အဂၤလန္အသင္းမွာ ေပ်ာ္ရႊင္စြာျပန္လည္ဆံုစည္းခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီးလူငယ္ႏွစ္ဦး

Photo Credit: Getty Images
Photo Credit: Getty Images

အဂၤလန္က ဘူလ္ေဂးရီးယားကုိ 4-0 နဲ႔အႏုိင္ရခဲ့တဲ့ ၀င္ဘေလကြင္းက ယူရုိ 2020 ေျခစစ္ပြဲစဥ္ဟာ လူငယ္ကြင္းလယ္လူေမဆန္ေမာင့္အတြက္ေတာ့ ဘယ္ေတာ့မွေမ့လုိ႔မရႏုိင္မယ့္ လက္ေရြးစင္ပြဲဦးထြက္ျဖစ္ခဲ့သလုိ အဲဒီပြဲစဥ္မွာပဲ ခ်ဲလ္ဆီးလူငယ္အကယ္ဒမီတုန္းက ရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ဦးနဲ႔လည္း ပထမဆံုးအႀကိမ္ျပန္လည္ဆံုစည္းခြင့္ရခဲ့ပါတယ္။

Photo Credit: Getty Images

အသက္ 20 အရြယ္ ေမဆန္ေမာင့္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆံုးအႀကိမ္ကစားခြင့္ရခဲ့ၿပီး အေကာင္းဆံုးေျခစြမ္းျပကာ နည္းျပလမ္းပတ္ရဲ႕ဦးစားေပးကစားသမားလည္းျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္နည္းျပေဆာက္ဂိတ္က လက္ေရြးစင္အသင္းမွာ ေမဆန္ေမာင့္ကို ပထမဆံုးအႀကိမ္ေရြးခ်ယ္ခဲ့တာပါ။ ဘူလ္ေဂးရီးယားနဲ႔ပြဲမွာေတာ့ ေမဆန္ေမာင့္ဟာ ပြဲခ်ိန္ 67 မိနစ္မွာ ဟန္ဒါဆန္အစားလူစား၀င္ၿပီး ပထမဆံုးလက္ေရြးစင္ပြဲဦးထြက္ျဖစ္ခဲ့သလုိ ခ်ဲလ္ဆီးအကယ္ဒမီတုန္းက သူငယ္ခ်င္းေဟာင္းျဖစ္တဲ့ ကြင္းလယ္လူဒီကလန္ရိုက္စ္နဲ႔လည္း ျပန္လည္တြဲကစားခြင့္ရရွိခဲ့ပါတယ္။

Photo Credit: Getty Images

အသက္ 20 အရြယ္ ဒီကန္ရိုက္စ္ဟာ ၀က္စ္ဟမ္းအကယ္ဒမီကေန စီနီယာကစားသမားျဖစ္လာခဲ့တယ္ဆုိေပမယ့္ အသက္ 7 ႏွစ္အရြယ္ျဖစ္တဲ့ 2006 ခုႏွစ္က ခ်ဲလ္ဆီးအကယ္ဒမီကို စတင္ေရာက္ရွိခဲ့သူျဖစ္ၿပီး 2014 ေရာက္မွသာ လန္ဒန္ဒါဘီကလပ္ ၀က္စ္ဟမ္းအကယ္ဒမီကိုေျပာင္းေရႊ႕သြားခဲ့တာပါ။ ေမဆန္ေမာင့္ကလည္း ခ်ဲလ္ဆီးအကယ္ဒမီကို 2005 ခုႏွစ္ကတည္းကေရာက္ရွိေနခဲ့တာျဖစ္ၿပီး သက္တူရြယ္တူျဖစ္တဲ့ သူတုိ႔ႏွစ္ဦးဟာ ခ်ဲလ္ဆီးအကယ္ဒမီကစားသမားဘ၀က ကြင္းလယ္မွာ အတူတြဲကစားခဲ့သူေတြျဖစ္ၿပီး ရင္းႏွီးတဲ့ဆက္ဆံေရးလည္းရွိခဲ့ပါတယ္။

Photo Credit: Getty Images

ဒါေၾကာင့္လည္း ဘူလ္ေဂးရီးယားန႔ဲပြဲစဥ္အၿပီးမွာ ေမဆန္ေမာင့္က ဒီကန္ရိုက္စ္နဲ႔ငယ္ဘ၀တုန္းက ခ်ဲလ္ဆီးအကယ္ဒမီမွာတြဲရိုက္ထားတဲ့ဓာတ္ပံုနဲ႔အတူ ဘူလ္ေဂးရီးယားနဲ႔ပြဲက ႏွစ္ဦးသားတြဲရိုက္ထားတဲ့ဓာတ္ပံုကိုပါ Instagram မွာတင္ထားၿပီး ေနာက္ထပ္ပြဲေပါင္းမ်ားစြာအတူတြဲကစားခြင့္ရဲ႕ အစျဖစ္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ေရးသားထားခဲ့ပါတယ္။ ဒီကလန္ရိုက္စ္ကေတာ့ မတ္လ 22 ရက္က ခ်က္နဲ႔ပြဲစဥ္မွာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး စုစုေပါင္း 5 ပြဲပါ၀င္ကစားေပးထားပါတယ္။ အဂၤလန္နည္းျပေဆာက္ဂိတ္ဟာ သူ႕လက္ထက္မွာ ေမဆန္ေမာင့္အျပင္ လက္ရွိခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ ေလာ့ဖ္တပ္စ္ခ်ိခ္၊ ေအဘရာဟမ္နဲ႔ အိုဒြိဳင္းတုိ႔ကိုလည္း ပထမဆံုးလက္ေရြးစင္ပြဲဦးထြက္ကစားခြင့္ျပဳခဲ့ေသးတယ္လုိ႔ သိရပါတယ္။

