လီဗာပူးအသင္းနည္းျပအျဖစ္ အန္ဖီးလ္ကို ဂ်ရတ္ ျပန္လာလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္တဲ့ ဂၽြန္ဆင္

Photo Credit ; Getty Images

 

Photo Credit

လီဗာပူးကစားသမားေဟာင္းဂလင္းဂၽြန္ဆင္ကေတာ့ အသင္းေဖာ္ေဟာင္းစတီဗင္ဂ်ရတ္အေနနဲ႔ တစ္ေန႔မွာအသင္းေဟာင္းလီဗာပူးကို နည္းျပအျဖစ္ ကိုင္တြယ္ႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

Photo Credit

ဂ်ရတ္ဟာ လီဗာပူးစီနီယာကစားသမားအျဖစ္ အသင္းမွာ ၁၇ ႏွစ္ၾကာေပးဆပ္ကစားခဲ့သူျဖစ္တဲ့အျပင္ ၂၀၁၈ ေမလမွာ ရိန္းဂ်ားစ္အသင္းကနည္းျပအျဖစ္ ကမ္းလွမ္းျခင္းမခံရမီ လီဗာပူးလူငယ္အသင္းနည္းျပအျဖစ္လည္း အေကာင္းဆံုးကိုင္တြယ္ခဲ့ဖူးသူျဖစ္ပါတယ္။

Photo Credit

အသက္ ၃၉ ႏွစ္အရြယ္ ဂ်ရတ္ဟာ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ခဲ့တာပထမရာသီနဲ႔ ေနာက္ရာသီဝက္(၁ရာသီခြဲ)ခန္႔ရွိေနၿပီ ျဖစ္ၿပီး အသင္းရဲ႕ရလဒ္ေတြကို ေကာင္းမြန္ေအာင္ လမ္းျပေပးႏိုင္ခဲ့တာေၾကာင့္ လီဗာပူးအသင္းမွာ ၆ ႏွစ္ခန္႔ အတူကစားခဲ့ဖူးတဲ့ ေနာက္ခံလူေဟာင္း ဂၽြန္ဆင္က ယခုလိုတစ္ေန႔မွာ ဂ်ရတ္ဟာအန္ဖီးလ္ကို ျပန္လာလိမ့္မယ္လို႔ ေထာက္ခံေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

Photo Credit

ဂၽြန္ဆင္က “စတီဗင္ကတစ္ေန႔မွာ လီဗာပူးအသင္းနည္းျပျဖစ္လာပါလိမ့္မယ္၊ ဒါမွမဟုတ္ အနည္းဆံုးလီဗာပူးအသင္းရဲ႕အဖြဲ႔အစည္းမွာတစ္နည္းနည္းနဲ႔ ပါဝင္ပတ္သက္ပါလိမ့္မယ္၊ သိသိသာသာပဲစတီဗင္လည္း ဖရန္႔လမ္းပတ္ရဲ႕လမ္းစဥ္အတိုင္း လိုက္ပါလိမ့္မယ္။ အနာဂတ္မွာ သူ(စတီဗင္) ျပန္လာမယ္ဆိုတာ ကၽြန္ေတ္ာေသခ်ာေျပာရဲပါတယ္။ အခ်ိန္အတိအက်ေတာ့ မေျပာတတ္ေပမယ့္ တစ္ေန႔မွာေတာ့ ျဖစ္လာမွာပါ။ ေသခ်ာပါတယ္” လို႔ ေျပာပါတယ္။

Photo Credit

ဂ်ရတ္ရဲ႔ အဂၤလန္အသင္းေဖာ္ေဟာင္းလမ္းပတ္ကလည္း ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီမွာ တစ္ရာသီနည္းျပအျဖစ္ လုပ္ကိုင္ေဆာင္ရြက္ခဲ့ၿပီး ရလဒ္ေကာင္းေတြ ယူေဆာင္ေပးႏိုင္ခဲ့ကာ ဇူလိုင္လမွာေတာ့ အသင္းေဟာင္းခ်ဲလ္ဆီးအသင္းရဲ႕နည္းျပအျဖစ္ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

