လှပတဲ့ အဝေးကန်ချက်တွေနဲ့ပဲ ဂိုးသွင်းတတ်တာ နိုင်ဂိုလန်ပါ…စပယ်နဲ့ပွဲမှာလည်း သူ့ရဲ့ Trademark Goal ကို ပြသသွားပြန်တဲ့ နိုင်ဂိုလန်

Photo Credit

Photo Credit

ရိုးမားနဲ့အင်တာမီလန်ကွင်းလယ်လူဟောင်း နိုင်ဂိုလန်ကို ပရိသတ်ကြီး မှတ်မိကြဦးမယ်ထင်ပါတယ်။ သူဟာ အသင်းဟောင်း ကက်ဂလီယာရီကို ပြန်လည်ပြောင်းရွှေ့သွားလို့ ခေါင်းကြီးပိုင်းသတင်းတွေမှာ သိပ်မတွေ့ရတော့ပေမယ့် သူကတော့ ကိုယ့်ရဲ့ Trademark ကို အပျောက်ပျက်မခံပါဘူး။

Photo Credit

အဲဒါကတော့ လှပတဲ့အဝေးကန်ချက်နဲ့အတူ ဂိုးသွင်းယူတာဖြစ်ပြီး တနင်္ဂနွေနေ့က စပယ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၉မိနစ်အရောက် သွင်းယူသွားတဲ့ သူ့ရဲ့ကန်သွင်းချက်က ကမ္ဘာ့အဆင့်မီဂိုးတစ်ဂိုးဖြစ်ခဲ့ပါဘူး။

Photo Credit

ပြစ်ဒဏ်ဘောကနေ ပြန်ထွက်လာတဲ့ဘောလုံးကို အသက် ၃၀အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်း နိုင်ဂိုလန်က ရင်ဘတ်နဲ့တစ်ချက်ထိန်းကာ ကိုက် ၃၀အကွာကနေ ခြေခုံနဲ့အုပ်ကန်ခဲ့တာဖြစ်ပြီး ဂိုးသမားရဲ့ညာဘက်ကနေ ထွက်သွားတော့မလိုဖြစ်ရင်း အပေါ်ထောင့်ထဲ ဝင်သွားတာဖြစ်ပါတယ်။

Video ; Credit

ဂိုးသမားလည်း အဝေးကကန်တာကို ဒိုင်ဗင်မပြစ်လိုက်ရတဲ့အထိ နိုင်ဂိုလန်ရဲ့ကန်ချက်က အားပါပြင်းထန်ခဲ့သလို အဓိကကတော့ ဝေ့ဝိုက်သွားတဲ့အချက်ဖြစ်ပါတယ်။ ဘောလုံးလမ်းကြောင်းက ပုံမှန်ရှုထောင့်ကနေ ရိုက်ထားတဲ့ကင်မရာမှာ သိပ်မသိသာပေမယ့် သူ့အနောက်ကနေ အနီးကပ်ရိုက်ပြတဲ့အခါကျမှ နိုင်ဂိုလန်ရဲ့ကန်ချက် ဘယ်လောက်ကောင်းမှန်း သိသာထင်ရှားစေခဲ့ပါတယ်။

Photo Credit

နိုင်ဂိုလန်ဟာ အင်တာမီလန်၊ ရိုးမားနဲ့ ဘယ်လ်ဂျီယံအသင်းတွေမှာကစားခဲ့စဉ်ကတည်းက ဒီလိုအဝေးကန်ချက်တွေနဲ့ ဂိုးသွင်းယူလေ့ရှိပေမယ့် ဒီဂိုးကတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အလှဆုံးဂိုးတစ်ဂိုးဖြစ်လာနိုင်ပါတယ်။ သူဟာ ၂၀၁၁ ကနေ ၂၀၁၄ အထိ ကက်ဂလီယာရီအသင်းမှာကစားခဲ့ပြီးနောက် ဒီရာသီမတိုင်ခင် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

