အင္တာက ပထမဆုံးပြဲထြက္မွာ ဟီးရိုးကေန ဇီးရိုးျဖစ္ခဲ့ၿပီး ဂ်ဴဗင္တပ္နဲ႔ပြဲကိုလြဲမယ့္ အလက္ဆစ္ဆန္းခ်က္ဇ္

photo-daily mail

photo-gettyimages

စေနညမွာ ဟီးရိုးကေန ဇီးရိုးျဖစ္ခဲ့သူကေတာ့ မန္ယူကေန အငွားသြားကစားေနတဲ့ အလက္ဆစ္ဆန္းခ်က္ဇ္ပါပဲ။ ဆမ္ဒိုးရီယားကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အဲဒီပြဲမွာ ပထမဆုံးအႀကိမ္အျဖစ္ ပြဲထြက္စာရင္းထဲပါ၀င္ႏိုင္ခဲ့ၿပီး အင္တာအတြက္ သူ႔ရဲ႕ပထမဆုံးဂိုးကိုလည္း သြင္းႏိုင္ခဲ့ေပမယ့္ ဒိုက္ဗင္ထုိးတယ္ဆိုၿပီး ႏွစ္၀ါတစ္နီနဲ႔ထုတ္ပယ္ျခင္းခံလိုက္ရပါတယ္။ ဆန္းခ်က္ဇ္ဟာ အူဒီးနိစ္၊လာဇီယိုတို႔န႔ဲပြဲေတြတုန္းက လူစား၀င္သာကစားခဲ့ရေပမယ့္ ဆမ္းဒိုးရီးယားနဲ႔အခုပြဲက်မွ ပထမဆုံးပြဲထြက္ႏိုင္ခဲ့တာပါ။

photo-gettyimages

အဲဒီခ်ီလီသားဟာ ပြဲခ်ိန္ ၂၂ မိနစ္အေရာက္မွာ ၆ ကိုက္စည္းအတြင္း လြတ္လြတ္ကၽြတ္ကၽြတ္ပိတ္သြင္းႏိုင္ခဲ့ၿပီး အင္တာမီလန္အတြက္ ဒုတိယဂိုးျဖစ္ေစခဲ့တာပါ။ မန္ယူမွာ ဂိုးရဖို႔ရုန္းကန္ခဲ့ရသေလာက္ အင္တာမွာေတာ့ ၃ ပြဲေျမာက္နဲ႔တင္ ဂိုးစတင္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ပြဲထြက္စာရင္းထဲ ပထမဆုံးပါတဲ့ပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ့တာဆိုေတာ့ သူ႔အတြက္ ဘယ္ေလာက္ေတာင္ အိပ္မက္ဆန္ခဲ့လိုက္မလဲ။ ဒါေပမ့ဲ အဲဒီအေပ်ာ္ေလးဟာ ပထမပိုင္းၿပီးခ်ိန္အထိပဲ ၾကာခဲ့လိုက္ပါတယ္။

photo-gettyimages

ပထမပို္င္းၿပီးခါနီးမွာ သူ အ၀ါထိသြားပါတယ္။ ဒုတိယပိုင္းစစခ်င္းမွာပဲ ၿပိဳင္ဘက္ပင္နယ္တီဧရိယာအတြင္ ဒိုက္ဗင္ထုိးမႈနဲ႔ သူ ေနာက္တစ္၀ါထိသြားခဲ့ၿပီး ၂ ၀ါ ၁ နီနဲ႔ အထုတ္ခံလိုက္ရတာ ျဖစ္ပါတယ္။ အဲဒီအတြက္ ဆန္းခ်က္ဇ္ဟာ အင္တာရဲ႕လာမယ့္စီးရီးေအပြဲကို လဲြေခ်ာ္မွာပါ။ ျဖစ္ခ်င္ေတာ့ လာမယ့္အပတ္စီးရီးေအမွာ အင္တာကန္ရမယ့္အသင္းက လက္ရွိခ်န္ပီယံဂ်ဴဗင္တပ္ျဖစ္ေနတယ္။ ဒီလုိပြဲမ်ိဳးကိုမွ ပါႏိုင္မယ့္အခြင့္အေရးမရိွိေတာ့ဘူးဆိုေတာ့ ဆန္းခ်က္ဇ္အတြက္ ဘယ္ေလာက္ကံဆိုးလိုက္မလဲ။ သူ႔အတြက္ အေကာင္း၊အဆုံးယွဥ္တြဲေနတဲ့ ညတစ္ညပါပဲ။

