အသင္းေဟာင္းလီဗာပူးကို ခ်န္ပီယံလိဂ္သတိေပးမႈလုပ္လိုက္တဲ့ ေကာ္တင္ဟို

photo-gettyimages

photo-gettyimages

ခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲခ်င္တာေၾကာင့္ ဥေရာပအဆင့္မွာ သူကစားေနတဲ့ဘိုင္ယန္ျမဴးနစ္က လီဗာပူးကို ေက်္ျဖတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေကာ္တင္ဟိုက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီဘရာဇီးကြင္းလယ္လူဟာ ဥေရာပအဆင့္ေအာင္ျမင္မႈရွာေဖြေရးအတြက္ ၂၀၁၈ ဇန္န၀ါရီလမွာ လီဗာပူးက ထြက္ခြာၿပီး ဘာစီလုိနာကို ေျပာင္းေရႊ႕ေၾကးေပါင္ ၁၄၂ သန္းနဲ႔ ေျပာင္းသြားခဲ့တာပါ။ ၁၈ လအၾကာမွာေတာ့ သူဟာ ဘာစီလိုနာမွာ ေနရာမရေတာ့ဘဲ ဘိုင္ယန္ျမဴးနစ္ဆီ တစ္ရာသီအငွားခ်ခံလိုက္ရပါတယ္။

photo-gettyimages

ေကာ္တင္ဟိုထြက္သြားတဲ့ရာသီမွာပဲ လီဗာပူးဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲေရာက္ခဲ့ၿပီး ေနာက္တစ္ရာသီမွာေတာ့ အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ ေကာ္တင္ဟိုကေတာ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈနဲ႔ ေ၀းကြာေနဆဲျဖစ္ေပမယ့္ အသင္းသစ္ဘိုင္ယန္မွာေတာ့ ေမွ်ာ္လင့္ႏိုင္ခြင့္ရွိေနကာ ဘုိင္ယန္ဟာ အဲဒီၿပိဳင္ပြဲမွာ လီဗာပူးနဲ႔ျပန္လည္ေတြ႕ဆုံႏိုင္ပါတယ္။

photo-gettyimages

မၾကာေသးခင္က ဂ်ာမန္အားကစားသတင္းစာ Sport Bild က သူ႔ရဲ႕ဒီရာသီရည္မွန္းခ်က္နဲ႔ ဥေရာပမွာ အသင္းေဟာင္းလီဗာပူးကို ေက်ာ္ျဖတ္ႏိုင္ရင္ ေပ်ာ္မွာလားလို႔ ေမးျမန္းေတာ့ ေကာ္တင္ဟိုက”ကၽြန္ေတာ္ကေတာ့ အဲဒီလို ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ့္ရဲ႕အိပ္မက္က အမွတ္ေပးၿပိဳင္ပြဲ၊ပိုကယ္ဖလားန႔ဲခ်န္ပီယံလိဂ္တို႔မွာ ဗိုလ္စြဲဖို႔ပါ။ ဘယ္အသင္းနဲ႔ပဲ ရင္ဆိုင္ေတြ႕ရေတြ႕ရ ျပသနာမရွိပါဘူး။ ကၽြန္ေတာ္က အသင္းကို ကူညီေပးခ်င္တာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ေကာ္တင္ဟိုစပါတဲ့ ၂ ပြဲစလုံးမွာ ဘုိင္ယန္ျမဴးနစ္ဟာ ႏိုင္ပြဲရခဲ့ေပမယ့္ အဲဒီဘရာဇီးသားကေတာ့ အသင္းသစ္အတြက္ ဂိုးသြင္းေပးႏိုင္ျခင္းမရွိေသးပါဘူး။

[Unicode]

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲချင်တာကြောင့် ဥရောပအဆင့်မှာ သူကစားနေတဲ့ဘိုင်ယန်မြူးနစ်က လီဗာပူးကို ကျေ်ဖြတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကော်တင်ဟိုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီဘရာဇီးကွင်းလယ်လူဟာ ဥရောပအဆင့်အောင်မြင်မှုရှာဖွေရေးအတွက် ၂၀၁၈ ဇန်နဝါရီလမှာ လီဗာပူးက ထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့ကြေးပေါင် ၁၄၂ သန်းနဲ့ ပြောင်းသွားခဲ့တာပါ။ ၁၈ လအကြာမှာတော့ သူဟာ ဘာစီလိုနာမှာ နေရာမရတော့ဘဲ ဘိုင်ယန်မြူးနစ်ဆီ တစ်ရာသီအငှားချခံလိုက်ရပါတယ်။

ကော်တင်ဟိုထွက်သွားတဲ့ရာသီမှာပဲ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲရောက်ခဲ့ပြီး နောက်တစ်ရာသီမှာတော့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ကော်တင်ဟိုကတော့ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ဝေးကွာနေဆဲဖြစ်ပေမယ့် အသင်းသစ်ဘိုင်ယန်မှာတော့ မျှော်လင့်နိုင်ခွင့်ရှိနေကာ ဘိုင်ယန်ဟာ အဲဒီပြိုင်ပွဲမှာ လီဗာပူးနဲ့ပြန်လည်တွေ့ဆုံနိုင်ပါတယ်။

မကြာသေးခင်က ဂျာမန်အားကစားသတင်းစာ Sport Bild က သူ့ရဲ့ဒီရာသီရည်မှန်းချက်နဲ့ ဥရောပမှာ အသင်းဟောင်းလီဗာပူးကို ကျော်ဖြတ်နိုင်ရင် ပျော်မှာလားလို့ မေးမြန်းတော့ ကော်တင်ဟိုက”ကျွန်တော်ကတော့ အဲဒီလို မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်က အမှတ်ပေးပြိုင်ပွဲ၊ပိုကယ်ဖလားနဲ့ချန်ပီယံလိဂ်တို့မှာ ဗိုလ်စွဲဖို့ပါ။ ဘယ်အသင်းနဲ့ပဲ ရင်ဆိုင်တွေ့ရတွေ့ရ ပြသနာမရှိပါဘူး။ ကျွန်တော်က အသင်းကို ကူညီပေးချင်တာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကော်တင်ဟိုစပါတဲ့ ၂ ပွဲစလုံးမှာ ဘိုင်ယန်မြူးနစ်ဟာ နိုင်ပွဲရခဲ့ပေမယ့် အဲဒီဘရာဇီးသားကတော့ အသင်းသစ်အတွက် ဂိုးသွင်းပေးနိုင်ခြင်းမရှိသေးပါဘူး။