ပြီးခဲ့တဲ၁၂ လအတွင်း အင်စတာဂရမ်ဝင်ငွေမှာ မက်ဆီထက် စီရော်နယ်ဒို ၂ ဆကျော်ပိုရ

Photo- Internet
Photo- Internet

ဂျူ ဗင်တပ်နဲ့ ပေါ်တူဂီအသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုရဲ့ပြီးခဲ့တဲ့ ၁၂လအတွင်း အင်စတာဂရမ်စာမျက်နှာ်ထက်ပေါ်က ဝင်ငွေဟာပေါင် ၃၈.၂ သန်းတောင်ရှိခဲ့လို့ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာတိုက်စစ်မှူ း မက်ဆီထက် ၂ ဆကျော်ပိုမိုရရှိခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။

မက်ဆီဟာ ဘောလုံးကွင်းထဲမှာတော့ စီရော်နယ်ဒိုရဲ့အဓိကပြိုင်ဘက်ဖြစ်ပြီး အဲဒီပေါ်တူဂီသားထက်လည်း ပါရမီပိုမိုကြီးမားသူအဖြစ်သတ်မှတ်ခံထားရပါတယ်။ သူတို့နှစ်ယောက်ဟာပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ ဘယ်သူမှလိုက်မမီအောင် အောင်မြင်ခဲ့ကြပြီး အကောင်းဆုံးဆုတွေကိုလည်း သိမ်းပိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။

Photo- Internet

ဒါပေမယ့် ကွင်းပြင်ပမှာတော့ မက်ဆီဟာ  စီရော်နယ်ဒိုကိုမယှဉ်နိုင်ခဲ့ဘဲ အင်စတာဂရမ်ဆိုတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုတည်းကနေ သူရတဲ့ဝင်ငွေက စီရော်နယ်ဒိုထက် ၂ ဆကျော်ပိုနည်းခဲ့ပြီး ပေါင် ၁၈.၇ သန်းသာရှိခဲ့ပါတယ်။ လက်ရှိမှာ ဘောလုံးလောကအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေသေးတဲ့ ဒေးဗစ်ဘက်ဟမ်းကတော့ ပေါင် ၈.၆ သန်းသာရခဲ့တယ်လို့ သိရပါတယ်။

Photo- Internet

မန်ယူနဲ့ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူ းဟောင်းဖြစ်တဲ့ စီရော်နယ်ဒိုဟာ အသက် ၃၄ နှစ်ရှိနေပြီး ဘောလုံးသမားဘ၀ အကျဘက်ကိုရောက်နေပေမယ့်လည်း လက်ရှိမှာတော့ သူ့အရှိန်အဝါကို ဘယ်သူမှလိုက်မမီသေးဘူးဆိုတာ အင်စတာဂရမ်ဝင်ငွေက သက်သေပြနေတယ်လို့လည်း ဆိုကြပါတယ်။

Photo- Internet

သူဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း သူ့စပွန်ဆာတွေနဲ့ ပတ်သက်တဲ့ပို့စ်ပေါင်း ၃၄ ခုတင်ခဲ့ရာမှာ တစ်ခုကိုပေါင် ၇၈၀၀၀၀ အထိရရှိခဲ့တာဖြစ်ပါတယ်။ ၃၆ ခုတင်ခဲ့တဲ့ မက်ဆီကတော့ ပို့စ်တစ်ခုကို ပေါင် ၅၁၈၀၀၀ ရခဲ့ပါတယ်။ ဘက်ဟမ်းကတော့ ပို့စ်တစ်ခုကိုပေါင် ၂၈၆၀၀၀ ရခဲ့ပါတယ်။ အင်စတာဂရမ်မှာဝင်ငွေအကောင်းဆုံးကလည်း စီရော်နယ်ဒိုဘဲဖြစ်ပြီး သူ့နောက်မှာ မက်ဆီ၊ ကင်ဒဲလ်ဂျန်နာနဲ့ ဘက်ဟမ်းတို့ အစဉ်လိုက်ရပ်တည်နေကြတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

