လန်းဆန်းနေစေဖို့အတွက် မန်စီးတီးကြယ်ပွင့်တွေကို ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုတဲ့ ဂွါဒီယိုလာ

Photo Credit

Photo Credit

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ဆောင်းရာသီပွဲဆက်ကာလမှာ ၄၆ နာရီအတွင်း ပွဲစဉ် ၂ ပွဲကစားရမှာကြောင့် ကစားသမားတွေကို အအေးခန်းထဲမှာသိုလှောင်ထားမယ်လို့ ပြောပါတယ်။

Photo Credit

ဂွါဒီယိုလာက ဒီဇင်ဘာ ၂၇ မှာဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် ကစားသမားတွေ လန်းဆန်းမှုအပြည့်ပြန်ရဖို့ တစ်ခုတည်းသောလုပ်ဆောင်ရမှာက သူတို့ကို ရေခဲသေတ္တာထဲထည့်ထားရမှာလို့ ပြောပါတယ်။

Photo Credit

ဘာလို့လဲဆိုရင် အဲဒီပွဲအပြီး နောက်၂ ရက်အကြာ ဒေသစံတော်ချိန် ညနေ ၆း၀၀ မှာရှက်ဖီးလ်အသင်းနဲ့ ထပ်မံရင်ဆိုင် ကစားရမှာကြောင့်ပါ။ ဒီအခြေအနေက ဂွါဒီယိုလာဟာအသင်းရဲ့လူစာရင်းအားလုံးကို အသုံးပြုရမယ်ဆိုတဲ့ သဘောပါပဲ။

Photo Credit

ပွဲစဉ်တွေအရ ကစားသမားတွေ အနားယူနိုင်ဖို့ ဘယ်လိုပြင်ဆင်မလဲလို့ မေးရာမှာတော့ ဂွါဒီယိုလာက “သူတို့ကို ရေခဲသေတ္တာထဲထည့်ထားလိုက်မှာပါ၊ ကျွန်တော် ဟာသပြောတာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

Photo Credit

ဆက်လက်ပြီး ဂွါဒီယိုလာက ဒဒအိမ်ကိုပြန်လိုက်မယ်၊ ရေခဲသေတ္တာကိုဖွင့်ပြီး သူတို့ကို အဲဒီထဲမှာ ၄၈ နာရီထားလိုက်မယ်၊ ပြီးရင်တော့ အီတီဟတ်ကွင်းထဲမှာ သူတို့ကိုတွေ့ရပါလိမ့်မယ်။ ကြက်ဥခေါက်ကြော်လုပ်ဖို့ ကျွန်တော် ရေခဲသေတ္တာ ဖွင့်လိုက်ချိန်မှာတော့ သူတို့နဲ့ စကားပြောဖြစ်မှာပါ၊ ဒီအခြေအနေမှာ တခြားနည်းလမ်းမရှိပါဘူး၊ တစ်စုံတစ်ခုက ကျွန်တော်တို့ရဲ့ ပထမရာသီတုန်းကလိုပဲ တူညီစွာထပ်မံ ဖြစ်ပေါ်လာတာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit

နည်းပြဂွါဒီယိုလာရဲ့ စီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၈ မှတ်အထိကွာဟနေပေမယ့် စပိန်သားကတော့ ဒါက ပြဿနာတစ်ခုမဟုတ်ပါဘူးလို့ပြောပါတယ်။

Photo Credit

ဂွါဒီယိုလာက ”ကျွန်တော် ကစားသမားတွေအတွက်ပဲအာရုံစိုက်ထားပါတယ်၊ ဒါကအရေးကြီးပါတယ်၊ လူတွေကကစားသမားတွေကို ဂရုမစိုက်ကြပါဘူး၊ ပြောချင်တာကကစားသမားတစ်ဦးကိုသူဒဏ်ရာရနေလားလို့ မေးရပါမယ်၊ အိုကေ နောက်တစ်ယောက်ရော? ကျွန်တော်တို့ ပြီးခဲ့တာတွေကိုလည်းဖြေရှင်းရမှာ ဖြစ်သလိုအနာဂတ်မှာလည်းဖြေရှင်းရဦးမှာပါ “လို့ ပြောသွားခဲ့ပါတယ်။

