Ballon d’Or ဆုအတွက် ပဏာမစာရင်း ၃၀ ဦးထွက်ပေါ်လာ

Photo- Internet
Photo- Internet

Ballon d’Or ဆုအတွက် ပဏာမအယောက် ၃၀ စာရင်းကို မနေ့ညကထုတ်ပြန်လိုက်ရာမှာ လက်ရှိဆုရှင်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီစာရင်းမှာ လီဗာပူးကစားသမာ ၇ ဦးအထိပါဝင်လာပြီး ကလပ်ကိုယ်စားပြုမှုမှာ အများဆုံးဖြစ်ခဲ့ပါတယ်။(ပဏာမစာရင်းကို ပုံဖြင့် သီးသန့်ဖော်ပြပေးထားပါတယ်)

အခုထုတ်ပြန်မှုမှာ စီရော်နယ်ဒို၊ ဆာလာ၊ မက်ဆီ၊ ဗန်ဒစ်ချ်နဲ့ မာနေးတို့လည်း ပါဝင်လာကြပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ဒီနှစ်အတွက် ဆုရမယ်ဆိုရင်  Ballon d’Or ဆုကို ၆ ကြိမ်မြောက်စီရရှိမှုလည်း ဖြစ်လာမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်း ကစားသမားတွေထဲက တစ်ဦးရဖို့ ရေပန်းပိုစားနေပါတယ်။

Photo- Internet

လက်ရှိပါဝင်လာသူတွေထဲမှာ စပါးဂိုးသမား လိုရစ်ပါလာမှုကို အံအားသင့်မှုတွေလည်းရှိနေကြပါတယ်။ စပါးဟာပြီးခဲ့တဲ့ ရာသီကချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတက်ခဲ့ပေမယ့် လိုရစ်ရဲ့လက်စွမ်းကတော့ မေးခွန်းထုတ်စရာတွေရှိခဲ့တာပါ။ ဒါပေမယ့် တိုက်စစ်မှူ း ဟယ်ရီကိန်းကျန်ရစ်ခဲ့ပြီး ဆွန်ဟောင်မင်သာ ပါလာလို့ စပါးဟာ ကစားသမား ၂ ဦးသာကိုယ်စားပြုနိုင်ခဲ့ပါတယ်။

Photo- Internet

အခုစာရင်းထွက်ေ်ပါ်လာခဲ့ပြီးနောက် ဆုရဖို့ရေပန်းအစားဆုံးသူက လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ်ဖြစ်တယ်လို့ ဘွတ်ကီတွေရဲ့ဖွင့်လှစ်မှုအရ သိရပါတယ်။ သူ့နောက်မှာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့က ဒုတိယနဲ့ တတိယရေပန်းအစားဆုံး တွေအဖြစ်ရပ်တည်နေကြပါတယ်။

Photo- Internet

ဗန်ဒစ်ချ်ဟာ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပေမယ့် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့The Best ဆုပေးပွဲမှာတော့ ရေပန်းအစားဆုံးဖြစ်မှု ကနေဒုတိယသာရခဲ့ပြီး မက်ဆီကအကောင်းဆုံးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

Zawgyi

Ballon d’Or ဆုအတြက္ ပဏာမစာရင္း ၃၀ ဦးထြက္ေပၚလာ

Ballon d’Or ဆုအတြက္ ပဏာမအေယာက္ ၃၀ စာရင္းကို မေန႔ညကထုတ္ျပန္လိုက္ရာမွာ လက္ရွိဆုရွင္ျဖစ္တဲ႔ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ လူကာမိုဒရစ္က်န္ရစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီစာရင္းမွာ လီဗာပူးကစားသမာ ၇ ဦးအထိပါ၀င္လာၿပီး ကလပ္ကိုယ္စားျပဳမႈမွာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။(ပဏာမစာရင္းကို ပုံျဖင့္ သီးသန္႔ေဖာ္ျပေပးထားပါတယ္)

အခုထုတ္ျပန္မႈမွာ စီေရာ္နယ္ဒို၊ ဆာလာ၊ မက္ဆီ၊ ဗန္ဒစ္ခ်္နဲ႔ မာေနးတို႔လည္း ပါ၀င္လာၾကပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ဒီႏွစ္အတြက္ ဆုရမယ္ဆိုရင္  Ballon d’Or ဆုကို ၆ ႀကိမ္ေျမာက္စီရရွိမႈလည္း ျဖစ္လာမွာပါ။ ဒါေပမယ္႔ ၿပီးခဲ့တဲ႔ ရာသီတုန္းက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ႔ လီဗာပူးအသင္း ကစားသမားေတြထဲက တစ္ဦးရဖို႔ ေရပန္းပိုစားေနပါတယ္။

လက္ရွိပါ၀င္လာသူေတြထဲမွာ စပါးဂိုးသမား လိုရစ္ပါလာမႈကို အံအားသင့္မႈေတြလည္းရွိေနၾကပါတယ္။ စပါးဟာၿပီးခဲ့တဲ႔ ရာသီကခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲတက္ခဲ့ေပမယ္႔ လိုရစ္ရဲ႕လက္စြမ္းကေတာ႔ ေမးခြန္းထုတ္စရာေတြရွိခဲ့တာပါ။ ဒါေပမယ္႔ တိုက္စစ္မွဴ း ဟယ္ရီကိန္းက်န္ရစ္ခဲ့ၿပီး ဆြန္ေဟာင္မင္သာ ပါလာလို႔ စပါးဟာ ကစားသမား ၂ ဦးသာကိုယ္စားျပဳႏိုင္ခဲ့ပါတယ္။

အခုစာရင္းထြက္ေ္ပၚလာခဲ့ၿပီးေနာက္ ဆုရဖို႔ေရပန္းအစားဆုံးသူက လီဗာပူးေနာက္ခံလူ ဗန္ဒစ္ခ်္ျဖစ္တယ္လို႔ ဘြတ္ကီေတြရဲ႕ဖြင့္လွစ္မႈအရ သိရပါတယ္။ သူ႔ေနာက္မွာ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔က ဒုတိယနဲ႔ တတိယေရပန္းအစားဆုံး ေတြအျဖစ္ရပ္တည္ေနၾကပါတယ္။

ဗန္ဒစ္ခ်္ဟာ ယူအီးအက္ဖ္ေအရဲ႕တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ေပမယ္႔ စက္တင္ဘာလအတြင္းက ျပဳလုပ္ခဲ့တဲ႔ ဖီဖာရဲ႕The Best ဆုေပးပြဲမွာေတာ႔ ေရပန္းအစားဆုံးျဖစ္မႈ ကေနဒုတိယသာရခဲ့ၿပီး မက္ဆီကအေကာင္းဆုံးဆုကို ဆြတ္ခူးသြားႏိုင္ခဲ့တာျဖစ္ပါတယ္။