ေဘာလုံးပြဲေတြကို ခ်စ္ျမတ္ႏုိးရတဲ့အေၾကာင္းေလး ေျပာခ်င္လုိ႔ပါ… အီဗရာရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၁)

Photo Credit

Photo Credit

ကၽြန္ေတာ့္မွာ ဘာမွမရွိဘူး။ ထပ္ေျပာရရင္ ကြ်န္ေတာ္တို႔မွာ ဘာမွမရွိပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ ကိုယ့္ဆီမွာ အရာအားလံုးရွိတဲ့ပံုစံမ်ိဳးနဲ႔ ရွင္သန္ေနခဲ့တာပါ။ ကြ်န္ေတာ့္ဘဝနဲ႔ပတ္သက္လို႔ လွ်ိဳ႕ဝွက္ခ်က္တစ္ခုေျပာရမယ္ဆိုရင္ အဲဒီအေၾကာင္းျဖစ္ဖို႔မ်ားပါတယ္။ ဘယ္သူမဆို ေပ်ာ္ရႊင္ႏိုင္ပါတယ္။ ၿပီးေတာ့ ဘယ္သူမဆို ခ်စ္ျမတ္ႏိုးႏိုင္ပါတယ္။ ေဘာလံုးအားကစားနည္းကိုေပါ့။ တကယ္လို႔ အဲဒီစိတ္ခံစားခ်က္သာမရွိဘူးဆိုရင္ မၾကာေသးခင္ကမွ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန အနားယူသြားတဲ့ ျပင္သစ္၊ ဂ်ဴဗင္တပ္စ္နဲ႔ ယူႏိုက္တက္ဘယ္ေနာက္ခံလူေဟာင္းတစ္ေယာက္အေနနဲ႔ ခင္ဗ်ားေရွ႕မွာ ကြ်န္ေတာ္ထိုင္ၿပီး ဒီစကားမ်ိဳး ေျပာျဖစ္မွာမဟုတ္ပါဘူး။

Photo Credit ; AP

အဲဒီစိတ္သာမရွိရင္ ကြ်န္ေတာ္ဟာ ပဲရစ္ၿမိဳ႕ရဲ႕ေဈးဆိုင္တစ္ဆိုင္အျပင္ဘက္မွာ အသားညႇပ္ေပါင္မုန္႔ ဝယ္ဖို႔ ပိုက္ဆံေတာင္းေနရေလာက္ပါတယ္။ ကြ်န္ေတာ္ေနာက္ေနတာမဟုတ္ဘူးဗ်။ ကြ်န္ေတာ္ လူလားေျမာက္ခဲ့ရတဲ့ ပဲရစ္ၿမိဳ႕ ဆင္ေျခဖံုး ရပ္ကြက္ေလးျဖစ္တဲ့ လက္စ္အူလစ္မွာ ကြ်န္ေတာ့္မိဘေတြ၊ ညီအစ္ကိုေတြ၊ အစ္မေတြနဲ႔ ေနခဲ့ရတာပါ။ မိသားစုဦးေရက စုစုေပါင္း ၂၄ ဦးအထိရွိပါတယ္။ ဒါလည္း ေနာက္တာ မဟုတ္ဘူးေနာ္။

Photo Credit

ကြ်န္ေတာ့္အေဖက သံတမန္တစ္ဦးအျဖစ္လုပ္ကိုင္ရင္း အိမ္ရဲ႕အဓိကေငြရွာသူအျဖစ္ ရပ္တည္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔မိသားစုဟာ ကြ်န္ေတာ္ေမြးဖြားခဲ့တဲ့ ဆီနီေဂါကေန ဘရက္ဆဲလ္၊ အခုေနထိုင္တဲ့ လက္စ္အူလစ္ၿမိဳ႕မွာေနခဲ့တဲ့အထိ ကြ်န္ေတာ့္အေဖရဲ႕ဝင္ေငြကိုပဲ အဓိက မွီခိုခဲ့ရတာပါ။

