တစ္ပတ္လစာေပါင္ ၆၀၀၀၀၀ အထိတိုးေတာင္းလိုက္တဲ႔ ေပါ့ဂ္ဘာ

Photo- Internet
Photo- Internet

မန္ယူအသင္းမွာ သူ႔ကိုဆက္ရွိေစလိုတယ္ဆိုရင္ တစ္ပတ္ကိုေပါင္ ၆၀၀၀၀၀ အထိတိုးေပးဖို႔ ကြင္းလယ္လူေပါ့ဂ္ဘာက ေတာင္းဆိုလိုက္ပါတယ္။ သူ႔ရဲ႕လက္ရွိတစ္ပတ္လစာဟာေပါင္ ၃၀၀၀၀၀ နီးပါးျဖစ္လို႔ ၂ ဆအထိတိုးေတာင္းလိုက္တာလည္းျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္ရွိတဲ႔ ေပါ့ဂ္ဘာဟာ မန္ယူနဲ႔အနာဂတ္မေသခ်ာသူျဖစ္ၿပီး ၿပီးခဲ့တဲ႔ ေႏြရာသီကတည္းကအသင္းကေနထြက္လိုတယ္လို႔ လူသိရွင္ၾကားေျပာထားသလို သူ႔ေအးဂ်င့္ျဖစ္တဲ႔ ရြိဳင္အိုလာ ကလည္း မန္ယူကေနေပါ့ဂ္ဘာထြက္ဖို႔ လုပ္စရာရွိတာေတြကိုလုပ္ေဆာင္ေနတယ္လို႔ ေျပာခဲ့ပါေသးတယ္။အခုလိုလစာတိုးေတာင္းတာဟာ ေပါ့ဂ္ဘာအေနနဲ႔ လာမယ္႔ဇန္န၀ါရီမွာတင္ ထြက္ခြာႏိုင္ဖို႔ အသင္းအေပၚ ဖိအားေပးတာလို႔လည္း ဆိုၾကပါတယ္။

Photo- Internet

သူေတာင္းတဲ႔လစာအတိုင္းဆိုရင္ ေပါ့ဂ္ဘာရဲ႕တစ္ႏွစ္လစာဟာေပါင္သန္း ၃၀ အထိရွိလာမွာျဖစ္ပါတယ္။ သူ႔ကို ရီးရဲလ္မက္ဒရစ္အျပင္ ဂ်ဴ ဗင္တပ္ကပါစိတ္၀င္စားခဲ့ေပမယ္႔ မန္ယူဘက္ကေတာင္းဆိုတဲ႔ ေပါင္သန္း ၁၈၀ ဆိုတဲ႔တန္ေၾကးကို ေပးေခ်ႏိုင္ခဲ့ျခင္းမရွိၾကပါဘူး။

Photo- Internet

မန္ယူဟာမၾကာေသးခင္ ဂိုးသမားေဒးဗစ္ဒီဂီယာကို တစ္ပတ္လစာေပါင္ ၃၅၀၀၀၀ နဲ႔စာခ်ဳပ္သစ္ခ်ဳပ္လိုက္တာကလည္း ေပါ့ဂ္ဘာကိုလစာတိုးေတာင္းဖို႔ တြန္းအားေပးေစတဲ႔အခ်က္ျဖစ္ခဲ့တယ္လို႔ လည္းဆိုၾကပါတယ္။ သတင္းေတြအရေတာ႔ ေပါ့ဂ္ဘာဟာ သူ႔ကိုယ္သူ ဒီဂီယာထက္ပိုၿပီး လစာရရွိသင့္သူအျဖစ္မွတ္ယူေနတယ္လို႔ ေဖာ္ျပၾကပါတယ္။ ဒီဂီယာလစာတိုးရတာကို ေပါ့ဂ္ဘာက မေက်မနပ္ျဖစ္ေနၿပီး မၾကာေသးခင္က စပိန္သားဧည့္ခံတဲ႔ ညစာစားပြဲကိုလည္း သူတစ္ေယာက္တည္းသာ မတက္ခဲ့တာျဖစ္ပါတယ္။