Photo Credit

လူငယ္ေတြကိုယံုၾကည္ေပးတတ္တဲ့ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းကေတာ့ လက္ရွိရာသီပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျပီးမွာ ရလဒ္ေတြကတည္ျငိမ္မႈ မရွိေသးပါဘူး။ ဒါေပမဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့ လီဗာပူးအသင္းဟာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူဖို႔ ခက္ခဲေလ့ရွိၿပီး လာမယ့္ တနဂၤေႏြေန႔မွာေတာ့ ပရီးမီးယားလိဂ္ ပြဲဲစဥ္ ၆အျဖစ္ လီဗာပူးအသင္းဟာ ခ်ဲလ္ဆီးအသင္းကို ဧည့္သည္အျဖစ္ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

Photo Credit

Unicode

လီဗာပူးအသင်းနည်းပြအဖြစ် အန်ဖီးလ်ကို ဂျရတ် ပြန်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဂျွန်ဆင်

လီဗာပူးကစားသမားဟောင်းဂလင်းဂျွန်ဆင်ကတော့ အသင်းဖော်ဟောင်းစတီဗင်ဂျရတ်အနေနဲ့ တစ်နေ့မှာအသင်းဟောင်းလီဗာပူးကို နည်းပြအဖြစ် ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂျရတ်ဟာ လီဗာပူးစီနီယာကစားသမားအဖြစ် အသင်းမှာ ၁၇ နှစ်ကြာပေးဆပ်ကစားခဲ့သူဖြစ်တဲ့အပြင် ၂၀၁၈ မေလမှာ ရိန်းဂျားစ်အသင်းကနည်းပြအဖြစ် ကမ်းလှမ်းခြင်းမခံရမီ လီဗာပူးလူငယ်အသင်းနည်းပြအဖြစ်လည်း အကောင်းဆုံးကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဂျရတ်ဟာ ရိန်းဂျားအသင်းကို ကိုင်တွယ်ခဲ့တာပထမရာသီနဲ့ နောက်ရာသီဝက်(၁ရာသီခွဲ)ခန့်ရှိနေပြီ ဖြစ်ပြီး အသင်းရဲ့ရလဒ်တွေကို ကောင်းမွန်အောင် လမ်းပြပေးနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းမှာ ၆ နှစ်ခန့် အတူကစားခဲ့ဖူးတဲ့ နောက်ခံလူဟောင်း ဂျွန်ဆင်က ယခုလိုတစ်နေ့မှာ ဂျရတ်ဟာအန်ဖီးလ်ကို ပြန်လာလိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဂျွန်ဆင်က “စတီဗင်ကတစ်နေ့မှာ လီဗာပူးအသင်းနည်းပြဖြစ်လာပါလိမ့်မယ်၊ ဒါမှမဟုတ် အနည်းဆုံးလီဗာပူးအသင်းရဲ့အဖွဲ့အစည်းမှာတစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ပါလိမ့်မယ်၊ သိသိသာသာပဲစတီဗင်လည်း ဖရန့်လမ်းပတ်ရဲ့လမ်းစဉ်အတိုင်း လိုက်ပါလိမ့်မယ်။ အနာဂတ်မှာ သူ(စတီဗင်) ပြန်လာမယ်ဆိုတာ ကျွန်တေ်ာသေချာပြောရဲပါတယ်။ အချိန်အတိအကျတော့ မပြောတတ်ပေမယ့် တစ်နေ့မှာတော့ ဖြစ်လာမှာပါ။ သေချာပါတယ်” လို့ ပြောပါတယ်။
ဂျရတ်ရဲ့ အင်္ဂလန်အသင်းဖော်ဟောင်းလမ်းပတ်ကလည်း ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီမှာ တစ်ရာသီနည်းပြအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်ခဲ့ကာ ဇူလိုင်လမှာတော့ အသင်းဟောင်းချဲလ်ဆီးအသင်းရဲ့နည်းပြအဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လူငယ်တွေကိုယုံကြည်ပေးတတ်တဲ့ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းကတော့ လက်ရှိရာသီပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ ရလဒ်တွေကတည်ငြိမ်မှု မရှိသေးပါဘူး။ ဒါပေမဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ လီဗာပူးအသင်းဟာ ချဲလ်ဆီးအသင်းကို အနိုင်ယူဖို့ ခက်ခဲလေ့ရှိပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၆အဖြစ် လီဗာပူးအသင်းဟာ ချဲလ်ဆီးအသင်းကို ဧည့်သည်အဖြစ် သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။