Photo Credit

Zawgyi

လန္းဆန္းေနေစဖုိ႔အတြက္ မန္စီးတီးၾကယ္ပြင့္ေတြကို ေရခဲေသတၱာထဲထည့္ထားမယ္ဆိုတဲ့ ဂြါဒီယိုလာ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာကေတာ့ ေဆာင္းရာသီပြဲဆက္ကာလမွာ ၄၆ နာရီအတြင္း ပြဲစဥ္ ၂ ပြဲကစားရမွာေၾကာင့္ ကစားသမားေတြကို အေအးခန္းထဲမွာသိုေလွာင္ထားမယ္လို႔ ေျပာပါတယ္။
ဂြါဒီယိုလာက ဒီဇင္ဘာ ၂၇ မွာဝုဗ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားၿပီးေနာက္ ကစားသမားေတြ လန္းဆန္းမႈအျပည့္ျပန္ရဖို႔ တစ္ခုတည္းေသာလုပ္ေဆာင္ရမွာက သူတုိ႔ကို ေရခဲေသတၱာထဲထည့္ထားရမွာလို႔ ေျပာပါတယ္။
ဘာလို႔လဲဆိုရင္ အဲဒီပဲြအၿပီး ေနာက္၂ ရက္အၾကာ ေဒသစံေတာ္ခ်ိန္ ညေန ၆း၀၀ မွာရွက္ဖီးလ္အသင္းနဲ႔ ထပ္မံရင္ဆိုင္ ကစားရမွာေၾကာင့္ပါ။ ဒီအေျခအေနက ဂြါဒီယိုလာဟာအသင္းရဲ႕လူစာရင္းအားလံုးကို အသံုးျပဳရမယ္ဆိုတဲ့ သေဘာပါပဲ။
ပြဲစဥ္ေတြအရ ကစားသမားေတြ အနားယူႏိုင္ဖုိ႔ ဘယ္လိုျပင္ဆင္မလဲလို႔ ေမးရာမွာေတာ့ ဂြါဒီယိုလာက “သူတို႔ကို ေရခဲေသတၱာထဲထည့္ထားလိုက္မွာပါ၊ ကၽြန္ေတာ္ ဟာသေျပာတာမဟုတ္ပါဘူး”လို႔ ေျပာပါတယ္။
ဆက္လက္ၿပီး ဂြါဒီယိုလာက ဒဒအိမ္ကိုျပန္လိုက္မယ္၊ ေရခဲေသတၱာကိုဖြင့္ၿပီး သူတို႔ကို အဲဒီထဲမွာ ၄၈ နာရီထားလိုက္မယ္၊ ၿပီးရင္ေတာ့ အီတီဟတ္ကြင္းထဲမွာ သူတို႔ကိုေတြ႕ရပါလိမ့္မယ္”
”ၾကက္ဥေခါက္ေၾကာ္လုပ္ဖို႔ ကၽြန္ေတာ္ ေရခဲေသတၱာ ဖြင့္လိုက္ခ်ိန္မွာေတာ့ သူတို႔နဲ႔ စကားေျပာျဖစ္မွာပါ၊ ဒီအေျခအေနမွာ တျခားနည္းလမ္းမရွိပါဘူး၊ တစ္စံုတစ္ခုက ကၽြန္ေတာ္တို႔ရဲ႕ ပထမရာသီတုန္းကလိုပဲ တူညီစြာထပ္မံ ျဖစ္ေပၚလာတာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
နည္းျပဂြါဒီယိုလာရဲ႕ စီးတီးအသင္းဟာ အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးအသင္းနဲ႔ ၈ မွတ္အထိကြာဟေနေပမယ့္ စပိန္သားကေတာ့ ဒါက ျပႆနာတစ္ခုမဟုတ္ပါဘူးလို႔ေျပာပါတယ္။
ဂြါဒီယိုလာက ”ကၽြန္ေတာ္ ကစားသမားေတြအတြက္ပဲအာ႐ံုစိုက္ထားပါတယ္၊ ဒါကအေရးႀကီးပါတယ္၊ လူေတြကကစားသမားေတြကို ဂရုမစိုက္ၾကပါဘူး၊ ေျပာခ်င္တာကကစားသမားတစ္ဦးကိုသူဒဏ္ရာရေနလားလို႔ ေမးရပါမယ္၊ အိုေက ေနာက္တစ္ေယာက္ေရာ? ကၽြန္ေတာ္တို႔ ၿပီးခဲ့တာေတြကိုလည္းေျဖရွင္းရမွာ ျဖစ္သလိုအနာဂတ္မွာလည္းေျဖရွင္းရဦးမွာပါ “လို႔ ေျပာသြားခဲ့ပါတယ္။