ဒီရာသီမွာ ဖလားတစ္လံုးမွ မရလည္း စိုးရိမ္စရာမရွိဘူးလုိ႔ ဂြါဒီယိုလာ အခုိင္အမာဆုိ

Photo Credit

Photo Credit ; Getty Images

စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ယခုရာသီမွာ ဖလားတစ္လုံးမွမရယူႏုိင္ခဲ့ရင္လည္း စိုးရိမ္ေနမွာမဟုတ္ေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ ၂ရာသီအတြင္း အသင္းရဲ႕စြမ္းေဆာင္ရည္က မျဖစ္ႏိုင္တာကိုျဖစ္ေအာင္လုပ္ႏုိင္ခဲ့တာလုိ႔ သတ္မွတ္ရမွာျဖစ္ေၾကာင္း အခုိင္အမာေျပာၾကားလုိက္ပါတယ္။

Photo Credit

စီးတီးဟာ ေနာဝစ္ခ်္အသင္းနဲ႔ ပြဲစဥ္တုန္းက အံ့ၾသဖြယ္ ၃-၂ ဂိုးနဲ႔ ႐ံႈးနိမ့္ခဲ့ရၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ လီဗာပူးအသင္းန႔ဲ ၅ မွတ္အထိကြာဟသြားခဲ့ပါၿပီ။ လီဗာပူးအသင္းကေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အၿပီးမွာ ၅ ပြဲစလံုးအႏိုင္ရရွိထားတာ ျဖစ္ပါတယ္။

Photo Credit

လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ၿပီးခဲ့တဲ့ ရာသီကအမွတ္ေပးဖလားခ်န္ပီယံလုဘက္ေတြ ျဖစ္ခဲ့ၾကၿပီး မန္စီးတီးအသင္းက လီဗာပူးအသင္းကို ၁ မွတ္အသာ ရမွတ္ ၉၈ မွတ္နဲ႔ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။

Photo Credit

ရမွတ္ေတြ ေလ်ာ့က်ေနတဲ့အျပင္ ေနာက္ခံလူေတြျဖစ္တဲ့ လာေပၚတီနဲ႔ ဂၽြန္စတုန္းတို႔က ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဂြါဒီယိုလာတစ္ေယာက္ ခံစစ္ပိုင္းျပႆနာေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

Photo Credit

ယမန္ေန႔ကပြဲႀကိဳအင္တာဗ်ဴးမွာေတာ့ ဂြါဒီယိုလာက ”ကၽြန္ေတာ္ တစ္ခုေျပာခ်င္ပါတယ္၊ ကၽြန္ေတာ္တို႔ ေနာက္ ၁၀ ပြဲ႐ံႈနိမ့္မွာလား၊ ေနာက္တစ္ပြဲလား ဒါမွမဟုတ္ ေနာက္ ၄ ပြဲ၊ ၅ ပြဲလား၊ ဒါကမျဖစ္ႏိုင္ပါဘူး၊ ျဖစ္လာမွာလည္းမဟုတ္ဘူး၊ ဒီအတြက္ ကၽြန္ေတ္ာမစိုးရိမ္ပါဘူး”

Photo Credit

”ကၽြန္ေတာ္ လက္ရွိယွဥ္ၿပိဳင္ရမယ့္ပြဲကိုပဲအာ႐ံုစိုက္ထားပါတယ္၊ ကၽြန္ေတ္ာတို႔ အမွတ္ေတြရဖို႔ေလ၊ ဒါေပမဲ့ လူေတြ ယံုၾကည္ေနၾကသလို ေနာဝစ္ခ်္အအသင္းဘယ္လိုကစားသြားခဲ့လဲ၊ သူတို႔ အၿမဲဒီလိုကစားမယ္ဆို ကၽြန္ေတာ္တို႔ကိုအႏိုင္ရပါလိမ့္မယ္၊ ဒီအတြက္ ကၽြန္ေတ္ာတို႔ ဘာလုပ္ရမလဲဆိုတာအေျဖရွာရမွာပါ”လို႔ ေျပာပါတယ္။

Photo Credit

ဆက္လက္ၿပီး ဂြါဒီယိုလာက ”ေဘာလံုးမွာ ၿပီးခဲ့တဲ့ရာသီကလို တူညီတဲ့ကစားသမားေတြနဲ႔ ကစားခဲ့မယ္၊ ဒီရာသီမွာေတာ့ အလုပ္မျဖစ္ခဲ့ဘူးဆိုရင္ ေနာက္ရာသီမွာလည္း မတူညီတဲ့ ျပႆနာေတြ ေပၚလာပါလိမ့္မယ္။ နည္းျပရဲ႕ပုဂၢိဳလ္ေရး ျပႆနာေတြလည္း ျဖစ္ႏိုင္တယ္”

Photo Credit

”နည္းျပကအသင္းနဲ႔ ပတ္သက္လို႔ လႊမ္းမိုးမႈအရွိဆံုးသူပဲေလ၊ ေသးငယ္တဲ့ အခ်က္ေလးတစ္ခုကအသင္းသားေတြရဲ႕စြမ္းေဆာင္ရည္ကို ႀကီးမားတ့ဲ ႐ိုက္ခတ္မႈ ျဖစ္ေစႏိုင္တယ္”