Photo Credit

Zawgyi

လွပတဲ့ အေ၀းကန္ခ်က္ေတြနဲ႔ပဲ ဂိုးသြင္းတတ္တာ ႏိုင္ဂိုလန္ပါ…စပယ္နဲ႔ပဲြမွာလည္း သူ႕ရဲ႕ Trademark Goal ကို ျပသသြားျပန္တ့ဲ ႏိုင္ဂိုလန္

႐ိုးမားနဲ႔အင္တာမီလန္ကြင္းလယ္လူေဟာင္း ႏိုင္ဂိုလန္ကို ပရိသတ္ႀကီး မွတ္မိၾကဦးမယ္ထင္ပါတယ္။ သူဟာ အသင္းေဟာင္း ကက္ဂလီယာရီကို ျပန္လည္ေျပာင္းေရႊ႕သြားလုိ႔ ေခါင္းႀကီးပိုင္းသတင္းေတြမွာ သိပ္မေတြ႕ရေတာ့ေပမယ့္ သူကေတာ့ ကိုယ့္ရဲ႕ Trademark ကို အေပ်ာက္ပ်က္မခံပါဘူး။
အဲဒါကေတာ့ လွပတဲ့အေ၀းကန္ခ်က္နဲ႔အတူ ဂိုးသြင္းယူတာျဖစ္ၿပီး တနဂၤေႏြေန႔က စပယ္ကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ ၉မိနစ္အေရာက္ သြင္းယူသြားတ့ဲ သူ႕ရဲ႕ကန္သြင္းခ်က္က ကမၻာ့အဆင့္မီဂိုးတစ္ဂိုးျဖစ္ခဲ့ပါဘူး။
ျပစ္ဒဏ္ေဘာကေန ျပန္ထြက္လာတ့ဲေဘာလုံးကို အသက္ ၃၀အရြယ္ရွိ ဘယ္လ္ဂ်ီယံလက္ေရြးစင္ေဟာင္း ႏိုင္ဂိုလန္က ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းကာ ကုိက္ ၃၀အကြာကေန ေျခခုံနဲ႔အုပ္ကန္ခဲ့တာျဖစ္ၿပီး ဂိုးသမားရဲ႕ညာဘက္ကေန ထြက္သြားေတာ့မလိုျဖစ္ရင္း အေပၚေထာင့္ထဲ ၀င္သြားတာျဖစ္ပါတယ္။
ဂိုးသမားလည္း အေ၀းကကန္တာကို ဒုိင္ဗင္မျပစ္လုိက္ရတဲ့အထိ ႏိုင္ဂိုလန္ရဲ႕ကန္ခ်က္က အားပါျပင္းထန္ခဲ့သလို အဓိကကေတာ့ ေ၀့၀ုိက္သြားတဲ့အခ်က္ျဖစ္ပါတယ္။ ေဘာလုံးလမ္းေၾကာင္းက ပုံမွန္႐ႈေထာင့္ကေန ႐ိုက္ထားတဲ့ကင္မရာမွာ သိပ္မသိသာေပမယ့္ သူ႕အေနာက္ကေန အနီးကပ္႐ိုက္ျပတဲ့အခါက်မွ ႏိုင္ဂိုလန္ရဲ႕ကန္ခ်က္ ဘယ္ေလာက္ေကာင္းမွန္း သိသာထင္ရွားေစခဲ့ပါတယ္။
ႏိုင္ဂိုလန္ဟာ အင္တာမီလန္၊ ႐ိုးမားနဲ႔ ဘယ္လ္ဂ်ီယံအသင္းေတြမွာကစားခဲ့စဥ္ကတည္းက ဒီလုိအေ၀းကန္ခ်က္ေတြနဲ႔ ဂိုးသြင္းယူေလ့ရွိေပမယ့္ ဒီဂိုးကေတာ့ သူ႕ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ အလွဆုံးဂိုးတစ္ဂိုးျဖစ္လာႏိုင္ပါတယ္။ သူဟာ ၂၀၁၁ ကေန ၂၀၁၄ အထိ ကက္ဂလီယာရီအသင္းမွာကစားခဲ့ၿပီးေနာက္ ဒီရာသီမတုိင္ခင္ အသင္းကို ျပန္လည္ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။