ဂျာဂင်ကလော့ပ်ကို မော်ရင်ဟို ဘယ်လိုတုံ့ပြန်ခဲ့သလဲ

Photo-Internet
Photo-Internet

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုက မန်ယူကိုခံစစ်ဘဲ ကစားနေတယ်လို့ ပြောခဲ့တဲ့လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို တုံ့ပြန်လိုက်တယ်လို့ သိရပါတယ်။ ကလော့ပ်ဟာ လီဗာပူးကိုကိုင်တွယ်ခဲ့ပြီးနောက် မန်ယူကွင်းမှာ လုံးဝအနိုင်ရခဲ့ခြင်း မရှိသေးပါဘူး။

မနေ့ညကလည်း အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ၁-၁ သရေသာကစားနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာပထမဆုံးအကြိမ်အမှတ်ဆုံးရှုံးမှုနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီးကျေနပ်ရဲ့လားလို့ မေးမြန်းမှုကို ကလော့ပ်ဖြေကြားခဲ့မှုက မော်ရင်ဟိုကို လည်းထိခိုက်စေခဲ့ပါတယ်။

Photo-Internet

သူက”တစ်မှတ်ဘဲလေဗျာ။ အင်္ဂလန်ကိုကျွန်တော်ရောက်လာပြီးနောက်ပိုင်း မန်ယူရဲ့ကစားပုံကဒီအတိုင်းဘဲ။ အားလုံးကပွဲစဉ်တစ်ခုကိုတောင်တက်ရသလိုမျိုး ကြိုးစားကြပေမယ့် တစ်သင်းကတော့ ခံစစ်သာပြင်ဆင်ပြီး နောက်တစ်သင်းကသာ ကစားနေရတာပါ။ ကျွန်တော်တို့ မရှုံးခဲ့ဘူးလေ။ ဒါပေမယ့် တစ်မှတော့ရလိုက်ပါတယ်။ ရှေ့ဆက်သွားကြတာပေါ့” လို့ ပြောသွားတာဖြစ်ပါတယ်။

Photo-Internet

မန်ယူမှာ ၂၀၁၆ ကနေ ၂၀၁၈ အထိတာဝန်ယူခဲ့ဘူးတဲ့ မော်ရင်ဟိုက”အစားအသောက် စာရင်းကိုသူမကြိုက်ဘူးလေ။ သူကအသားဘဲ လိုခြင်ပေမယ့် ရလိုက်တာကငါးဖြစ်နေလို့ သူဘယ်ပျော်မလဲ။ မန်ယူဟာ အကန့်အသတ်တွေရှိနေလို့ မတူညီတဲ့ ပုံစံနဲ့ ကစားရတာပေါ့။ ဒါပေမယ့် သူတို့ဟာအမြဲတမ်း သိပ်သည်းကျစ်လစ်ခဲ့ပါတယ်” လို့ ပြောသွားပါတယ်။

Photo-Internet

လီဗာပူးဟာ ပွဲစဉ် ၈ ပြီးတဲ့အထိ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် အခုဆိုရင် ၆ မှတ်ဘဲကွာဟတော့တာပါ။ ဒါ့အပြင် လာမယ့်တစ်ပတ်မှာ စပါးနဲ့ယှဉ်ပြိုင်ရ ဦးမယ့်အပြင် နိုဝင်ဘာနိုင်ငံတကာပွဲတွေမတိုင်ခင်မှာလည်း မန်စီးတီးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Photo-Internet

Zawgyi

ဂ်ာဂင္ကေလာ႔ပ္ကို ေမာ္ရင္ဟို ဘယ္လိုတုံ႔ျပန္ခဲ့သလဲ

မန္ယူအသင္းနည္းျပေဟာင္း ေမာ္ရင္ဟိုက မန္ယူကိုခံစစ္ဘဲ ကစားေနတယ္လို႔ ေျပာခဲ့တဲ႔လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ႔ပ္ကို တုံ႔ျပန္လိုက္တယ္လို႔ သိရပါတယ္။ ကေလာ႔ပ္ဟာ လီဗာပူးကိုကိုင္တြယ္ခဲ့ၿပီးေနာက္ မန္ယူကြင္းမွာ လုံး၀အႏိုင္ရခဲ့ျခင္း မရွိေသးပါဘူး။

မေန႔ညကလည္း အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ၁-၁ သေရသာကစားႏိုင္ခဲ့ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာပထမဆုံးအႀကိမ္အမွတ္ဆုံးရႈံးမႈနဲ႔ ႀကံဳခဲ့ရတာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ရလဒ္ပိုင္းနဲ႔ပတ္သက္ၿပီးေက်နပ္ရဲ႕လားလို႔ ေမးျမန္းမႈကို ကေလာ႔ပ္ေျဖၾကားခဲ့မႈက ေမာ္ရင္ဟိုကို လည္းထိခိုက္ေစခဲ့ပါတယ္။

သူက”တစ္မွတ္ဘဲေလဗ်ာ။ အဂၤလန္ကိုက်ြန္ေတာ္ေရာက္လာၿပီးေနာက္ပိုင္း မန္ယူရဲ႕ကစားပုံကဒီအတိုင္းဘဲ။ အားလုံးကပြဲစဥ္တစ္ခုကိုေတာင္တက္ရသလိုမ်ဳိး ႀကိဳးစားၾကေပမယ္႔ တစ္သင္းကေတာ႔ ခံစစ္သာျပင္ဆင္ၿပီး ေနာက္တစ္သင္းကသာ ကစားေနရတာပါ။ က်ြန္ေတာ္တို႔ မရႈံးခဲ့ဘူးေလ။ ဒါေပမယ္႔ တစ္မွေတာ႔ရလိုက္ပါတယ္။ ေရွ႕ဆက္သြားၾကတာေပါ့” လို႔ ေျပာသြားတာျဖစ္ပါတယ္။

မန္ယူမွာ ၂၀၁၆ ကေန ၂၀၁၈ အထိတာ၀န္ယူခဲ့ဘူးတဲ႔ ေမာ္ရင္ဟိုက”အစားအေသာက္ စာရင္းကိုသူမႀကိဳက္ဘူးေလ။ သူကအသားဘဲ လိုျခင္ေပမယ္႔ ရလိုက္တာကငါးျဖစ္ေနလို႔ သူဘယ္ေပ်ာ္မလဲ။ မန္ယူဟာ အကန္႔အသတ္ေတြရွိေနလို႔ မတူညီတဲ႔ ပုံစံနဲ႔ ကစားရတာေပါ့။ ဒါေပမယ္႔ သူတို႔ဟာအၿမဲတမ္း သိပ္သည္းက်စ္လစ္ခဲ့ပါတယ္” လို႔ ေျပာသြားပါတယ္။

လီဗာပူးဟာ ပြဲစဥ္ ၈ ၿပီးတဲ႔အထိ ဒုတိယေနရာက မန္စီးတီးကို ၈ မွတ္ျဖတ္ထားႏိုင္ခဲ့ေပမယ္႔ အခုဆိုရင္ ၆ မွတ္ဘဲကြာဟေတာ႔တာပါ။ ဒါ့အျပင္ လာမယ္႔တစ္ပတ္မွာ စပါးနဲ႔ယွဥ္ၿပိဳင္ရ ဦးမယ္႔အျပင္ ႏို၀င္ဘာႏိုင္ငံတကာပြဲေတြမတိုင္ခင္မွာလည္း မန္စီးတီးနဲ႔ ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။