Photo Credit

ဒါေပမဲ့ ကြ်န္ေတာ္ဆယ္ႏွစ္သားအရြယ္ေရာက္ေတာ့ အေဖနဲ႔ အေမကြဲ သြားၾကတယ္။ အေဖက အိမ္မွာရွိတဲ့ ဆိုဖာေတြ၊ တီဗြီေတြေရာယူသြားတဲ့အျပင္ ေနာက္ဆံုး ကုလားထိုင္ပါမခ်န္ဘူး ‘မ’သြားပါတယ္။ အဲဒီတုန္းကအေျခအေနက ကြ်န္ေတာ္တို႔အတြက္ အရမ္းကိုၾကမ္းတမ္းလြန္းခဲ့ပါတယ္။ ေမြ႕ယာတစ္ခုတည္းကို ညီအစ္ကို ၃ ဦးသား မွ်သံုးခဲ့ရၿပီး ၃ ေယာက္အိပ္လို႔ရေအာင္ တစ္ေယာက္ဆိုရင္ ေအာက္ေျခမွာ ကန္႔လန္႔ျဖတ္အိပ္ခဲ့ပါတယ္။ အစားအေသာက္ေတြရလာၿပီဆိုတာနဲ႔ ကိုယ့္ေဝစု ကိုယ္စားလို႔ရေအာင္ ျမန္ျမန္ေလးအေျပးအလႊားယူခဲ့ရပါတယ္။

Photo Credit

ကြ်န္ေတာ့္အစ္ကို အစ္မအခ်ိဳ႕ကေတာ့ ဒီအေျခအေနဆိုးထဲကေန လြတ္ေျမာက္ႏိုင္ဖို႔ အလုပ္ထြက္ရွာခဲ့ေပမယ့္ ရည္းစားေတြရသြားေတာ့လည္း သူတို႔ ပါတနာေတြနဲ႔ပဲ ပါသြားခဲ့ပါတယ္။ အဆံုးသတ္မွာေတာ့ အေမရယ္၊ ကြ်န္ေတာ္ရယ္၊ ကြ်န္ေတာ့္ညီမေလးရယ္ပဲ က်န္ခဲ့ပါေတာ့တယ္။ ကြ်န္ေတာ္လမ္းေပၚေရာက္သြားတဲ့အခ်ိန္လည္းျဖစ္ပါတယ္။
လူေတြက လူဆိုးဂိုဏ္းဝင္ဆိုတဲ့ စကားလံုးသံုးၾကတာကို ကြ်န္ေတာ္မုန္းပါတယ္။ တကယ္လို႔ ကိုယ္က လက္နက္ေတြေရာင္းတဲ့ဆိုင္ေတြနဲ႔ လူသတ္မႈေတြ ခဏခဏျဖစ္ေလ့ရွိတဲ့ေနရာမွာ ႀကီးျပင္းလာခဲ့မယ္ဆိုရင္ ခင္ဗ်ားဘယ္သူလဲဆိုတာ ကြ်န္ေတာ္ဂ႐ုစိုက္မွာမဟုတ္ပါဘူး။ ခင္ဗ်ားကလည္း ကိုယ္ရွင္သန္ဖို႔အတြက္ ႀကိဳးစားမွာပဲ။ အဲဒီအတြက္ေၾကာင့္ ကြ်န္ေတာ္လည္း ရန္ပြဲေတြမၾကာခဏဆင္ႏႊဲခဲ့ရပါတယ္။ အစားအစာေတြ၊ အဝတ္အထည္ေတြနဲ႔ ေနာက္ဆံုး ဗီဒီယိုဂိမ္းေတြအထိ ကြ်န္ေတာ္ ခိုးျဖစ္ခဲ့မွာပါ။ ၿပီးေတာ့ ေဈးဆိုင္ေတြရဲ႕အျပင္ဘက္မွာထိုင္ရင္း ပိုက္ဆံလည္းေတာင္းျဖစ္ခ်င္ေတာင္းျဖစ္ခဲ့မွာပါ။