(Unicode)

အင်္ဂလန်အသင်းမှာ ပျော်ရွှင်စွာပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ချဲလ်ဆီးလူငယ်နှစ်ဦး

အင်္ဂလန်က ဘူလ်ဂေးရီးယားကို 4-0 နဲ့အနိုင်ရခဲ့တဲ့ ဝင်ဘလေကွင်းက ယူရို 2020 ခြေစစ်ပွဲစဉ်ဟာ လူငယ်ကွင်းလယ်လူမေဆန်မောင့်အတွက်တော့ ဘယ်တော့မှမေ့လို့မရနိုင်မယ့် လက်ရွေးစင်ပွဲဦးထွက်ဖြစ်ခဲ့သလို အဲဒီပွဲစဉ်မှာပဲ ချဲလ်ဆီးလူငယ်အကယ်ဒမီတုန်းက ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦးနဲ့လည်း ပထမဆုံးအကြိမ်ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။

အသက် 20 အရွယ် မေဆန်မောင့်ဟာ ဒီရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်ကစားခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ နည်းပြလမ်းပတ်ရဲ့ဦးစားပေးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်နည်းပြဆောက်ဂိတ်က လက်ရွေးစင်အသင်းမှာ မေဆန်မောင့်ကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့တာပါ။ ဘူလ်ဂေးရီးယားနဲ့ပွဲမှာတော့ မေဆန်မောင့်ဟာ ပွဲချိန် 67 မိနစ်မှာ ဟန်ဒါဆန်အစားလူစားဝင်ပြီး ပထမဆုံးလက်ရွေးစင်ပွဲဦးထွက်ဖြစ်ခဲ့သလို ချဲလ်ဆီးအကယ်ဒမီတုန်းက သူငယ်ချင်းဟောင်းဖြစ်တဲ့ ကွင်းလယ်လူဒီကလန်ရိုက်စ်နဲ့လည်း ပြန်လည်တွဲကစားခွင့်ရရှိခဲ့ပါတယ်

အသက် 20 အရွယ် ဒီကန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအကယ်ဒမီကနေ စီနီယာကစားသမားဖြစ်လာခဲ့တယ်ဆိုပေမယ့် အသက် 7 နှစ်အရွယ်ဖြစ်တဲ့ 2006 ခုနှစ်က ချဲလ်ဆီးအကယ်ဒမီကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး 2014 ရောက်မှသာ လန်ဒန်ဒါဘီကလပ် ဝက်စ်ဟမ်းအကယ်ဒမီကိုပြောင်းရွှေ့သွားခဲ့တာပါ။ မေဆန်မောင့်ကလည်း ချဲလ်ဆီးအကယ်ဒမီကို 2005 ခုနှစ်ကတည်းကရောက်ရှိနေခဲ့တာဖြစ်ပြီး သက်တူရွယ်တူဖြစ်တဲ့ သူတို့နှစ်ဦးဟာ ချဲလ်ဆီးအကယ်ဒမီကစားသမားဘဝက ကွင်းလယ်မှာ အတူတွဲကစားခဲ့သူတွေဖြစ်ပြီး ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်အပြီးမှာ မေဆန်မောင့်က ဒီကန်ရိုက်စ်နဲ့ငယ်ဘဝတုန်းက ချဲလ်ဆီးအကယ်ဒမီမှာတွဲရိုက်ထားတဲ့ဓာတ်ပုံနဲ့အတူ ဘူလ်ဂေးရီးယားနဲ့ပွဲက နှစ်ဦးသားတွဲရိုက်ထားတဲ့ဓာတ်ပုံကိုပါ Instagram မှာတင်ထားပြီး နောက်ထပ်ပွဲပေါင်းများစွာအတူတွဲကစားခွင့်ရဲ့ အစဖြစ်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ရေးသားထားခဲ့ပါတယ်။ ဒီကလန်ရိုက်စ်ကတော့ မတ်လ 22 ရက်က ချက်နဲ့ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး စုစုပေါင်း 5 ပွဲပါဝင်ကစားပေးထားပါတယ်။ အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ သူ့လက်ထက်မှာ မေဆန်မောင့်အပြင် လက်ရှိချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်၊ အေဘရာဟမ်နဲ့ အိုဒွိုင်းတို့ကိုလည်း ပထမဆုံးလက်ရွေးစင်ပွဲဦးထွက်ကစားခွင့်ပြုခဲ့သေးတယ်လို့ သိရပါတယ်။