He’s back! ေဒါ့မြန္နဲ႔ပြဲအတြက္ ခ်န္ပီယံလိဂ္လူစာရင္းမွာ မက္ဆီ ျပန္လည္ပါ၀င္လာ

Photo Credit ; Getty Images / AFP

Photo Credit ; Getty Images / AFP

ဘာစီလုိနာအသင္းအတြက္ သတင္းေကာင္းတစ္ရပ္အျဖစ္ အသင္းေခါင္းေဆာင္မက္ဆီဟာ ႀကံ့ခုိင္မႈျပန္လည္ျပည့္၀လာၿပီးေနာက္ ေဒါ့မြန္အသင္းနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အတြက္ အသင္းလူစာရင္းမွာ ျပန္လည္ပါ၀င္လာေၾကာင္း သိရပါတယ္။

Photo Credit

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ယခုရာသီမွာ ဘာစီလုိနာအသင္းအတြက္ တစ္ပြဲမွပါ၀င္ကစားေပးႏုိင္ျခင္းမရွိေသးဘဲ စေနေန႔က ဗလန္စီယာကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲကိုပါ ဆက္လက္လြဲေခ်ာ္ခဲ့ေပမယ့္ အဂၤါေန႔မွာကစားရမယ့္ပြဲစဥ္အတြက္ အသင္းရဲ႕ ၂၂ဦးပါလူစာရင္းမွာ ပါ၀င္လာတာျဖစ္ပါတယ္။

Photo Credit

မက္ဆီဟာ ယေန႔နံနက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ၿပီးေနာက္ ေဒါ့မြန္ကြင္းမွာကစားရမယ့္ပြဲမွာ ယခုရာသီအတြင္း ပထမဆုံးပြဲအျဖစ္ ပါ၀င္ကစားဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Photo Credit ; Getty Images

ဘာစီလုိနာအသင္းနည္းျပ ဗယ္လ္ဗာဒီက Ballon d’Or ဆု ၅ႀကိမ္ရရွိထားတဲ့ မက္ဆီကို အေလာတႀကီးထုတ္သုံးမွာမဟုတ္ေပမယ့္ လက္ရွိအေျခအေနအရ မက္ဆီအေနနဲ႔ ႀကံ့ခုိင္မႈအျပည့္ရရွိဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလုိနာအတြက္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ေမလက ဗလန္စီယာကို အေရးနိမ့့္ခဲ့တဲ့ စပိန္ဘုရင့္ဖလားဗုိလ္လုပဲြမွာ ပါ၀င္ကစားခဲ့ပါတယ္။

Photo Credit

ဘာစီလုိနာအသင္းဟာ တနလၤာေန႔၊ ေန႔လယ္ခင္းမွာ ဂ်ာမနီႏိုင္ငံကို ထြက္ခြာသြားၿပီး လက္ရွိအခ်ိန္မွာ အသက္ ၁၆ႏွစ္အရြယ္ရွိ တုိက္စစ္မွဴး ဖာတီကလည္း ေျခစြမ္းျပဂိုးျမဴးေနပါတယ္။

Photo Credit

ဘာစီလုိနာကေတာ့ မက္ဆီမပါ၀င္ႏိုင္ခ်ိန္မွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး လာလီဂါပြဲစဥ္ ၄အၿပီးမွာ ၂ပြဲႏိုင္၊ ၁ပြဲသေရ၊ ၁ပြဲ႐ႈံးရလဒ္နဲ႔အတူ အမွတ္ေပးဇယားရဲ႕အဆင့္ ၅ေနရာမွာပဲ ရပ္တည္ေနရပါတယ္။

Unicode

He’s back! ဒေါ့မွန်နဲ့ပွဲအတွက် ချန်ပီယံလိဂ်လူစာရင်းမှာ မက်ဆီ ပြန်လည်ပါဝင်လာ

ဘာစီလိုနာအသင်းအတွက် သတင်းကောင်းတစ်ရပ်အဖြစ် အသင်းခေါင်းဆောင်မက်ဆီဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီးနောက် ဒေါ့မွန်အသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် တစ်ပွဲမှပါဝင်ကစားပေးနိုင်ခြင်းမရှိသေးဘဲ စနေနေ့က ဗလန်စီယာကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကိုပါ ဆက်လက်လွဲချော်ခဲ့ပေမယ့် အင်္ဂါနေ့မှာကစားရမယ့်ပွဲစဉ်အတွက် အသင်းရဲ့ ၂၂ဦးပါလူစာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။
မက်ဆီဟာ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီးနောက် ဒေါ့မွန်ကွင်းမှာကစားရမယ့်ပွဲမှာ ယခုရာသီအတွင်း ပထမဆုံးပွဲအဖြစ် ပါဝင်ကစားဖို့ မျှော်လင့်နေပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ မက်ဆီကို အလောတကြီးထုတ်သုံးမှာမဟုတ်ပေမယ့် လက်ရှိအခြေအနေအရ မက်ဆီအနေနဲ့ ကြံ့ခိုင်မှုအပြည့်ရရှိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအတွက် နောက်ဆုံးပွဲစဉ်အဖြစ် မေလက ဗလန်စီယာကို အရေးနိမ့်ခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ တနင်္လာနေ့၊ နေ့လယ်ခင်းမှာ ဂျာမနီနိုင်ငံကို ထွက်ခွာသွားပြီး လက်ရှိအချိန်မှာ အသက် ၁၆နှစ်အရွယ်ရှိ တိုက်စစ်မှူး ဖာတီကလည်း ခြေစွမ်းပြဂိုးမြူးနေပါတယ်။
ဘာစီလိုနာကတော့ မက်ဆီမပါဝင်နိုင်ချိန်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး လာလီဂါပွဲစဉ် ၄အပြီးမှာ ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့အဆင့် ၅နေရာမှာပဲ ရပ်တည်နေရပါတယ်။