Photo Credit

”ဆရာရယ္။ ကြ်န္ေတာ့္အတြက္ ေငြစေၾကးစေလးမ်ားေပးႏိုင္မလား”လို႔လည္း ေျပာခ်င္ေျပာျဖစ္ခဲ့မွာပါ။ လူေတြကလည္း ”သြားစမ္းပါကြာ။ ပိုက္ဆံက ေကာင္းကင္ကေနက် လာတယ္လို႔မ်ား ထင္ေနသလား”လို႔ ျပန္ေျပာပါလိမ့္မယ္။ ဒါေတြက ကြ်န္ေတာ့္ငယ္ဘဝျဖစ္ရပ္ေတြပါ။ ဒါေပမဲ့ ကြ်န္ေတာ္ေပ်ာ္ရႊင္ခဲ့ပါတယ္။ အၿမဲတမ္းလည္းေပ်ာ္ခဲ့ပါတယ္။ အင္စတာဂရမ္မွာ ကြ်န္ေတာ့္ဗီဒီယိုဖိုင္ေတြကို ပရိသတ္ေတြ အမွတ္ရေနမွာလည္း သိပါတယ္။ အဲဒီထဲမွာ ေဘာလံုးပြဲေတြကို ကြ်န္ေတာ္ခ်စ္ျမတ္ႏိုးတယ္လို႔ ေျပာခဲ့ပါတယ္။ တကယ္တမ္းေတာ့ ဒီဘဝႀကီးကို ကြ်န္ေတာ္ခ်စ္ျမတ္ႏိုးတယ္ဆိုတဲ့ သေဘာမ်ိဳးပါ။ ကြ်န္ေတာ့္အေနနဲ႔ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈေတြကို တျခားလူေတြဆီမွ်ေဝေပးခ်င္တဲ့သေဘာနဲ႔ပါ။

Photo Credit

ဒါေပမဲ့ ကြ်န္ေတာ္ ႂကြယ္ဝခ်မ္းသာၿပီး ေက်ာ္ၾကားလာခ်ိန္မွာေတာ့ အဲဒီလိုမဟုတ္ပါဘူး။ ဒီလိုဘဝႀကီးမွာ ဘယ္လိုျဖစ္လို႔မ်ား ေပ်ာ္ရႊင္ေအာင္ေနထိုင္ခဲ့ရသလဲဆိုတဲ့ေမးခြန္းအတြက္ တစ္ခုတည္းေသာအေျဖက ကြ်န္ေတာ့္အေမပါ။ ကြ်န္ေတာ္တို႔သားသမီးေတြအတြက္ အေမ ဘယ္ေလာက္အထိခက္ခက္ခဲခဲပင္ပင္ပန္းပန္းရွာေဖြေကြ်းေမြးခဲ့ရသလဲဆိုတာ ကြ်န္ေတာ္တို႔ပဲသိပါတယ္။

Photo Credit

Unicode

ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရတဲ့အကြောင်းလေး ပြောချင်လို့ပါ…
အီဗရာရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၁)