Photo Credit ; Getty Images

”အခုျဖစ္ေနတာ အဲလိုပဲေလ၊ ဒီျဖစ္ရပ္က႐ံႈးနိမ့္သြားတဲ့ ကစားပြဲတစ္ခုသပ္သပ္ပဲ။ သာမန္ပါပဲ။ ဒါမ်ိဳးက ျဖစ္ေနၾကပဲေလ၊ ၿပီးခဲ့တဲ့ ၂ ႏွစ္ကေရာ၊ ယမန္ႏွစ္ကေရာ၊ လီဗာပူးေရာ ကၽြန္ေတ္ာတို႔ေရာဘယ္လိုရလဒ္ေတြ ရခဲ့ၾကလဲ၊ ၂ သင္းစလံုး႐ံႈးနိမ့္တဲ့ပြဲေတြ ရွိခဲ့တာပဲေလ၊ အဲဒီတုန္းကေမွ်ာ္လင့္ခ်က္ဆိုတာဘယ္မွာလဲ။ ေနာက္ဆံုးေတာ့ ခ်န္ပီယံဘယ္သူျဖစ္ခဲ့လဲ။ ဒါပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

Unicode

ဒီရာသီမှာ ဖလားတစ်လုံးမှ မရလည်း စိုးရိမ်စရာမရှိဘူးလို့ ဂွါဒီယိုလာ အခိုင်အမာဆို

စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီမှာ ဖလားတစ်လုံးမှမရယူနိုင်ခဲ့ရင်လည်း စိုးရိမ်နေမှာမဟုတ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂ရာသီအတွင်း အသင်းရဲ့စွမ်းဆောင်ရည်က မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်ခဲ့တာလို့ သတ်မှတ်ရမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
စီးတီးဟာ နောဝစ်ချ်အသင်းနဲ့ ပွဲစဉ်တုန်းက အံ့သြဖွယ် ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် လီဗာပူးအသင်းနဲ့ ၅ မှတ်အထိကွာဟသွားခဲ့ပါပြီ။ လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ ၅ ပွဲစလုံးအနိုင်ရရှိထားတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့ ရာသီကအမှတ်ပေးဖလားချန်ပီယံလုဘက်တွေ ဖြစ်ခဲ့ကြပြီး မန်စီးတီးအသင်းက လီဗာပူးအသင်းကို ၁ မှတ်အသာ ရမှတ် ၉၈ မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့တာပါ။
ရမှတ်တွေ လျော့ကျနေတဲ့အပြင် နောက်ခံလူတွေဖြစ်တဲ့ လာပေါ်တီနဲ့ ဂျွန်စတုန်းတို့က ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂွါဒီယိုလာတစ်ယောက် ခံစစ်ပိုင်းပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယမန်နေ့ကပွဲကြိုအင်တာဗျူးမှာတော့ ဂွါဒီယိုလာက ”ကျွန်တော် တစ်ခုပြောချင်ပါတယ်၊ ကျွန်တော်တို့ နောက် ၁၀ ပွဲရှုံနိမ့်မှာလား၊ နောက်တစ်ပွဲလား ဒါမှမဟုတ် နောက် ၄ ပွဲ၊ ၅ ပွဲလား၊ ဒါကမဖြစ်နိုင်ပါဘူး၊ ဖြစ်လာမှာလည်းမဟုတ်ဘူး၊ ဒီအတွက် ကျွန်တေ်ာမစိုးရိမ်ပါဘူး”
”ကျွန်တော် လက်ရှိယှဉ်ပြိုင်ရမယ့်ပွဲကိုပဲအာရုံစိုက်ထားပါတယ်၊ ကျွန်တေ်ာတို့ အမှတ်တွေရဖို့လေ၊ ဒါပေမဲ့ လူတွေ ယုံကြည်နေကြသလို နောဝစ်ချ်အအသင်းဘယ်လိုကစားသွားခဲ့လဲ၊ သူတို့ အမြဲဒီလိုကစားမယ်ဆို ကျွန်တော်တို့ကိုအနိုင်ရပါလိမ့်မယ်၊ ဒီအတွက် ကျွန်တေ်ာတို့ ဘာလုပ်ရမလဲဆိုတာအဖြေရှာရမှာပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက ”ဘောလုံးမှာ ပြီးခဲ့တဲ့ရာသီကလို တူညီတဲ့ကစားသမားတွေနဲ့ ကစားခဲ့မယ်၊ ဒီရာသီမှာတော့ အလုပ်မဖြစ်ခဲ့ဘူးဆိုရင် နောက်ရာသီမှာလည်း မတူညီတဲ့ ပြဿနာတွေ ပေါ်လာပါလိမ့်မယ်။ နည်းပြရဲ့ပုဂ္ဂိုလ်ရေး ပြဿနာတွေလည်း ဖြစ်နိုင်တယ်”
”နည်းပြကအသင်းနဲ့ ပတ်သက်လို့ လွှမ်းမိုးမှုအရှိဆုံးသူပဲလေ၊ သေးငယ်တဲ့ အချက်လေးတစ်ခုကအသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေနိုင်တယ်”
”အခုဖြစ်နေတာ အဲလိုပဲလေ၊ ဒီဖြစ်ရပ်ကရှုံးနိမ့်သွားတဲ့ ကစားပွဲတစ်ခုသပ်သပ်ပဲ။ သာမန်ပါပဲ။ ဒါမျိုးက ဖြစ်နေကြပဲလေ၊ ပြီးခဲ့တဲ့ ၂ နှစ်ကရော၊ ယမန်နှစ်ကရော၊ လီဗာပူးရော ကျွန်တေ်ာတို့ရောဘယ်လိုရလဒ်တွေ ရခဲ့ကြလဲ၊ ၂ သင်းစလုံးရှုံးနိမ့်တဲ့ပွဲတွေ ရှိခဲ့တာပဲလေ၊ အဲဒီတုန်းကမျှော်လင့်ချက်ဆိုတာဘယ်မှာလဲ။ နောက်ဆုံးတော့ ချန်ပီယံဘယ်သူဖြစ်ခဲ့လဲ။ ဒါပါပဲ”လို့ ပြောသွားခဲ့ပါတယ်။