လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ဒီလုိပုံစံမ်ိဳးနဲ႔ဆုိ အႏိုင္ရခဲ့တာမဟုတ္ဘူး…အသင္းရဲ႕စိတ္ဓာတ္ႀကံ့ခိုင္မႈကို ၀ီနယ္လ္ဒမ္းခ်ီးက်ဴး

Photo Credit ; Getty Images

Photo Credit

လီဗာပူးအသင္းကြင္းလယ္လူ ၀ီနယ္လ္ဒမ္းက ရွက္ဖီးလ္ယူႏုိက္တက္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ အသင္းရဲ႕စိတ္ဓာတ္ႀကံ့ခုိင္မႈကို ခ်ီးက်ဴးသြားခ့ဲၿပီး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကဆုိ ဒီလိုပဲြမ်ိဳးမွာအႏိုင္ရမွာမဟုတ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Photo Credit ; Getty Images

နည္းျပ ကေလာ့ပ္ဦးေဆာင္တဲ့လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ နီးစပ္ခဲ့ၿပီး ရာသီအဆုံးသတ္မွာ အမွတ္ေပးခ်န္ပီယံမျဖစ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ၆ႀကိမ္ေျမာက္ ခ်န္ပီယံျဖစ္လာခဲ့ပါတယ္။

Photo Credit

လီဗာပူးဟာ ဒီရာသီမွာလည္း အေကာင္းဆုံးပုံစံနဲ႔ တာထြက္ေနၿပီး ရွက္ဖီးလ္ယူႏုိက္တက္ကို အႏိုင္ရခဲ့တာက သူတုိ႔အတြက္ ပရီးမီးယားလိဂ္အဖြင့္ ၇ပြဲဆက္အႏိုင္ရရိွခဲ့တာျဖစ္ၿပီး ပြဲစဥ္ ၇အၿပီးမွာပဲ ၿပိဳင္ဘက္ေတြကို ေစာေစာစီးစီးဦးေဆာင္ႏိုင္ခဲ့ပါတယ္။

Photo Credit

လီဗာပူးဟာ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ပဲြမွာ ပုံစံေကာင္းေပ်ာက္ဆုံးေနၿပီး ၀ီနယ္လ္ဒမ္းရဲ႕အႏိုင္ဂိုးကလည္း အိမ္ရွင္ဂိုးသမား ဒင္းဟန္ဒါဆန္ရဲ႕အမွားကေန ရရွိခဲ့တာျဖစ္ေပမယ့္ ပြဲတစ္ပြဲကို ဘယ္လုိအႏိုင္ကစားရမလဲဆုိတာ သိေနတဲ့ပုံစံမ်ိဳးကစားသြားႏိုင္ခဲ့ပါတယ္။

Photo Credit

”ကၽြန္ေတာ္တုိ႔အသင္း ပြဲအစမွာ ေကာင္းေကာင္းမကစားႏုိင္ခဲ့ဘူး။ ကၽြန္ေတာ္တုိ႔အတြက္ အေကာင္းဆုံးပြဲမဟုတ္ခဲ့ေပမယ့္ အမွတ္ျပည့္ေတာ့ယူႏုိင္ခဲ့ပါတယ္။ လြန္ခဲ့တ့ဲႏွစ္အနည္းငယ္တုန္းကဆုိရင္ ဒီလိုပြဲမ်ိဳးေတြမွာ ကၽြန္ေတာ္တု႔ိအႏိုင္ရမွာမဟုတ္ပါဘူး”

Photo Credit

”ဒါက ကၽြန္ေတာ္တုိ႔အတြက္ တကယ့္ကိုအေရးပါတဲ့ ၃မွတ္ျဖစ္လာႏိုင္ပါတယ္”လုိ႔ ၀ီနယ္လ္ဒမ္းက ေျပာပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၆ပြဲဆက္အႏိုင္ရထားၿပီး ၂၀၁၇ ၾသဂုတ္လက ဒီဇင္ဘာလအထိ ၁၈ပဲြဆက္အႏိုင္နဲ႔အတူ ပရီးမီးယားလိဂ္မွာစံခ်ိန္တင္ထားတဲ့စီးတီးရဲ႕မွတ္တမ္းကို လုိက္မီဖို႔ ၂ပြဲပဲလိုပါေတာ့တယ္။

Photo Credit

Unicode

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဒီလိုပုံစံမျိုးနဲ့ဆို အနိုင်ရခဲ့တာမဟုတ်ဘူး…အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ဝီနယ်လ်ဒမ်းချီးကျူး

လီဗာပူးအသင်းကွင်းလယ်လူ ဝီနယ်လ်ဒမ်းက ရှက်ဖီးလ်ယူနိုက်တက်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို ချီးကျူးသွားခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆို ဒီလိုပွဲမျိုးမှာအနိုင်ရမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
နည်းပြ ကလော့ပ်ဦးဆောင်တဲ့လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပြီး ရာသီအဆုံးသတ်မှာ အမှတ်ပေးချန်ပီယံမဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၆ကြိမ်မြောက် ချန်ပီယံဖြစ်လာခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီမှာလည်း အကောင်းဆုံးပုံစံနဲ့ တာထွက်နေပြီး ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရခဲ့တာက သူတို့အတွက် ပရီးမီးယားလိဂ်အဖွင့် ၇ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲစဉ် ၇အပြီးမှာပဲ ပြိုင်ဘက်တွေကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။
လီဗာပူးဟာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာ ပုံစံကောင်းပျောက်ဆုံးနေပြီး ဝီနယ်လ်ဒမ်းရဲ့အနိုင်ဂိုးကလည်း အိမ်ရှင်ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့အမှားကနေ ရရှိခဲ့တာဖြစ်ပေမယ့် ပွဲတစ်ပွဲကို ဘယ်လိုအနိုင်ကစားရမလဲဆိုတာ သိနေတဲ့ပုံစံမျိုးကစားသွားနိုင်ခဲ့ပါတယ်။
”ကျွန်တော်တို့အသင်း ပွဲအစမှာ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ကျွန်တော်တို့အတွက် အကောင်းဆုံးပွဲမဟုတ်ခဲ့ပေမယ့် အမှတ်ပြည့်တော့ယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် ဒီလိုပွဲမျိုးတွေမှာ ကျွန်တော်တု့ိအနိုင်ရမှာမဟုတ်ပါဘူး”
”ဒါက ကျွန်တော်တို့အတွက် တကယ့်ကိုအရေးပါတဲ့ ၃မှတ်ဖြစ်လာနိုင်ပါတယ်”လို့ ဝီနယ်လ်ဒမ်းက ပြောပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၆ပွဲဆက်အနိုင်ရထားပြီး ၂၀၁၇ သြဂုတ်လက ဒီဇင်ဘာလအထိ ၁၈ပွဲဆက်အနိုင်နဲ့အတူ ပရီးမီးယားလိဂ်မှာစံချိန်တင်ထားတဲ့စီးတီးရဲ့မှတ်တမ်းကို လိုက်မီဖို့ ၂ပွဲပဲလိုပါတော့တယ်။