စီေရာ္နယ္ဒုိရဲ႕ဂိုးသြင္းႏႈန္းကို လူကာကူ အသာေလးေက်ာ္ျဖတ္ႏုိင္တယ္…

Photo Credit: Getty Images
Photo Credit: Getty Images

ၿပီးခဲ့တဲ့ေႏြရာသီအတြင္း မန္ယူကေန အင္တာမီလန္ကိုေျပာင္းေရႊ႕လာၿပီးေနာက္ ဂိုးသြင္းေျခစြမ္းျပေနတဲ့ တုိက္စစ္မွဴးလူကာကူဟာ ဒီရာသီမွာ ၿပိဳင္ဘက္တုိက္စစ္မွဴးစီေရာ္နယ္ဒိုရဲ႕သြင္းဂိုးအေရအတြက္ကို အသာေလးေက်ာ္ျဖတ္ႏုိင္လိမ့္မယ္လုိ႔ နယ္သာလန္ကစားသမားေဟာင္း ဗန္ဒါေမဒီက သံုးသပ္ေျပာၾကားလုိက္ပါတယ္။

Photo Credit: Getty Images

အင္တာမီလန္ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူရိုသန္း 80 နဲ႔ေရာက္ရွိလာခဲ့တဲ့ လူကာကူဟာ စီးရီးေအအဖြင့္ 2 ပြဲမွာ 2 ဂိုးသြင္းယူကာေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက မန္ယူမွာရုန္းကန္ခဲ့ရေပမယ့္ အင္တာကိုေရာက္တာနဲ႔ ခ်က္ခ်င္းအထိုင္က်ကာ ေျခစြမ္းျပခဲ့တဲ့ လူကာကူရဲ႕ႀကံ့ခိုင္မႈအေျခအေနနဲ႔ ကစားပံုအရ အီတလီမွာကစားဖုိ႔ ေမြးဖြားလာသူမ်ဳိးျဖစ္ၿပီး ၿပိဳင္ဘက္ခံစစ္ေတြကိုၿဖိဳခြဲႏုိင္စြမ္းရွိသလုိ စီေရာ္နယ္ဒိုရဲ႕ဂိုးသြင္းႏႈန္းကိုပါ အသာေလးေက်ာ္ျဖတ္ႏုိင္လိမ့္မယ္လုိ႔ ဗန္ဒါေမဒီကယူဆေနပါတယ္။

Photo Credit: Getty Images

”လူကာကူက စီးရီးေအၿပိဳင္ပြဲအတြက္ ေမြးဖြားလာသလုိပါပဲ။ သူဟာ သန္မာၿပီး ဂိုးေတြအမ်ားႀကီးသြင္းႏုိင္စြမ္းရွိသလုိ ခႏၶာကုိယ္တည္ေဆာက္ပံုကလည္း သိပ္ကိုအင္အားေကာင္းလြန္းတာေၾကာင့္ အီတလီကလပ္ေတြရဲ႕ခံစစ္ေတြကို အက်ပ္အတည္းစုိက္ေစမယ့္သူပါ။ စီေရာ္နယ္ဒိုကိုေတာင္မွ အသာေလးေခ်မႈန္းႏုိင္ပါလိမ့္မယ္။ လူကာကူက အေထာင္တုိက္စစ္မွဴးစစ္စစ္ျဖစ္ၿပီး ဘယ္အခ်ိန္မွာဂိုးသြင္းရမယ္ဆုိတာကိုလည္း ေကာင္းေကာင္းသိသူျဖစ္ေပမယ့္ စီေရာ္နယ္ဒိုကေတာ့ ေတာင္ပံမွာပဲဦးစားေပးကစားေနရတာပါ”လုိ႔ အင္တာကစားသမားေဟာင္းလည္းျဖစ္တဲ့ ဗန္ဒါေမဒီကေျပာၾကားခဲ့ပါတယ္။

(Unicode)

စီရော်နယ်ဒိုရဲ့ဂိုးသွင်းနှုန်းကို လူကာကူ အသာလေးကျော်ဖြတ်နိုင်တယ်…

ပြီးခဲ့တဲ့နွေရာသီအတွင်း မန်ယူကနေ အင်တာမီလန်ကိုပြောင်းရွှေ့လာပြီးနောက် ဂိုးသွင်းခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလူကာကူဟာ ဒီရာသီမှာ ပြိုင်ဘက်တိုက်စစ်မှူးစီရော်နယ်ဒိုရဲ့သွင်းဂိုးအရေအတွက်ကို အသာလေးကျော်ဖြတ်နိုင်လိမ့်မယ်လို့ နယ်သာလန်ကစားသမားဟောင်း ဗန်ဒါမေဒီက သုံးသပ်ပြောကြားလိုက်ပါတယ်။

အင်တာမီလန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း 80 နဲ့ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ စီးရီးအေအဖွင့် 2 ပွဲမှာ 2 ဂိုးသွင်းယူကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူမှာရုန်းကန်ခဲ့ရပေမယ့် အင်တာကိုရောက်တာနဲ့ ချက်ချင်းအထိုင်ကျကာ ခြေစွမ်းပြခဲ့တဲ့ လူကာကူရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ ကစားပုံအရ အီတလီမှာကစားဖို့ မွေးဖွားလာသူမျိုးဖြစ်ပြီး ပြိုင်ဘက်ခံစစ်တွေကိုဖြိုခွဲနိုင်စွမ်းရှိသလို စီရော်နယ်ဒိုရဲ့ဂိုးသွင်းနှုန်းကိုပါ အသာလေးကျော်ဖြတ်နိုင်လိမ့်မယ်လို့ ဗန်ဒါမေဒီကယူဆနေပါတယ်။

”လူကာကူက စီးရီးအေပြိုင်ပွဲအတွက် မွေးဖွားလာသလိုပါပဲ။ သူဟာ သန်မာပြီး ဂိုးတွေအများကြီးသွင်းနိုင်စွမ်းရှိသလို ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း သိပ်ကိုအင်အားကောင်းလွန်းတာကြောင့် အီတလီကလပ်တွေရဲ့ခံစစ်တွေကို အကျပ်အတည်းစိုက်စေမယ့်သူပါ။ စီရော်နယ်ဒိုကိုတောင်မှ အသာလေးချေမှုန်းနိုင်ပါလိမ့်မယ်။ လူကာကူက အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်ပြီး ဘယ်အချိန်မှာဂိုးသွင်းရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိသူဖြစ်ပေမယ့် စီရော်နယ်ဒိုကတော့ တောင်ပံမှာပဲဦးစားပေးကစားနေရတာပါ”လို့ အင်တာကစားသမားဟောင်းလည်းဖြစ်တဲ့ ဗန်ဒါမေဒီကပြောကြားခဲ့ပါတယ်။