနၾကပါတယ္။သမၼတေဟာင္းျဖစ္သူ အာသာမက္စ္နဲ႔လက္ရွိသမၼတကားလ္ပတ္္ဒီမြန္႔တို႔က လာမယ့္ေရြးေကာက္ပြဲမွာ ဂြါဒီယိုလာကိုအႏိုင္ရေစခ်င္ေနတယ္လို႔ စပိန္သတင္းစာ El Confidencial က ေရးသားေဖၚျပလိုက္တာပါ။ဒါ့အျပင္ ေဒသခံေက်ာ္ၾကားသူစြန္႔ဦးစီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ကလည္း ကက္တာလန္ရဲ႕ေခါင္းေဆာင္သစ္အျဖစ္ ဂြါဒီယိုလာကိုေထာက္ခံေနၾကပါတယ္။အသက္ ၄၈ႏွစ္အရြယ္ ဂြါဒီယိုလာဟာ စပိန္ရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကက္တာလန္ေဒသမွာ ေမြးဖြားႀကီးျပင္းခဲ့သူပါ။မန္စီးတီးနည္းျပကိုယ္တိုင္ကႏိုင္ငံေရးတက္ၾကြသူတစ္ဦးျဖစ္ၿပီး မႏွစ္တုန္းကဆိုရင္ စပိန္မွာ ေထာင္သြင္းအက်ဥ္းခ်ခံထားရတဲ့ ကက္တာလန္ေဒသခြဲထြက္ေရးဖိုက္တာေတြကိုေထာက္ခံေၾကာင္း အ၀ါေရာင္ဖဲႀကိဳး၀တ္ဆင္ၿပီး ေထာက္ခံခဲ့သူပါ။အဲဒီလို ႏိုင္ငံေရး၀ါဒေတြကို ေဘာလံုးေလာကအတြင္း ရည္ရြယ္ခ်က္ရွိရွိေဖၚျပမႈေၾကာင့္ သူဟာ အက္ဖ္ေအရဲ႕ ေပါင္ ၂၀၀၀၀ ဒဏ္ေငြရိုက္တာကိုခံခဲ့ရပါတယ္။ဒါေပမဲ့ အာသာမက္စ္နဲ႔ကားလ္ပတ္္ဒီမြန္႔္တို႔ကေတာ့ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္းဟာ မေ၀းတဲ့အနာဂတ္မွာ ႏိုင္ငံေရးေလာကထဲ၀င္ဆံ့လာႏိုင္မယ္လို႔ ယံုၾကည္ေထာက္ခံေနၾကပါတယ္။စပိန္နာမည္ႀကီးသတင္းစာ Marca ကလည္း ဂြါဒီယိုလာဟာ မန္စီးတီးအတြက္ သူ႔ရဲ႕အေကာင္းဆံုးေတြကိုေပးဆပ္ခ်င္ေနေပမယ့္ ကက္တာလန္ေရြးေကာက္ပြဲနီးကပ္လာရင္ အေျပာင္းအလဲျဖစ္လာႏိုင္တယ္လို႔ အတည္ျပဳေရးသားလိုက္ပါတယ္။မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံသရဖူကာကြယ္ဖို႔ လီဗာပူးနဲ႔အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနရသလို ခ်န္ပီယံလိဂ္ဖလားကိုလည္း ပစ္မွတ္ထားတာေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ လာမယ့္ေႏြရာသီမတိုင္ခင္ ဇာတိေျမကိုျပန္ဖို႔ေတာ့ အေတာ္ေလးခက္ေနပါတယ္။အာသာမက္စ္နဲ႔ကားလ္ပတ္္ဒီမြန္႔္တို႔ရဲ႕စိတ္ကူးကို သူ႔အေနနဲ႔အေကာင္အထည္ေဖၚမယ္ဆိုရင္ေတာ့ ကက္တာလန္ေရြးေကာက္ပြဲမွာ ပီရီအာရာဂိုးနက္စ္ဆိုတဲ့ ဟဲဗီး၀ိတ္ၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရဖို႔ရွိေနပါတယ္။