Photo- Internet

ျပင္သစ္လက္ေရြးစင္ျဖစ္တဲ႔ ေပါ့ဂ္ဘာရဲ႕လက္ရွိစာခ်ဳပ္ဟာ သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးၿပီး သက္တမး္ကုန္ရင္လည္း မန္ယူဘက္က တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိထားပါတယ္။ သူဟာဒီရာသီမွာ မန္ယူအတြက္ပရီးမီးယားလိဂ္ ၄ ပြဲကစားၿပီး ဖန္တီးမႈ ၂ ႀကိမ္ျပဳလုပ္ေပးထားပါတယ္။

Photo- Internet

Unicode

တစ်ပတ်လစာပေါင် ၆၀၀၀၀၀ အထိတိုးတောင်းလိုက်တဲ့ ပေါ့ဂ်ဘာ
မန်ယူအသင်းမှာ သူ့ကိုဆက်ရှိစေလိုတယ်ဆိုရင် တစ်ပတ်ကိုပေါင် ၆၀၀၀၀၀ အထိတိုးပေးဖို့ ကွင်းလယ်လူပေါ့ဂ်ဘာက တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့လက်ရှိတစ်ပတ်လစာဟာပေါင် ၃၀၀၀၀၀ နီးပါးဖြစ်လို့ ၂ ဆအထိတိုးတောင်းလိုက်တာလည်းဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ ပေါ့ဂ်ဘာဟာ မန်ယူနဲ့အနာဂတ်မသေချာသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းကအသင်းကနေထွက်လိုတယ်လို့ လူသိရှင်ကြားပြောထားသလို သူ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာ ကလည်း မန်ယူကနေပေါ့ဂ်ဘာထွက်ဖို့ လုပ်စရာရှိတာတွေကိုလုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါသေးတယ်။အခုလိုလစာတိုးတောင်းတာဟာ ပေါ့ဂ်ဘာအနေနဲ့ လာမယ့်ဇန်နဝါရီမှာတင် ထွက်ခွာနိုင်ဖို့ အသင်းအပေါ် ဖိအားပေးတာလို့လည်း ဆိုကြပါတယ်။

သူတောင်းတဲ့လစာအတိုင်းဆိုရင် ပေါ့ဂ်ဘာရဲ့တစ်နှစ်လစာဟာပေါင်သန်း ၃၀ အထိရှိလာမှာဖြစ်ပါတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ်အပြင် ဂျူ ဗင်တပ်ကပါစိတ်ဝင်စားခဲ့ပေမယ့် မန်ယူဘက်ကတောင်းဆိုတဲ့ ပေါင်သန်း ၁၈၀ ဆိုတဲ့တန်ကြေးကို ပေးချေနိုင်ခဲ့ခြင်းမရှိကြပါဘူး။

မန်ယူဟာမကြာသေးခင် ဂိုးသမားဒေးဗစ်ဒီဂီယာကို တစ်ပတ်လစာပေါင် ၃၅၀၀၀၀ နဲ့စာချုပ်သစ်ချုပ်လိုက်တာကလည်း ပေါ့ဂ်ဘာကိုလစာတိုးတောင်းဖို့ တွန်းအားပေးစေတဲ့အချက်ဖြစ်ခဲ့တယ်လို့ လည်းဆိုကြပါတယ်။ သတင်းတွေအရတော့ ပေါ့ဂ်ဘာဟာ သူ့ကိုယ်သူ ဒီဂီယာထက်ပိုပြီး လစာရရှိသင့်သူအဖြစ်မှတ်ယူနေတယ်လို့ ဖော်ပြကြပါတယ်။ဒီဂီယာလစာတိုးရတာကို ပေါ့ဂ်ဘာက မကျေမနပ်ဖြစ်နေပြီး မကြာသေးခင်က စပိန်သားဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သူတစ်ယောက်တည်းသာ မတက်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ပေါ့ဂ်ဘာရဲ့လက်ရှိစာချုပ်ဟာ သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး သက်တမ်းကုန်ရင်လည်း မန်ယူဘက်က တစ်နှစ်သက်တမ်းတိုးခွင့်ရှိထားပါတယ်။ သူဟာဒီရာသီမှာ မန်ယူအတွက်ပရီးမီးယားလိဂ် ၄ ပွဲကစားပြီး ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားပါတယ်။