မတ်တီလောင်းစတက်ဖ် ကိုအကောင်းဆုံးဆုပေးခဲ့သူက ဘယ်သူလဲ…….

Photo- Internet
Photo- Internet

နယူးကာဆယ်က မန်ယူကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့အပြင် ခြေစွမ်းလည်းပြခဲ့တဲ့ မတ်တီလောင်းစတက်ဖ် ဟာဒီပွဲရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးဆု ကိုရရှိခဲ့ပြီး ဒီဆုကို ပွဲအပြီးမှာ သူ့အစ်ကိုဖြစ်တဲ့ ရှိန်လောင်းစတက်ဖ် ကိုယ်တိုင်ပေးအပ်သွားခဲ့တယ်လို့ သိရပါတယ်။

ရှိန်လောင်းစတက်ဖ် ဟာပြီးခဲ့တဲ့နွေရာသီက မန်ယူအသင်းရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ မန်ယူနဲ့ ပွဲမှာ ရှိန်လောင်းရော မတ်တီ ပါပွဲထွက်လူစာရင်းကနေပါဝင်လာခဲ့ပြီး နှစ်ဦးစလုံးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ကစားခဲ့တဲ့အပြင် ပထမဆုံးဂိုးပါသွင်းယူနိုင်ခဲ့တဲ့ မတ်တီက ပိုပြီးထင်ပေါ်ခဲ့တာပါ။

Photo- Internet

သူဟာပွဲချိန် ၇၂ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ညီအစ်ကိုနှစ်ယောက်စလုံးဟာ မန်ယူကိုဒုက္ခပေးနိုင်စွမ်းရှိသူတွေဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲစဉ်အလိုက်အကောင်းဆုံး ဆုကိုရရှိခဲ့ပြီး နည်းပြစတိဗ်ဘရုစ်ရဲ့စီစဉ်ပေးမှုနဲ့အတူ မတ်တီ ကိုရှိန်လောင်းက ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

သူတို့နှစ်ဦးဟာ ရှိူ လာအမီယိုဘီနဲ့ ဆမ်မီအမီယိုဘီတို့ပြီးရင် နယူးကာဆယ်တစ်သင်းတည်းမှာအတူကစားခဲ့ကြတဲ့ ညီအစ်ကိုတွေလည်းဖြစ်ခဲ့ကြပါတယ်။ အခုလိုမျိုး ပွဲဦးထွက်မှာ မန်ယူဘက်ကိုအနိုင်ဂိုးသွင်းယူဖို့ ဟာသူ့ရဲ့ခက်ခဲလှတဲ့မျှော်လင့်ချက်ဖြစ်တယ်လို့လည်း မတ်တီက ပြောသွားပါတယ်။

Photo- Internet

ပွဲမတိုင်ခင်မှာ မန်ယူဘက်ကိုအနိုင်ဂိုးသွင်းမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်ဖြစ်လာဖို့ အရမ်းကိုခက်ခဲလို့ မဖြစ်နိုင်ဘူးလို့ဘဲ ထင်ခဲ့တာလို့ မတ်တီကပြောပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးဟာ လေ့ကျင့်ရေးကွင်းမှာအမြဲတမ်းအငြင်းပွားလေ့ရှိပေမယ့် ကွင်းထဲမှာတော့ အတွဲညီတဲ့သူတွေဖြစ်တယ်လို့ ဘရုစ်ကပြောသွားပါတယ်။

Photo- Internet

Zawgyi

မတ္တီေလာင္းစတက္ဖ္ ကိုအေကာင္းဆုံးဆုေပးခဲ့သူက ဘယ္သူလဲ…….

နယူးကာဆယ္က မန္ယူကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးကို သြင္းယူခဲ့တဲ႔အျပင္ ေျခစြမ္းလည္းျပခဲ့တဲ႔ မတ္တီေလာင္းစတက္ဖ္ ဟာဒီပြဲရဲ႕ပြဲစဥ္အလိုက္အေကာင္းဆုံးဆု ကိုရရွိခဲ့ၿပီး ဒီဆုကို ပြဲအၿပီးမွာ သူ႔အစ္ကိုျဖစ္တဲ႔ ရွိန္ေလာင္းစတက္ဖ္ ကိုယ္တိုင္ေပးအပ္သြားခဲ့တယ္လို႔ သိရပါတယ္။

ရွိန္ေလာင္းစတက္ဖ္ ဟာၿပီးခဲ့တဲ႔ေႏြရာသီက မန္ယူအသင္းရဲ႕စိတ္၀င္စားျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။ မန္ယူနဲ႔ ပြဲမွာ ရွိန္ေလာင္းေရာ မတ္တီ ပါပြဲထြက္လူစာရင္းကေနပါ၀င္လာခဲ့ၿပီး ႏွစ္ဦးစလုံးေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။ ဒါေပမယ္႔ ဒီပြဲမွာ ပရီးမီးယားလိဂ္ပြဲထြက္ကစားခဲ့တဲ႔အျပင္ ပထမဆုံးဂိုးပါသြင္းယူႏိုင္ခဲ့တဲ႔ မတ္တီက ပိုၿပီးထင္ေပၚခဲ့တာပါ။

သူဟာပြဲခ်ိန္ ၇၂ မိနစ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ညီအစ္ကိုႏွစ္ေယာက္စလုံးဟာ မန္ယူကိုဒုကၡေပးႏိုင္စြမ္းရွိသူေတြျဖစ္ေၾကာင္း ျပသသြားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပြဲစဥ္အလိုက္အေကာင္းဆုံး ဆုကိုရရွိခဲ့ၿပီး နည္းျပစတိဗ္ဘရုစ္ရဲ႕စီစဥ္ေပးမႈနဲ႔အတူ မတ္တီ ကိုရွိန္ေလာင္းက ဆုေပးအပ္ခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ရွိဴ လာအမီယိုဘီနဲ႔ ဆမ္မီအမီယိုဘီတို႔ၿပီးရင္ နယူးကာဆယ္တစ္သင္းတည္းမွာအတူကစားခဲ့ၾကတဲ႔ ညီအစ္ကိုေတြလည္းျဖစ္ခဲ့ၾကပါတယ္။ အခုလိုမ်ဳိး ပြဲဦးထြက္မွာ မန္ယူဘက္ကိုအႏိုင္ဂိုးသြင္းယူဖို႔ ဟာသူ႔ရဲ႕ခက္ခဲလွတဲ႔ေမွ်ာ္လင့္ခ်က္ျဖစ္တယ္လို႔လည္း မတ္တီက ေျပာသြားပါတယ္။

ပြဲမတိုင္ခင္မွာ မန္ယူဘက္ကိုအႏိုင္ဂိုးသြင္းမယ္လို႔ ရည္ရြယ္ခဲ့ေပမယ္႔ တကယ္ျဖစ္လာဖို႔ အရမ္းကိုခက္ခဲလို႔ မျဖစ္ႏိုင္ဘူးလို႔ဘဲ ထင္ခဲ့တာလို႔ မတ္တီကေျပာပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ဦးဟာ ေလ႔က်င့္ေရးကြင္းမွာအၿမဲတမ္းအျငင္းပြားေလ႔ရွိေပမယ္႔ ကြင္းထဲမွာေတာ႔ အတြဲညီတဲ႔သူေတြျဖစ္တယ္လို႔ ဘရုစ္ကေျပာသြားပါတယ္။