ယူနိုက်တက်နဲ့အဝေးကွင်းပွဲမတိုင်ခင် အဲလစ်ဆန်နဲ့ မာတစ် လေ့ကျင့်ခန်းပြန်ဆင်း

Photo Credit

Photo Credit

အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေတဲ့လီဗာပူးအသင်းအတွက် သတင်းကောင်းတစ်ရပ်အဖြစ် အားထားရတဲ့ဂိုးသမား အဲလစ်ဆန်နဲ့ အဓိကနောက်ခံလူ မာတစ်တို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

Photo Credit

ဘရာဇီးလက်ရွေးစင် အဲလစ်ဆန်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် နောဝစ်ချ်ကို ၄-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အိမ်ကွင်းပွဲမှာ ဂိုးလွန်ဘောကို ကန်တင်လိုက်စဉ် မတော်တဆခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကာလရှည်အနားယူနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit

ကင်မရွန်းလက်ရွေးစင် မာတစ်ကလည်း စက်တင်ဘာလ ၂၈ရက်နေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ဝ-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသေးစားဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာကြောင့် ဆဲလ်ဘတ်၊ လက်စတာအသင်းတို့နဲ့ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့ရပါတယ်။

Photo Credit

အဲလစ်ဆန်ဟာ ၂၀၁၈ နွေရာသီက ရိုးမားအသင်းကနေ လီဗာပူးကို ရောက်ရှိလာပြီးချိန်ကတည်းက ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး နောဝစ်ချ်နဲ့ပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်ပွဲတိုင်း ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

Photo Credit

သူဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဖြစ်ခဲ့ရာမှာ စီးတီးဂိုးသမား အီဒါဆန်ကို ကျော်ဖြတ်ကာ ဦးစားပေးဂိုးသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဗိုလ်လုပွဲကလွဲလို့ ကျန်ပွဲတိုင်းမှာ ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။

Photo Credit

တစ်ချိန်တည်းမှာပဲ မာတစ်ကလည်း လီဗာပူးခံစစ်မှာ ဗန်ဒိုက်နဲ့အတူ ဦးစားပေးနောက်ခံလူအဖြစ် ဆက်တိုက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နိုင်ငံတကာပွဲမတိုင်ခင် လက်စတာကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမတိုင်ခင် အသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲဆက် ပွဲချိန်ပြည့်ကစားခွင့်ရရှိခဲ့ပါတယ်။

Photo Credit

သူတို့နှစ်သင်း နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က ဂိုးမရှိသရေကျခဲ့ပြီးနောက် ယူနိုက်တက်လည်း ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ရင်ဆိုင်နေရပြီး နည်းပြဆိုးလ်ရှားလည်း ပြင်းထန်တဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit

Zawgyi

ယူႏိုက္တက္နဲ႔အေ၀းကြင္းပဲြမတိုင္ခင္ အဲလစ္ဆန္နဲ႔ မာတစ္ ေလ့က်င့္ခန္းျပန္ဆင္း

အမွတ္ေပးဇယားထိပ္ဆုံးကေန ဦးေဆာင္ေနတဲ့လီဗာပူးအသင္းအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ အားထားရတဲ့ဂိုးသမား အဲလစ္ဆန္နဲ႔ အဓိကေနာက္ခံလူ မာတစ္တုိ႔ဟာ ၿပီးခဲ့တဲ့အဂၤါေန႔က အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဘရာဇီးလက္ေရြးစင္ အဲလစ္ဆန္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပဲြအျဖစ္ ေနာ၀စ္ခ်္ကို ၄-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့အိမ္ကြင္းပဲြမွာ ဂိုးလြန္ေဘာကို ကန္တင္လုိက္စဥ္ မေတာ္တဆေျခသလုံးႂကြက္သားဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက ကာလရွည္အနားယူေနခဲ့ရတာျဖစ္ပါတယ္။
ကင္မရြန္းလက္ေရြးစင္ မာတစ္ကလည္း စက္တင္ဘာလ ၂၈ရက္ေန႔က ရွက္ဖီးလ္ယူႏိုက္တက္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ပဲြမွာ အေသးစားဒဏ္ရာရရွိခဲ့ၿပီး အဲဒီဒဏ္ရာေၾကာင့္ ဆဲလ္ဘတ္၊ လက္စတာအသင္းတုိ႔နဲ႔ကစားခဲ့တဲ့ပဲြေတြကို လြဲေခ်ာ္ခဲ့ရပါတယ္။
အဲလစ္ဆန္ဟာ ၂၀၁၈ ေႏြရာသီက ႐ိုးမားအသင္းကေန လီဗာပူးကို ေရာက္ရွိလာၿပီးခ်ိန္ကတည္းက ကမၻာ့အေကာင္းဆုံးဂိုးသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ေနာ၀စ္ခ်္နဲ႔ပဲြမတုိင္ခင္အထိ ပရီးမီးယားလိဂ္ပဲြတုိင္း ကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။
သူဟာ ၿပီးခဲ့တ့ဲေႏြရာသီမွာလည္း လက္ေရြးစင္အသင္းနဲ႔အတူ ကုိပါအေမရိကဖလားခ်န္ပီယံျဖစ္ခ့ဲရာမွာ စီးတီးဂိုးသမား အီဒါဆန္ကို ေက်ာ္ျဖတ္ကာ ဦးစားေပးဂုိးသမားအျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့ၿပီး ဗိုလ္လုပြဲကလြဲလို႔ က်န္ပြဲတုိင္းမွာ ေပးဂိုးမရွိကစားႏိုင္ခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ မာတစ္ကလည္း လီဗာပူးခံစစ္မွာ ဗန္ဒုိက္နဲ႔အတူ ဦးစားေပးေနာက္ခံလူအျဖစ္ ဆက္တုိက္ပါ၀င္ကစားခြင့္ရရွိခဲ့ၿပီး ႏိုင္ငံတကာပြဲမတိုင္ခင္ လက္စတာကို ၂-၁ ဂိုးနဲ႔အႏုိင္ရရွိခဲ့တဲ့ပြဲမတုိင္ခင္ အသင္းအတြက္ ပရီးမီးယားလိဂ္ေနာက္ဆုံး ၆ပဲြဆက္ ပြဲခ်ိန္ျပည့္ကစားခြင့္ရရွိခဲ့ပါတယ္။
သူတုိ႔ႏွစ္သင္း ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံခဲ့စဥ္က ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ယူႏိုက္တက္လည္း ရလဒ္ဆုိးေတြနဲ႔ ေတာက္ေလွ်ာက္ရင္ဆုိင္ေနရၿပီး နည္းျပဆုိးလ္ရွားလည္း ျပင္းထန္တဲ့ဖိအားေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။