ကျွန်တော့်မှာ ဘာမှမရှိဘူး။ ထပ်ပြောရရင် ကျွန်တော်တို့မှာ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ကိုယ့်ဆီမှာ အရာအားလုံးရှိတဲ့ပုံစံမျိုးနဲ့ ရှင်သန်နေခဲ့တာပါ။ ကျွန်တော့်ဘဝနဲ့ပတ်သက်လို့ လျှို့ဝှက်ချက်တစ်ခုပြောရမယ်ဆိုရင် အဲဒီအကြောင်းဖြစ်ဖို့များပါတယ်။ ဘယ်သူမဆို ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘယ်သူမဆို ချစ်မြတ်နိုးနိုင်ပါတယ်။ ဘောလုံးအားကစားနည်းကိုပေါ့။ တကယ်လို့ အဲဒီစိတ်ခံစားချက်သာမရှိဘူးဆိုရင် မကြာသေးခင်ကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားတဲ့ ပြင်သစ်၊ ဂျူဗင်တပ်စ်နဲ့ ယူနိုက်တက်ဘယ်နောက်ခံလူဟောင်းတစ်ယောက်အနေနဲ့ ခင်ဗျားရှေ့မှာ ကျွန်တော်ထိုင်ပြီး ဒီစကားမျိုး ပြောဖြစ်မှာမဟုတ်ပါဘူး။
အဲဒီစိတ်သာမရှိရင် ကျွန်တော်ဟာ ပဲရစ်မြို့ရဲ့ဈေးဆိုင်တစ်ဆိုင်အပြင်ဘက်မှာ အသားညှပ်ပေါင်မုန့် ဝယ်ဖို့ ပိုက်ဆံတောင်းနေရလောက်ပါတယ်။ ကျွန်တော်နောက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော် လူလားမြောက်ခဲ့ရတဲ့ ပဲရစ်မြို့ ဆင်ခြေဖုံး ရပ်ကွက်လေးဖြစ်တဲ့ လက်စ်အူလစ်မှာ ကျွန်တော့်မိဘတွေ၊ ညီအစ်ကိုတွေ၊ အစ်မတွေနဲ့ နေခဲ့ရတာပါ။ မိသားစုဦးရေက စုစုပေါင်း ၂၄ ဦးအထိရှိပါတယ်။ ဒါလည်း နောက်တာ မဟုတ်ဘူးနော်။
ကျွန်တော့်အဖေက သံတမန်တစ်ဦးအဖြစ်လုပ်ကိုင်ရင်း အိမ်ရဲ့အဓိကငွေရှာသူအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်တို့မိသားစုဟာ ကျွန်တော်မွေးဖွားခဲ့တဲ့ ဆီနီဂေါကနေ ဘရက်ဆဲလ်၊ အခုနေထိုင်တဲ့ လက်စ်အူလစ်မြို့မှာနေခဲ့တဲ့အထိ ကျွန်တော့်အဖေရဲ့ဝင်ငွေကိုပဲ အဓိက မှီခိုခဲ့ရတာပါ။
ဒါပေမဲ့ ကျွန်တော်ဆယ်နှစ်သားအရွယ်ရောက်တော့ အဖေနဲ့ အမေကွဲ သွားကြတယ်။ အဖေက အိမ်မှာရှိတဲ့ ဆိုဖာတွေ၊ တီဗွီတွေရောယူသွားတဲ့အပြင် နောက်ဆုံး ကုလားထိုင်ပါမချန်ဘူး ‘မ’သွားပါတယ်။ အဲဒီတုန်းကအခြေအနေက ကျွန်တော်တို့အတွက် အရမ်းကိုကြမ်းတမ်းလွန်းခဲ့ပါတယ်။
မွေ့ယာတစ်ခုတည်းကို ညီအစ်ကို ၃ ဦးသား မျှသုံးခဲ့ရပြီး ၃ ယောက်အိပ်လို့ရအောင် တစ်ယောက်ဆိုရင် အောက်ခြေမှာ ကန့်လန့်ဖြတ်အိပ်ခဲ့ပါတယ်။ အစားအသောက်တွေရလာပြီဆိုတာနဲ့ ကိုယ့်ဝေစု ကိုယ်စားလို့ရအောင် မြန်မြန်လေးအပြေးအလွှားယူခဲ့ရပါတယ်။