[Unicode]

စနေညမှာ ဟီးရိုးကနေ ဇီးရိုးဖြစ်ခဲ့သူကတော့ မန်ယူကနေ အငှားသွားကစားနေတဲ့ အလက်ဆစ်ဆန်းချက်ဇ်ပါပဲ။ ဆမ်ဒိုးရီယားကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်စာရင်းထဲပါဝင်နိုင်ခဲ့ပြီး အင်တာအတွက် သူ့ရဲ့ပထမဆုံးဂိုးကိုလည်း သွင်းနိုင်ခဲ့ပေမယ့် ဒိုက်ဗင်ထိုးတယ်ဆိုပြီး နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ ဆန်းချက်ဇ်ဟာ အူဒီးနိစ်၊လာဇီယိုတို့နဲ့ပွဲတွေတုန်းက လူစားဝင်သာကစားခဲ့ရပေမယ့် ဆမ်းဒိုးရီးယားနဲ့အခုပွဲကျမှ ပထမဆုံးပွဲထွက်နိုင်ခဲ့တာပါ။

အဲဒီချီလီသားဟာ ပွဲချိန် ၂၂ မိနစ်အရောက်မှာ ၆ ကိုက်စည်းအတွင်း လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းနိုင်ခဲ့ပြီး အင်တာမီလန်အတွက် ဒုတိယဂိုးဖြစ်စေခဲ့တာပါ။ မန်ယူမှာ ဂိုးရဖို့ရုန်းကန်ခဲ့ရသလောက် အင်တာမှာတော့ ၃ ပွဲမြောက်နဲ့တင် ဂိုးစတင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲထွက်စာရင်းထဲ ပထမဆုံးပါတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တာဆိုတော့ သူ့အတွက် ဘယ်လောက်တောင် အိပ်မက်ဆန်ခဲ့လိုက်မလဲ။ ဒါပေမဲ့ အဲဒီအပျော်လေးဟာ ပထမပိုင်းပြီးချိန်အထိပဲ ကြာခဲ့လိုက်ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ သူ အဝါထိသွားပါတယ်။ ဒုတိယပိုင်းစစချင်းမှာပဲ ပြိုင်ဘက်ပင်နယ်တီဧရိယာအတွင် ဒိုက်ဗင်ထိုးမှုနဲ့ သူ နောက်တစ်ဝါထိသွားခဲ့ပြီး ၂ ဝါ ၁ နီနဲ့ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီအတွက် ဆန်းချက်ဇ်ဟာ အင်တာရဲ့လာမယ့်စီးရီးအေပွဲကို လွဲချော်မှာပါ။ ဖြစ်ချင်တော့ လာမယ့်အပတ်စီးရီးအေမှာ အင်တာကန်ရမယ့်အသင်းက လက်ရှိချန်ပီယံဂျူဗင်တပ်ဖြစ်နေတယ်။ ဒီလိုပွဲမျိုးကိုမှ ပါနိုင်မယ့်အခွင့်အရေးမရှိတော့ဘူးဆိုတော့ ဆန်းချက်ဇ်အတွက် ဘယ်လောက်ကံဆိုးလိုက်မလဲ။ သူ့အတွက် အကောင်း၊အဆုံးယှဉ်တွဲနေတဲ့ ညတစ်ညပါပဲ။