ၿပီးခဲ့တဲ၁၂ လအတြင္း အင္စတာဂရမ္၀င္ေငြမွာ မက္ဆီထက္ စီေရာ္နယ္ဒို ၂ ဆေက်ာ္ပိုရ

ဂ်ဴ ဗင္တပ္နဲ႔ ေပၚတူဂီအသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုရဲ႕ၿပီးခဲ့တဲ႔ ၁၂လအတြင္း အင္စတာဂရမ္စာမ်က္ႏွာ္ထက္ေပၚက ၀င္ေငြဟာေပါင္ ၃၈.၂ သန္းေတာင္ရွိခဲ့လို႔ သူ႔ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ႔ ဘာစီလိုနာတိုက္စစ္မွဴ း မက္ဆီထက္ ၂ ဆေက်ာ္ပိုမိုရရွိခဲ့တယ္လုိ႔ သတင္းတစ္ရပ္မွာ ေဖာ္ျပသြားခဲ့ပါတယ္။

မက္ဆီဟာ ေဘာလုံးကြင္းထဲမွာေတာ႔ စီေရာ္နယ္ဒိုရဲ႕အဓိကၿပိဳင္ဘက္ျဖစ္ၿပီး အဲဒီေပၚတူဂီသားထက္လည္း ပါရမီပိုမိုႀကီးမားသူအျဖစ္သတ္မွတ္ခံထားရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာၿပီးခဲ့တဲ႔ ၁၀ စုႏွစ္အတြင္းမွာ ဘယ္သူမွလိုက္မမီေအာင္ ေအာင္ျမင္ခဲ့ၾကၿပီး အေကာင္းဆုံးဆုေတြကိုလည္း သိမ္းပိုက္ခဲ့ၾကသူေတြျဖစ္ပါတယ္။

ဒါေပမယ္႔ ကြင္းျပင္ပမွာေတာ႔ မက္ဆီဟာ  စီေရာ္နယ္ဒိုကိုမယွဥ္ႏိုင္ခဲ့ဘဲ အင္စတာဂရမ္ဆိုတဲ႔ ဆိုရွယ္မီဒီယာ ပလက္ေဖာင္း တစ္ခုတည္းကေန သူရတဲ႔၀င္ေငြက စီေရာ္နယ္ဒိုထက္ ၂ ဆေက်ာ္ပိုနည္းခဲ့ၿပီး ေပါင္ ၁၈.၇ သန္းသာရွိခဲ့ပါတယ္။ လက္ရွိမွာ ေဘာလုံးေလာကအေပၚ လႊမ္းမိုးႏိုင္စြမ္းရွိေနေသးတဲ႔ ေဒးဗစ္ဘက္ဟမ္းကေတာ႔ ေပါင္ ၈.၆ သန္းသာရခဲ့တယ္လို႔ သိရပါတယ္။

မန္ယူနဲ႔ရီးရဲလ္မက္ဒရစ္ တိုက္စစ္မွဴ းေဟာင္းျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ အသက္ ၃၄ ႏွစ္ရွိေနၿပီး ေဘာလံုးသမားဘ၀ အက်ဘက္ကိုေရာက္ေနေပမယ္႔လည္း လက္ရွိမွာေတာ႔ သူ႔အရွိန္အ၀ါကို ဘယ္သူမွလိုက္မမီေသးဘူးဆိုတာ အင္စတာဂရမ္၀င္ေငြက သက္ေသျပေနတယ္လို႔လည္း ဆိုၾကပါတယ္။

သူဟာ ၿပီးခဲ့တဲ႔ ၁၂ လအတြင္း သူ႔စပြန္ဆာေတြနဲ႔ ပတ္သက္တဲ႔ပို႔စ္ေပါင္း ၃၄ ခုတင္ခဲ့ရာမွာ တစ္ခုကိုေပါင္ ၇၈၀၀၀၀ အထိရရွိခဲ့တာျဖစ္ပါတယ္။ ၃၆ ခုတင္ခဲ့တဲ႔ မက္ဆီကေတာ႔ ပို႔စ္တစ္ခုကို ေပါင္ ၅၁၈၀၀၀ ရခဲ့ပါတယ္။ ဘက္ဟမ္းကေတာ႔ ပို႔စ္တစ္ခုကိုေပါင္ ၂၈၆၀၀၀ ရခဲ့ပါတယ္။ အင္စတာဂရမ္မွာ၀င္ေငြအေကာင္းဆုံးကလည္း စီေရာ္နယ္ဒိုဘဲျဖစ္ၿပီး သူ႔ေနာက္မွာ မက္ဆီ၊ ကင္ဒဲလ္ဂ်န္နာနဲ႔ ဘက္ဟမ္းတို႔ အစဥ္လိုက္ရပ္တည္ေနၾကတာျဖစ္ပါတယ္။