ကျွန်တော့်အစ်ကို အစ်မအချို့ကတော့ ဒီအခြေအနေဆိုးထဲကနေ လွတ်မြောက်နိုင်ဖို့ အလုပ်ထွက်ရှာခဲ့ပေမယ့် ရည်းစားတွေရသွားတော့လည်း သူတို့ ပါတနာတွေနဲ့ပဲ ပါသွားခဲ့ပါတယ်။ အဆုံးသတ်မှာတော့ အမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်ညီမလေးရယ်ပဲ ကျန်ခဲ့ပါတော့တယ်။ ကျွန်တော်လမ်းပေါ်ရောက်သွားတဲ့အချိန်လည်းဖြစ်ပါတယ်။
လူတွေက လူဆိုးဂိုဏ်းဝင်ဆိုတဲ့ စကားလုံးသုံးကြတာကို ကျွန်တော်မုန်းပါတယ်။ တကယ်လို့ ကိုယ်က လက်နက်တွေရောင်းတဲ့ဆိုင်တွေနဲ့ လူသတ်မှုတွေ ခဏခဏဖြစ်လေ့ရှိတဲ့နေရာမှာ ကြီးပြင်းလာခဲ့မယ်ဆိုရင် ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်ဂရုစိုက်မှာမဟုတ်ပါဘူး။ ခင်ဗျားကလည်း ကိုယ်ရှင်သန်ဖို့အတွက် ကြိုးစားမှာပဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်လည်း ရန်ပွဲတွေမကြာခဏဆင်နွှဲခဲ့ရပါတယ်။
အစားအစာတွေ၊ အဝတ်အထည်တွေနဲ့ နောက်ဆုံး ဗီဒီယိုဂိမ်းတွေအထိ ကျွန်တော် ခိုးဖြစ်ခဲ့မှာပါ။ ပြီးတော့ ဈေးဆိုင်တွေရဲ့အပြင်ဘက်မှာထိုင်ရင်း ပိုက်ဆံလည်းတောင်းဖြစ်ချင်တောင်းဖြစ်ခဲ့မှာပါ။
”ဆရာရယ်။ ကျွန်တော့်အတွက် ငွေစကြေးစလေးများပေးနိုင်မလား”လို့လည်း ပြောချင်ပြောဖြစ်ခဲ့မှာပါ။ လူတွေကလည်း ”သွားစမ်းပါကွာ။ ပိုက်ဆံက ကောင်းကင်ကနေကျ လာတယ်လို့များ ထင်နေသလား”လို့ ပြန်ပြောပါလိမ့်မယ်။ ဒါတွေက ကျွန်တော့်ငယ်ဘဝဖြစ်ရပ်တွေပါ။ ဒါပေမဲ့ ကျွန်တော်ပျော်ရွှင်ခဲ့ပါတယ်။
အမြဲတမ်းလည်းပျော်ခဲ့ပါတယ်။ အင်စတာဂရမ်မှာ ကျွန်တော့်ဗီဒီယိုဖိုင်တွေကို ပရိသတ်တွေ အမှတ်ရနေမှာလည်း သိပါတယ်။ အဲဒီထဲမှာ ဘောလုံးပွဲတွေကို ကျွန်တော်ချစ်မြတ်နိုးတယ်လို့ ပြောခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီဘဝကြီးကို ကျွန်တော်ချစ်မြတ်နိုးတယ်ဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို တခြားလူတွေဆီမျှဝေပေးချင်တဲ့သဘောနဲ့ပါ။
ဒါပေမဲ့ ကျွန်တော် ကြွယ်ဝချမ်းသာပြီး ကျော်ကြားလာချိန်မှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒီလိုဘဝကြီးမှာ ဘယ်လိုဖြစ်လို့များ ပျော်ရွှင်အောင်နေထိုင်ခဲ့ရသလဲဆိုတဲ့မေးခွန်းအတွက် တစ်ခုတည်းသောအဖြေက ကျွန်တော့်အမေပါ။ ကျွန်တော်တို့သားသမီးတွေအတွက် အမေ ဘယ်လောက်အထိခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးခဲ့ရသလဲဆိုတာ ကျွန်တော်တို့ပဲသိပါတယ်။